HomeSportခ်ဲလ္ဆီးနဲ႔ပြဲ၌ လီဗာပူးအသင္းအတြက္ ဆာလာတစ္ေယာက္ ဘယ္ေလာက္အထိ ေျခစြမ္းျပခ့ဲသလဲ ??

ခ်ဲလ္ဆီးနဲ႔ပြဲ၌ လီဗာပူးအသင္းအတြက္ ဆာလာတစ္ေယာက္ ဘယ္ေလာက္အထိ ေျခစြမ္းျပခ့ဲသလဲ ??

- Advertisement -

ယခုတစ္ပတ္ ပရီးမီးယားလိဂ္ပဲြစဥ္ရဲ႕ ပြဲႀကီးပြဲေကာင္းတစ္ပြဲျဖစ္ခ့ဲသည့္ ခ်ဲလ္ဆီးအသင္းနဲ႔ လီဗာပူးအသင္းတုိ႔ရဲ႕  ပဲြစဥ္၌ ဧည့္သည္လီဗာပူးအသင္းက ခ်ဲလ္ဆီးအသင္းကို ႏွစ္ဂုိးတစ္ဂိုးနဲ႔ အႏုိင္ရရွိကာ ရာႏႈန္းျပည့္ႏုိင္ပြဲနဲ႔ အတူ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏုိင္ခ့ဲပါတယ္။ ဆာလာအေနနဲ႔ လက္ရွိေဘာလံုးရာသီ  ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အသင္းအတြက္ (၄) ဂိုးအထိ သြင္းယူေပးထားၿပီး ခ်ဲလ္ဆီးအသင္းနဲ႔  ရင္ဆုိင္ခ့ဲတ့ဲပြဲစဥ္မွာလည္း အသင္းအတြက္ ဂိုးမသြင္းယူေပးႏုိင္ခ့ဲသည့္တုိင္ေအာင္ အေကာင္းဆံုးေျခစြမ္းျပႏုိင္ခ့ဲသည့္ အခ်က္မ်ားကို ပရိသတ္မ်ားမ်က္ဝါးထင္ထင္ ျမင္ေတြ႕ခ့ဲရပါတယ္။

(၁) ဖန္တီးႏုိင္စြမ္း။
လီဗာပူးအသင္းရဲ႕ ပထမဂုိးက  ဆာလာနဲ႔ ညာေနာက္ခံလူ အာႏုိးလ္တို႔ႏွစ္ေယာက္ရဲ႕ အတြဲညီညီ  ေပါင္းစပ္မႈေၾကာင့္ရရွိခ့ဲျခင္းျဖစ္ၿပီး ၿပိဳင္ဘက္ပင္နယ္တီဧရိယာထိပ္၌ ရရွိသည့္ ဖရီးကစ္ကုိ ဆာလာက ေနာက္ေပါက္နဲ႔ခ်အေပး အာႏုိးလ္က အျပင္းကန္သြင္းယူခ့ဲျခင္းျဖစ္ပါတယ္။ ပြဲကစားခ်ိန္ (၃၉) မိနစ္၌လည္း  ဆာလာက ၿပိဳင္ဘက္ေနာက္ခံလူ တုိမိုရီကို တစ္ကုိယ္ေတာ္အရည္အခ်င္းနဲ႔ ျဖတ္ေက်ာ္ၿပီး  ဂုိးသြင္းယူ ဖုိ႔ ႀကိဳးစားခ့ဲေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ ဗဟုိေနာက္ခံလူ ခရစၥတန္ဆန္က ေနာက္ဆံုးအခ်ိန္ေရာက္မွ  ဟန္႔တားႏုိင္ခ့ဲျခင္းေၾကာင့္ ဆာလာအတြက္ အခြင့္အေရးေကာင္းတစ္ခုကုိ လြဲေခ်ာ္ခ့ဲရပါတယ္။

