HomeEntertainmentTekashi 69 ကို သစၥာေဖာက္ဆိုၿပီး စကားနာထိုးလိုက္တဲ့ Snoop Dog

Tekashi 69 ကို သစၥာေဖာက္ဆိုၿပီး စကားနာထိုးလိုက္တဲ့ Snoop Dog

- Advertisement -

Hollywood က Hip Hop အဖြဲ႔အစည္းႀကီးတစ္ခုလံုးက တက္သစ္စ Rapper တစ္ဦးျဖစ္တဲ့ Tekashi 69 ကို သစၥာေဖာက္ျဖစ္တယ္လို႔ ေဒါသတႀကီးေျပာဆိုေဝဖန္ခဲ့ၾကပါတယ္။ Tekashi 6ix9ine ဟာ ၂၀၁၇ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ “Nine Grey Gangsta Bloods” ဂိုဏ္းဝင္တစ္ဦးျဖစ္ခဲ့ေၾကာင္းကို လူထုကသတိထားမိသြားခ်ိန္မွာ အမွန္တိုင္းဝန္ခံၿပီး ဂိုဏ္းအေၾကာင္းေတြကို ေဖာ္ေကာင္လုပ္လိုက္တဲ့အတြက္ Tekashi ကို အျပင္းအထန္ေဝဖန္ၾကျခင္းျဖစ္ပါတယ္။

Snoop Dog  က ၂၀၀၄ ခုႏွစ္က Martha Stewart ရင္ဆိုင္ခဲ့ရတဲ့ တရားဥပေဒဆိုင္ရာအမႈတစ္ခုအေၾကာင္းကို ျပန္လည္အစေဖာ္ၿပီး Martha ရဲ႕အမႈကိုရင္ဆိုင္ေျဖရွင္းပံုနဲ႔ Tekashi ရဲ႕ အမႈကိုရင္ဆိုင္ေျဖရွင္းတဲ့အခါမွာ ကိုယ္လြတ္႐ုန္းႏိုင္ဖို႔အတြက္ အလုပ္တြဲလုပ္ခဲ့ဖူးတဲ့သူေတြအေပၚ သစၥာေဖာက္ပံုကို ႏႈိင္းယွဥ္ေျပာဆိုၿပီး Martha ကို ခ်ီးက်ဴးစကားဆိုခဲ့တာပဲျဖစ္ပါတယ္။ Martha ဟာ ထိုအမႈကိုရင္ဆိုင္ေနစဥ္အတြင္း သူနဲ႔အတူတူ အလုပ္တြဲလုပ္ခဲ့ဖူးသည့္ လူေတြရဲ႕အျပစ္ေတြကို ေဖာ္ေကာင္လုပ္သြားျခင္းမရွိဘဲ သူ႔ရဲ႕လုပ္ရပ္အတြက္ သူကိုယ္တိုင္တာဝန္ယူၿပီး ရင္ဆုိင္ေျဖရွင္းခဲ့တဲ့ မိန္းမသူရဲေကာင္းတစ္ဦးျဖစ္ေၾကာင္း ခ်ီးက်ဴးေျပာဆိုထားတာပဲျဖစ္ပါတယ္။

- Advertisement -

- Advertisement -

6ix9ine ဟာ ၄၇ႏွစ္ၾကာေထာင္ဒဏ္ကို လြတ္ေျမာက္ဖို႔အတြက္ ဂိုဏ္းဝင္ေတြက်ဴးလြန္ခဲ့တဲ့ အျပစ္ေတြကို  ေဖာ္ေကာင္လုပ္ခဲ့တာပဲျဖစ္ပါတယ္။ 6ix9ine ဘက္ကၾကည့္ရင္ေတာ့ သူလြတ္ေျမာက္ဖို႔အတြက္ သူ႔မွာႀကိဳးစားခြင့္ရွိတယ္ဆိုေပမယ့္လည္း အလုပ္သေဘာအရ ေစာင့္ထိန္းရမယ့္ က်င့္ဝတ္ေတြကို  ေဖာက္ဖ်က္ၿပီး ေဖာ္ေကာင္လုပ္လိုက္တာဟာ အေတာ္ေလးကို ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားခဲ့ပါတယ္။

သူဒီလိုမ်ိဳးလုပ္လိုက္တာေၾကာင့္ ေထာင္ဒဏ္ကင္းလြတ္ခြင့္ရၿပီး တရားဥပေဒခ်ဳပ္ထိန္းမႈေအာက္ကေန လြတ္လပ္စြာရွင္သန္ခြင့္ ရေကာင္းရႏိုင္ေသာ္လည္း ဂိုဏ္းဝင္ေတြရဲ႕တံု႔ျပန္မႈကိုေတာ့ သူဆက္လက္ခံစားရဦးမွာပဲ ျဖစ္တယ္လို႔ ထင္ေၾကးေပးၾကသူေတြလည္း ရွိလာခဲ့ပါတယ္။

