HomeSportဗန်ဒိုက်ခ်ျနဲ့ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး (၂၀၁၉) ခုနှစ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့သည့် မက်ဆီ။
ဗန်ဒိုက်ခ်ျနဲ့ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး (၂၀၁၉) ခုနှစ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့သည့် မက်ဆီ။
- Advertisement -
နိုင်ငံ့လက်ရွေးစင်အသင်းခေါင်းဆောင်များနဲ့ နည်းပြများ၊ ဂျာနယ်လစ်များနဲ့ ပရိသတ်များရဲ့ မဲပေးရွေးချယ်မှုအပေါ် အခြေခံကာ ယခုဆုကို ချီးမြှင့်ခြင်းဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အတူ ဆန်ကာတင် ကစားသမား (၃) ယောက်စာရင်းထဲ ပါဝင်ခဲ့သည့် ဗန်ဒိုက်ခ်ျက အဓိကပြိုင်ဘက်မက်ဆီကို ဦးစားပေး မဲပေးရွေးချယ်ခဲ့သည့်အပေါ်လည်း ပရိသတ်များရဲ့ ချီးကျူးပြောကြားမှုများကို ရရှိနေပါသေးတယ်။ ဆုရရှိခဲ့သည့် မက်ဆီကိုယ်တိုင်ကလည်း သူ့ရဲ့မဟာပြိုင်ဘက် ရော်နယ်ဒိုကို မဲပေးရွေးချယ်ခဲ့သေးပြီး  ရော်နယ်ဒိုကမူ မက်ဆီ၊ ဗန်ဒိုက်ခ်ျတို့နှစ်ယောက်လုံးကို မဲမပေးခဲ့သည့်အပြင် အဆိုပါ ဆုပေးပွဲကိုလည်း တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
- Advertisement -
ဒါ့အပြင် အမျိုးသမီးအကောင်းဆုံးကစားသမားဆုအဖြစ် ပြီးခဲ့သည့် အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းအတွက် စွမ်းစွမ်းတမံ ခြေစွမ်းပြခဲ့သည့် အသင်းခေါင်းဆောင် ရာပီနိုးကရရှိခဲ့သလို အမျိုးသမီးအကောင်းဆုံးနည်းပြဆုကိုလည်း အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ နည်းပြ ဂျေးအဲလစ် (1209လက်ရှိအချိန်၌ ရာထူးမှနှုတ်ထွက်) က ရရှိခဲ့ကြကြောင်း သိရှိရပါတယ်။
- Advertisement -
<Zawgyi Vesion>
Source ~ Sportsmole
#HM(Soshwe)
#SoshweSports
#Like&Share
ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီသည် (၂၀၁၉) ခုနှစ်အတွက် FIFA ရဲ့ The Best ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒီဆုကို (၂၀၁၆) ခုနှစ်၌ ပုံစံအသစ်  ပြောင်းလဲပြီးနောက်ပိုင်း မက်ဆီအတွက် ပထမဆုံးအကြိမ်အဖြစ် The Best ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကာ အဓိကပြိုင်ဘက်များဖြစ်သည့် ဗန်ဒိုက်ချ် နဲ့ ရော်နယ်ဒိုတို့နှစ်ဦးကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
- Advertisement -
နိုင်ငံ့လက်ရွေးစင်အသင်းခေါင်းဆောင်များနဲ့ နည်းပြများ၊ ဂျာနယ်လစ်များနဲ့ ပရိသတ်များရဲ့ မဲပေးရွေးချယ်မှုအပေါ် အခြေခံကာ ယခုဆုကို ချီးမြှင့်ခြင်းဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အတူ ဆန်ကာတင် ကစားသမား (၃) ယောက်စာရင်းထဲ ပါဝင်ခဲ့သည့် ဗန်ဒိုက်ချ်က အဓိကပြိုင်ဘက်မက်ဆီကို ဦးစားပေး မဲပေးရွေးချယ်ခဲ့သည့်အပေါ်လည်း ပရိသတ်များရဲ့ ချီးကျူးပြောကြားမှုများကို ရရှိနေပါသေးတယ်။ ဆုရရှိခဲ့သည့် မက်ဆီကိုယ်တိုင်ကလည်း သူ့ရဲ့မဟာပြိုင်ဘက် ရော်နယ်ဒိုကို မဲပေးရွေးချယ်ခဲ့သေးပြီး  ရော်နယ်ဒိုကမူ မက်ဆီ၊ ဗန်ဒိုက်ချ်တို့နှစ်ယောက်လုံးကို မဲမပေးခဲ့သည့်အပြင် အဆိုပါ ဆုပေးပွဲကိုလည်း တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုကို ယခုနှစ်၌ ပထမဆုံးထည့်သွင်း ချီးမြှင့်ခဲ့ပြီး လီဗာပူးအသင်းရဲ့ ဘရာဇီးလက်ရွေးစင်ဂိုးသမား အယ်လစ်ဆန်က အဆိုပါဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ FIFA ရဲ့ အကောင်းဆုံးနည်းပြဆုကိုလည်း လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကပဲ ဆွတ်ခူးရရှိခဲ့ပြီး ဗန်ဒိုက်ချ်နဲ့ အယ်လစ်ဆန်တို့က ကမ္ဘာ့အကောင်းဆုံး ကစားသမား (၁၁) ယောက်စာရင်း၌ ပါဝင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
ဒါ့အပြင် အမျိုးသမီးအကောင်းဆုံးကစားသမားဆုအဖြစ် ပြီးခဲ့သည့် အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းအတွက် စွမ်းစွမ်းတမံ ခြေစွမ်းပြခဲ့သည့် အသင်းခေါင်းဆောင် ရာပီနိုးကရရှိခဲ့သလို အမျိုးသမီးအကောင်းဆုံးနည်းပြဆုကိုလည်း အမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ နည်းပြ ဂျေးအဲလစ် (လက်ရှိအချိန်၌ ရာထူးမှနှုတ်ထွက်) က ရရှိခဲ့ကြကြောင်း သိရှိရပါတယ်။
<Unicode Vesion>
Source ~ Sportsmole
#HM(Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
16 − five =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...