HomeSportယူႏိုက္တက္အသင္းရုန္းကန္ေနရသည့္ အေၾကာင္းရင္းမ်ား။

ယူႏိုက္တက္အသင္းရုန္းကန္ေနရသည့္ အေၾကာင္းရင္းမ်ား။

- Advertisement -

ၿပီးခ့ဲသည့္တနဂၤေႏြေန႔က ကစားခ့ဲသည့္ ဝက္စ္ဟမ္းအသင္းနဲ႔ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္မွာ ရံႈးနိမ့္ၿပီးေနာက္ ယူႏုိက္တက္အသင္းအေနနဲ႔ ဆုိးလ္ရွားကို အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ခ့ဲသည့္အခ်ိန္မွစၿပီး လက္ရွိအခ်ိန္အထိ ကစားခ့ဲသည့္ ၿပိဳင္ပြဲစံု (၁၇) ပြဲမွာ ႏုိင္ပြဲ (၅) ပြဲသာ ရရွိထားသည့္ မွတ္တမ္းဆုိးတစ္ရပ္နဲ႔ ရင္ဆုိင္ခ့ဲရပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္၌ အေဝးကြင္းႏုိင္ပြဲေပ်ာက္ဆံုးသည့္ အခ်ိန္ကာလကလည္း ရက္ေပါင္း (၂၀၀) ေက်ာ္အထိ ရွိလာခ့ဲၿပီး လက္ရွိေဘာလံုးရာသီ၌လည္း ပံုမွန္ေျခစြမ္းျပသႏုိင္ရန္ ရုန္းကန္ေနရရာ ယူႏုိက္တက္တို႔ ရုန္းကန္ေနရသည့္ အေၾကာင္းရင္းမ်ားကို ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ ကစားသမားအင္အား။

- Advertisement -

- Advertisement -

ၿပီးခ့ဲသည့္ေႏြရာသီ၌ လူကာကူ၊ ဆန္းခ်က္ဇ္၊ ဟာရဲရားတုိ႔က့ဲသုိ႔ ကစားသမားမ်ားထြက္ခြာသြားခ့ဲေပမယ့္ ယူႏုိက္တက္တုိ႔ လုံေလာက္သည့္ အင္အားျဖည့္တင္းမႈမ်ား ျပဳလုပ္ခ့ဲျခင္းမရွိဘဲ ဝမ္ဘစ္ဆာကာ၊ မက္ဂြိဳင္းရား၊ ဒန္နီယဲယ္ဂ်ိမ္းစ္တုိ႔ (၃) ေယာက္ကုိသာ ျပန္လည္ အင္အားျဖည့္တင္းခ့ဲပါတယ္။ အသင္းကို ကြင္းတြင္းကြင္းျပင္ ဦးေဆာင္ႏုိင္မယ့္ ဝါရင့္အေတြ႕အႀကံဳရွိ ကစားသမားတစ္ဦးလိုအပ္ေနၿပီး ဖာဂူဆန္ရဲ႕ Class of 92 အသင္းအတုိင္း ပံုစံသြင္းခ်င္တယ္ဆုိပါက ဂရင္းဝုဒ္၊ တြမ္ဇီဘီ၊ တာဟစ္ေခ်ာင္၊ အိန္ဂ်ယ္လ္ဂိုးမက္စ္တုိ႔လို အကယ္ဒမီထြက္ ကစားသမားမ်ားကို အေကာင္းဆံုး တြဲေခၚႏိုင္မယ့္ စီနီယာကစားသမားေကာင္းေတြ လိုအပ္ေနဆဲျဖစ္ပါတယ္။

- Advertisement -

 

