HomeSportNike ကုမၸဏီနဲ႔ တန္ဖိုးႀကီးမားသည့္ ဝတ္စံုစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆုိၿပီး ပရီးမီးယားလီးဂ္ရဲ႕ ေစ်းအႀကီးဆုံးျဖစ္လာႏိုင္ေခ်ရွိတ့ဲအသင္း။

Nike ကုမၸဏီနဲ႔ တန္ဖိုးႀကီးမားသည့္ ဝတ္စံုစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆုိၿပီး ပရီးမီးယားလီးဂ္ရဲ႕ ေစ်းအႀကီးဆုံးျဖစ္လာႏိုင္ေခ်ရွိတ့ဲအသင္း။

- Advertisement -

အဂၤလန္ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအသင္းသည္ သူတုိ႔ရဲ႕ ဝတ္စံုစပြန္ဆာအတြက္ ကမာၻေက်ာ္ကုမၸဏီတစ္ခုျဖစ္သည့္ Nike နဲ႔ တန္ေၾကးျမင့္မားသည့္ စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆုိေတာ့မွာျဖစ္ေၾကာင္း သိရွိရပါတယ္။ လီဗာပူးအသင္းရဲ႕ ဝတ္စံုမ်ားကို လက္ရွိအခ်ိန္၌ စပြန္ဆာေပးထားသည့္ New Balance သည္ အသင္းနဲ႔ (၄) ႏွစ္တာ လက္တြဲခ့ဲၿပီးျဖစ္ၿပီး လာမည့္ ေဘာလံုးရာသီအသစ္၌ လီဗာပူးအသင္းအေနနဲ႔ Nike နဲ႔ လက္တြဲဖြယ္ရွိေနၿပီျဖစ္ပါတယ္။

New Balance နဲ႔ လီဗာပူးအသင္းတို႔သည္ တစ္ႏွစ္လွ်င္ ေပါင္ (၄၅) သန္းတန္သည့္ ဝတ္စံုစပြန္ဆာ စာခ်ဳပ္ကုိ ခ်ဳပ္ဆိုထားျခင္းျဖစ္ၿပီး အကယ္၍သာ Nike နဲ႔ စာခ်ဳပ္ခ်ဳပ္ျဖစ္ခ့ဲမယ္ဆုိပါက လီဗာပူးအသင္းအေနနဲ႔ ယူႏုိက္တက္၊ ဘာစီလိုနာ၊ ရီးရဲယ္မက္ဒရစ္တို႔နည္းတူ ဝတ္စံုစပြန္ဆာေၾကးအမ်ားဆံုးရရွိသည့္ အသင္းမ်ားစာရင္းထဲ၌ ထိပ္တန္းအဆင့္သုိ႔ ေရာက္ရွိလာမည္ျဖစ္ပါတယ္။ New Balance ဘက္ကမူ လာမည့္ ေဘာလံုးရာသီအထိ လီဗာပူးအသင္းရဲ႕ ဝတ္စံုမ်ားကို ဆက္လက္စပြန္ဆာေပးသြားမည္ဟု ဆုိထားေသာ္လည္း လီဗာပူးအသင္းနဲ႔ Nike တို႔ရဲ႕ သတင္းမ်ားကို ထိန္းခ်ဳပ္ႏုိင္ျခင္းမရွိေသးတာလည္း  ျဖစ္ပါတယ္။

ရီးရဲယ္မက္ဒရစ္အသင္းသည္ ဝတ္စံုစပြန္ဆာအတြက္ Adidas ထံမွ တစ္ႏွစ္လွ်င္ဝင္ေငြ ေပါင္သန္း (၁၁၀) ရရွိေနၿပီး ဘာစီလိုနာအသင္းနဲ႔ Nike တုိ႔ၾကား စပြန္ဆာစာခ်ဳပ္ကလည္း တစ္ႏွစ္လွ်င္ ေပါင္သန္း (၁၀၀) တန္ေၾကးရွိတယ္လို႔ သိရွိရပါတယ္။ ယူႏိုက္တက္အသင္းကလည္း ၿပီးခ့ဲသည့္ (၂၀၁၄) ခုႏွစ္က Adidas နဲ႔ ခ်ဳပ္ဆိုခ့ဲသည့္ စာခ်ဳပ္အရ (၁၀) ႏွစ္စာ ဝတ္စံုစပြန္ဆာစာခ်ဳပ္အတြက္ ေပါင္သန္း (၇၅၀) ကို ရရွိသြားမွာျဖစ္တာေၾကာင့္ ခ်န္ပီယံလိဂ္ရဲ႕ လက္ရွိခ်န္ပီယံအသင္းတစ္သင္းအေနနဲ႔ သူတို႔ရဲ႕ ဝတ္စံုစပြန္ဆာ စာခ်ဳပ္တန္ဖိုးကုိ ျပည္တြင္း၌ တတ္ႏုိင္သေလာက္ အျမင့္မားဆံုး ျဖစ္ေစရန္ ဆႏၵရွိေနၾကာင္းလည္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