Tekashi 6ix9ine ရဲ႕ က်င့္ဝတ္မဲ့လုပ္ရပ္ကိုေတာ့ Hip Hop အဖြဲ႔အစည္းက လက္မခံတာကေတာ့ Snoop ရဲ႕ တံု႔ျပန္မႈကိုၾကည့္ျခင္းအားျဖင့္ သိႏိုင္ပါတယ္။

<Zawgyi Version>

 

Source ~ Ladbible

#SY(Soshwe)

- Advertisement -

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

Hollywood က Hip Hop အဖွဲ့အစည်းကြီးတစ်ခုလုံးက တက်သစ်စ Rapper တစ်ဦးဖြစ်တဲ့ Tekashi 69 ကို သစ္စာဖောက်ဖြစ်တယ်လို့ ဒေါသတကြီးပြောဆိုဝေဖန်ခဲ့ကြပါတယ်။ Tekashi 6ix9ine ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ “Nine Grey Gangsta Bloods” ဂိုဏ်းဝင်တစ်ဦးဖြစ်ခဲ့ကြောင်းကို လူထုကသတိထားမိသွားချိန်မှာ အမှန်တိုင်းဝန်ခံပြီး ဂိုဏ်းအကြောင်းတွေကို ဖော်ကောင်လုပ်လိုက်တဲ့အတွက် Tekashi ကို အပြင်းအထန်ဝေဖန်ကြခြင်းဖြစ်ပါတယ်။

Snoop Dog  က ၂၀၀၄ ခုနှစ်က Martha Stewart ရင်ဆိုင်ခဲ့ရတဲ့ တရားဥပဒေဆိုင်ရာအမှုတစ်ခုအကြောင်းကို ပြန်လည်အစဖော်ပြီး Martha ရဲ့အမှုကိုရင်ဆိုင်ဖြေရှင်းပုံနဲ့ Tekashi ရဲ့ အမှုကိုရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ ကိုယ်လွတ်ရုန်းနိုင်ဖို့အတွက် အလုပ်တွဲလုပ်ခဲ့ဖူးတဲ့သူတွေအပေါ် သစ္စာဖောက်ပုံကို နှိုင်းယှဉ်ပြောဆိုပြီး Martha ကို ချီးကျူးစကားဆိုခဲ့တာပဲဖြစ်ပါတယ်။ Martha ဟာ ထိုအမှုကိုရင်ဆိုင်နေစဉ်အတွင်း သူနဲ့အတူတူ အလုပ်တွဲလုပ်ခဲ့ဖူးသည့် လူတွေရဲ့အပြစ်တွေကို ဖော်ကောင်လုပ်သွားခြင်းမရှိဘဲ သူ့ရဲ့လုပ်ရပ်အတွက် သူကိုယ်တိုင်တာဝန်ယူပြီး ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ မိန်းမသူရဲကောင်းတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောဆိုထားတာပဲဖြစ်ပါတယ်။

6ix9ine ဟာ ၄ရနှစ်ကြာထောင်ဒဏ်ကို လွတ်မြောက်ဖို့အတွက် ဂိုဏ်းဝင်တွေကျူးလွန်ခဲ့တဲ့ အပြစ်တွေကို  ဖော်ကောင်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ 6ix9ine ဘက်ကကြည့်ရင်တော့ သူလွတ်မြောက်ဖို့အတွက် သူ့မှာကြိုးစားခွင့်ရှိတယ်ဆိုပေမယ့်လည်း အလုပ်သဘောအရ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို  ဖောက်ဖျက်ပြီး ဖော်ကောင်လုပ်လိုက်တာဟာ အတော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့ပါတယ်။

သူဒီလိုမျိုးလုပ်လိုက်တာကြောင့် ထောင်ဒဏ်ကင်းလွတ်ခွင့်ရပြီး တရားဥပဒေချုပ်ထိန်းမှုအောက်ကနေ လွတ်လပ်စွာရှင်သန်ခွင့် ရကောင်းရနိုင်သော်လည်း ဂိုဏ်းဝင်တွေရဲ့တုံ့ပြန်မှုကိုတော့ သူဆက်လက်ခံစားရဦးမှာပဲ ဖြစ်တယ်လို့ ထင်ကြေးပေးကြသူတွေလည်း ရှိလာခဲ့ပါတယ်။

Tekashi 6ix9ine ရဲ့ ကျင့်ဝတ်မဲ့လုပ်ရပ်ကိုတော့ Hip Hop အဖွဲ့အစည်းက လက်မခံတာကတော့ Snoop ရဲ့ တုံ့ပြန်မှုကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

<Unicode Version>

 

Source ~ Ladbible

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eleven + six =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...