၂။ ဒဏ္ရာျပႆနာမ်ား။

ခ်ဲလ္ဆီးအသင္းကို အိမ္ကြင္းမွာ ေလးဂုိးျပတ္နဲ႔ အႏုိင္ရရွိခ့ဲတ့ဲပြဲ၌ အင္ျပည့္အားျပည့္ပြဲထြက္ႏုိ္င့္ခ့ဲသည့္ ယူႏုိက္တက္အသင္းသည္ ေနာက္ပိုင္းပြဲစဥ္မ်ား၌ ဒဏ္ရာျပႆနာမ်ားနဲ႔ တျဖည္းျဖည္းရင္ဆုိင္လာရၿပီး လက္ရွိအခ်ိန္၌ မာစီရယ္လ္၊ ေပါ့ဘာတို႔ဒဏ္ရာျပႆနာတို႔နဲ႔ ရင္ဆိုင္ေနရသလို ရပ္ရွ္ဖို႔ဒ္ကလည္း ေနာက္ဆံုး ကစားခဲ့သည့္ ဝက္စ္ဟမ္းနဲ႔ပဲြ၌ ရရွိခဲ့သည့္ ဒဏ္ရာျပႆနာေၾကာင့္ အနားယူရဖြယ္ရွိေနပါတယ္။ လုခ္ေရွာကလည္း ဒဏ္ရာမ်ားနဲ႔ ရုန္းကန္ေနရဆဲျဖစ္ၿပီး လင္ဂတ္ႀကံ႕ခိုင္မႈ မျပည့္ဝသလုိ အက္စ္တာနာနဲ႔ ယူရိုပါလိဂ္ပြဲစဥ္၌ တစ္လံုးတည္းေသာ အႏုိင္ဂုိးကိုသြင္းယူေပးႏိုင္ခ့ဲသည့္ လူငယ္တုိက္စစ္မွဴး ဂရင္းဝုဒ္ကလည္း အာသီးေရာင္ေဝဒနာကို ခံစားေနရတာေၾကာင့္ ဝက္စ္ဟမ္းအသင္းကို ရံႈးနိမ့္ခဲ့သည့္ပြဲကို လြဲေခ်ာ္ခ့ဲရပါတယ္။

 

၃။ ယံုၾကည္ခ်က္ေပ်ာက္ဆံုးမႈ။

ၿပိဳင္ဘက္ေတြအတြက္ သတ္ကြင္းအျဖစ္ နာမည္ႀကီးခ့ဲသည့္ အုိးထရက္ဖုိ႔ဒ္ကြင္းႀကီးသည္ ဖာဂူဆန္ေခတ္လြန္ေနာက္ပိုင္းကာလေတြ၌ တျဖည္းျဖည္း အရွိန္အဝါက်ဆင္းလာၿပီး ၿပိဳင္ဘက္အသင္းေတြရဲ႕ မေၾကာက္မရြံ႕ ျပန္လည္တံု႔ျပန္ျခင္းကို ခံလာရပါတယ္။ ဝက္စ္ဟမ္းအသင္းနဲ႔ အေဝးကြင္းပြဲမွာလည္း ယူႏုိက္တက္ကစားသမားမ်ားဆီ၌ ကုိယ့္ကုိကုိယ္ယံုၾကည္ေပ်ာက္ဆံုးေနသည့္ ပံုစံမ်ားကို ျမင္ေတြ႕ေနရၿပီး အသင္းရဲ႕ တိုက္စစ္ကို အဓိကဦးေဆာင္ေနသည့္ ရပ္ရွ္ဖို႔ဒ္ကလည္း ေဝဖန္မႈမ်ားေၾကာင့္ ပံုမွန္ေျခစြမ္းေအာက္ က်ဆင္းေနၿပီး ယာယီနည္းျပဘဝမွာ အသင္းကုိ အေကာင္းဆံုး ထိန္းေက်ာင္းႏုိင္ခ့ဲသည့္ ဆုိးလ္ရွားတစ္ေယာက္ အၿမဲတမ္းနည္းျပဘဝမွာ အသင္းကို လမ္းေၾကာင္းမွန္ေပၚ ဘယ္လိုမ်ိဳး ျပန္လည္တည့္မတ္ေပးႏုိင္မလဲ  ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

 