- Advertisement -

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းသည် သူတို့ရဲ့ ဝတ်စုံစပွန်ဆာအတွက် ကမ္ဘာကျော်ကုမ္ပဏီတစ်ခုဖြစ်သည့် Nike နဲ့ တန်ကြေးမြင့်မားသည့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။ လီဗာပူးအသင်းရဲ့ ဝတ်စုံများကို လက်ရှိအချိန်၌ စပွန်ဆာပေးထားသည့် New Balance သည် အသင်းနဲ့ (၄) နှစ်တာ လက်တွဲခဲ့ပြီးဖြစ်ပြီး လာမည့် ဘောလုံးရာသီအသစ်၌ လီဗာပူးအသင်းအနေနဲ့ Nike နဲ့ လက်တွဲဖွယ်ရှိနေပြီဖြစ်ပါတယ်။

New Balance နဲ့ လီဗာပူးအသင်းတို့သည် တစ်နှစ်လျှင် ပေါင် (၄၅) သန်းတန်သည့် ဝတ်စုံစပွန်ဆာ စာချုပ်ကို ချုပ်ဆိုထားခြင်းဖြစ်ပြီး အကယ်၍သာ Nike နဲ့ စာချုပ်ချုပ်ဖြစ်ခဲ့မယ်ဆိုပါက လီဗာပူးအသင်းအနေနဲ့ ယူနိုက်တက်၊ ဘာစီလိုနာ၊ ရီးရဲယ်မက်ဒရစ်တို့နည်းတူ ဝတ်စုံစပွန်ဆာကြေးအများဆုံးရရှိသည့် အသင်းများစာရင်းထဲ၌ ထိပ်တန်းအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပါတယ်။ New Balance ဘက်ကမူ လာမည့် ဘောလုံးရာသီအထိ လီဗာပူးအသင်းရဲ့ ဝတ်စုံများကို ဆက်လက်စပွန်ဆာပေးသွားမည်ဟု ဆိုထားသော်လည်း လီဗာပူးအသင်းနဲ့ Nike တို့ရဲ့ သတင်းများကို ထိန်းချုပ်နိုင်ခြင်းမရှိသေးတာလည်း  ဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းသည် ဝတ်စုံစပွန်ဆာအတွက် Adidas ထံမှ တစ်နှစ်လျှင်ဝင်ငွေ ပေါင်သန်း (၁၁၀) ရရှိနေပြီး ဘာစီလိုနာအသင်းနဲ့ Nike တို့ကြား စပွန်ဆာစာချုပ်ကလည်း တစ်နှစ်လျှင် ပေါင်သန်း (၁၀၀) တန်ကြေးရှိတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းကလည်း ပြီးခဲ့သည့် (၂၀၁၄) ခုနှစ်က Adidas နဲ့ ချုပ်ဆိုခဲ့သည့် စာချုပ်အရ (၁၀) နှစ်စာ ဝတ်စုံစပွန်ဆာစာချုပ်အတွက် ပေါင်သန်း (၇၅၀) ကို ရရှိသွားမှာဖြစ်တာကြောင့် ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းတစ်သင်းအနေနဲ့ သူတို့ရဲ့ ဝတ်စုံစပွန်ဆာ စာချုပ်တန်ဖိုးကို ပြည်တွင်း၌ တတ်နိုင်သလောက် အမြင့်မားဆုံး ဖြစ်စေရန် ဆန္ဒရှိနေကြာင်းလည်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

9 − three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...