၄။ ၿပိဳင္ဘက္မ်ား တုိးတက္လာျခင္း။

ယခင္ေခတ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ၌ ထိပ္သီးေလးသင္းသာရွိရာမွ လက္ရွိအခ်ိန္၌ ထိပ္သီးေျခာက္သင္းအထိ ျဖစ္လာခ့ဲၿပီး လက္ရွိေဘာလံုးရာသီအတြက္ အဲဗာတန္၊ လက္စတာတုိ႔က့ဲသို႔ အသင္းမ်ားကပင္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးမ်ားျဖင့္ ထိပ္သီးအသင္းမ်ားကို ၿခိမ္းေျခာက္ဖုိ႔ ျပင္ဆင္ခ့ဲၾကပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီး၊ လီဗာပူးတို႔ႏွစ္သင္းတည္း အၿပိဳင္လုရဖြယ္ရွိေနသည့္တုိင္ေအာင္ လက္ရွိအေနအထားအရ ယူႏုိက္တက္အသင္းကို အႏုိင္ယူႏုိင္သည့္ အသင္းအမ်ားအျပားရွိေနၿပီး လာမယ့္ပဲြစဥ္မ်ား၌ အႏုိင္ (၃) မွတ္ ရရွိရန္အတြက္ပင္ ခက္ခက္ခဲခဲ ရုန္းကန္ရဖြယ္ရွိေနၿပီျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သည့် ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်အသင်းအနေနဲ့ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည့်အချိန်မှစပြီး လက်ရှိအချိန်အထိ ကစားခဲ့သည့် ပြိုင်ပွဲစုံ (၁၇) ပွဲမှာ နိုင်ပွဲ (၅) ပွဲသာ ရရှိထားသည့် မှတ်တမ်းဆိုးတစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်၌ အဝေးကွင်းနိုင်ပွဲပျောက်ဆုံးသည့် အချိန်ကာလကလည်း ရက်ပေါင်း (၂၀၀) ကျော်အထိ ရှိလာခဲ့ပြီး လက်ရှိဘောလုံးရာသီ၌လည်း ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရရာ ယူနိုက်တက်တို့ ရုန်းကန်နေရသည့် အကြောင်းရင်းများကို ဖော်ပြပေးလိုက်ရပါတယ်။

 

၁။ ကစားသမားအင်အား။

ပြီးခဲ့သည့်နွေရာသီ၌ လူကာကူ၊ ဆန်းချက်ဇ်၊ ဟာရဲရားတို့ကဲ့သို့ ကစားသမားများထွက်ခွာသွားခဲ့ပေမယ့် ယူနိုက်တက်တို့ လုံလောက်သည့် အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ဝမ်ဘစ်ဆာကာ၊ မက်ဂွိုင်းရား၊ ဒန်နီယဲယ်ဂျိမ်းစ်တို့ (၃) ယောက်ကိုသာ ပြန်လည် အင်အားဖြည့်တင်းခဲ့ပါတယ်။ အသင်းကို ကွင်းတွင်းကွင်းပြင် ဦးဆောင်နိုင်မယ့် ဝါရင့်အတွေ့အကြုံရှိ ကစားသမားတစ်ဦးလိုအပ်နေပြီး ဖာဂူဆန်ရဲ့ Class of 92 အသင်းအတိုင်း ပုံစံသွင်းချင်တယ်ဆိုပါက ဂရင်းဝုဒ်၊ တွမ်ဇီဘီ၊ တာဟစ်ချောင်၊ အိန်ဂျယ်လ်ဂိုးမက်စ်တို့လို အကယ်ဒမီထွက် ကစားသမားများကို အကောင်းဆုံး တွဲခေါ်နိုင်မယ့် စီနီယာကစားသမားကောင်းတွေ လိုအပ်နေဆဲဖြစ်ပါတယ်။

 

၂။ ဒဏ်ရာပြဿနာများ။

ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲ၌ အင်ပြည့်အားပြည့်ပွဲထွက်နို်င့်ခဲ့သည့် ယူနိုက်တက်အသင်းသည် နောက်ပိုင်းပွဲစဉ်များ၌ ဒဏ်ရာပြဿနာများနဲ့ တဖြည်းဖြည်းရင်ဆိုင်လာရပြီး လက်ရှိအချိန်၌ မာစီရယ်လ်၊ ပေါ့ဘာတို့ဒဏ်ရာပြဿနာတို့နဲ့ ရင်ဆိုင်နေရသလို ရပ်ရှ်ဖို့ဒ်ကလည်း နောက်ဆုံး ကစားခဲ့သည့် ဝက်စ်ဟမ်းနဲ့ပွဲ၌ ရရှိခဲ့သည့် ဒဏ်ရာပြဿနာကြောင့် အနားယူရဖွယ်ရှိနေပါတယ်။ လုခ်ရှောကလည်း ဒဏ်ရာများနဲ့ ရုန်းကန်နေရဆဲဖြစ်ပြီး လင်ဂတ်ကြံ့ခိုင်မှု မပြည့်ဝသလို အက်စ်တာနာနဲ့ ယူရိုပါလိဂ်ပွဲစဉ်၌ တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည့် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ကလည်း အာသီးရောင်ဝေဒနာကို ခံစားနေရတာကြောင့် ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲကို လွဲချော်ခဲ့ရပါတယ်။

 

၃။ ယုံကြည်ချက်ပျောက်ဆုံးမှု။

ပြိုင်ဘက်တွေအတွက် သတ်ကွင်းအဖြစ် နာမည်ကြီးခဲ့သည့် အိုးထရက်ဖို့ဒ်ကွင်းကြီးသည် ဖာဂူဆန်ခေတ်လွန်နောက်ပိုင်းကာလတွေ၌ တဖြည်းဖြည်း အရှိန်အဝါကျဆင်းလာပြီး ပြိုင်ဘက်အသင်းတွေရဲ့ မကြောက်မရွံ့ ပြန်လည်တုံ့ပြန်ခြင်းကို ခံလာရပါတယ်။ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲမှာလည်း ယူနိုက်တက်ကစားသမားများဆီ၌ ကိုယ့်ကိုကိုယ်ယုံကြည်ပျောက်ဆုံးနေသည့် ပုံစံများကို မြင်တွေ့နေရပြီး အသင်းရဲ့ တိုက်စစ်ကို အဓိကဦးဆောင်နေသည့် ရပ်ရှ်ဖို့ဒ်ကလည်း ဝေဖန်မှုများကြောင့် ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေပြီး ယာယီနည်းပြဘဝမှာ အသင်းကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့သည့် ဆိုးလ်ရှားတစ်ယောက် အမြဲတမ်းနည်းပြဘဝမှာ အသင်းကို လမ်းကြောင်းမှန်ပေါ် ဘယ်လိုမျိုး ပြန်လည်တည့်မတ်ပေးနိုင်မလဲ  စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

၄။ ပြိုင်ဘက်များ တိုးတက်လာခြင်း။

ယခင်ခေတ် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ထိပ်သီးလေးသင်းသာရှိရာမှ လက်ရှိအချိန်၌ ထိပ်သီးခြောက်သင်းအထိ ဖြစ်လာခဲ့ပြီး လက်ရှိဘောလုံးရာသီအတွက် အဲဗာတန်၊ လက်စတာတို့ကဲ့သို့ အသင်းများကပင် စံချိန်တင်ပြောင်းရွှေ့ကြေးများဖြင့် ထိပ်သီးအသင်းများကို ခြိမ်းခြောက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီး၊ လီဗာပူးတို့နှစ်သင်းတည်း အပြိုင်လုရဖွယ်ရှိနေသည့်တိုင်အောင် လက်ရှိအနေအထားအရ ယူနိုက်တက်အသင်းကို အနိုင်ယူနိုင်သည့် အသင်းအများအပြားရှိနေပြီး လာမယ့်ပွဲစဉ်များ၌ အနိုင် (၃) မှတ် ရရှိရန်အတွက်ပင် ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်ရှိနေပြီဖြစ်ပါတယ်။

<Unicode Version>

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read