(၂) မာေနးနဲ႔သူ႔ရဲ႕အၾကား ဆက္ဆံေရး။
ၿပီးခ့ဲသည့္ေဘာလံုးရာသီက လီဗာပူးအသင္းရဲ႕ တိုက္စစ္အတြက္ အေကာင္းဆံုး တြဲဖက္ေျခစြမ္းျပခ့ဲၾကသည့္ ဆာလာနဲ႔မာေနးတုိ႔ႏွစ္ေယာက္က လက္ရွိအခ်ိန္၌ ဆက္ဆံေရးေကာင္းမ်ားမရွိၾကဘဲ ဘန္ေလအသင္းကို သံုးဂုိးျပတ္နဲ႔ အေဝးကြင္း၌ အႏုိင္ရရွိခ့ဲသည့္ပြဲတြင္ ဆာလာက ေဘာလံုးမေပးသည့္ကိစၥျဖင့္ ႏွစ္ဦးအၾကား ဆက္ဆံေရးၿပိဳကြဲခ့ဲရပါတယ္။ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲ၌လည္း ဆာလာရဲဲ႕  ေပးပို႔မႈမ်ားက  မာေနးထံ  ေရာက္တာမ်ိဳးမရွိဘဲ ႏွစ္ဦးအၾကား ခ်ိတ္ဆက္ကစားသည့္ေနရာ၌ လုိအပ္ခ်က္မ်ားရွိေနဆဲလည္းျဖစ္ပါတယ္။

- Advertisement -

(၃) တစ္ပဲြလံုးအေနအထား။
ဆာလာအေနနဲ႔ ဒီပြဲ၌ အသင္းေဟာင္းဘက္ကို ဂုိးမသြင္းႏုိင္ခ့ဲသည့္တုိင္  လီဗာပူးအသင္းရဲ႕  ေတာင္ပံတစ္ေလွ်ာက္ ကြင္းလယ္ကေနၿပိဳင္ဘက္ဧရိယာအတြင္းအထိ အေကာင္းဆံုး  ေမႊေႏွာက္ထိုးေဖာက္ႏုိင္ခ့ဲပါတယ္။ ဒါေပမယ့္ ဂိုးသြင္းယူႏုိင္ဖို႔အတြက္ လံုေလာက္သည့္ အပိုင္အခြင့္အေရးမ်ား  မရရွိခ့ဲျခင္းေၾကာင့္ ၿပိဳင္ဘက္ေနာက္ခံလူမ်ားနဲ႔ ထိထြက္ျခင္း၊ ဟန္႔တားခံရျခင္းမ်ားတုိ႔နဲ႔သာ ရင္ဆုိင္ခ့ဲရပါတယ္။

- Advertisement -

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

<Zawgyi Version>

 

- Advertisement -

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည့် ချဲလ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်၌ ဧည့်သည်လီဗာပူးအသင်းက ချဲလ်ဆီးအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိကာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အတူ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆာလာအနေနဲ့ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းအတွက် (၄) ဂိုးအထိ သွင်းယူပေးထားပြီး ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာလည်း အသင်းအတွက် ဂိုးမသွင်းယူပေးနိုင်ခဲ့သည့်တိုင်အောင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့် အချက်များကို ပရိသတ်များမျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။

(၁) ဖန်တီးနိုင်စွမ်း။
လီဗာပူးအသင်းရဲ့ ပထမဂိုးက ဆာလာနဲ့ ညာနောက်ခံလူ အာနိုးလ်တို့နှစ်ယောက်ရဲ့ အတွဲညီညီ ပေါင်းစပ်မှုကြောင့်ရရှိခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်ပင်နယ်တီဧရိယာထိပ်၌ ရရှိသည့် ဖရီးကစ်ကို ဆာလာက နောက်ပေါက်နဲ့ချအပေး အာနိုးလ်က အပြင်းကန်သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။ ပွဲကစားချိန် (1209၃၉) မိနစ်၌လည်း ဆာလာက ပြိုင်ဘက်နောက်ခံလူ တိုမိုရီကို တစ်ကိုယ်တော်အရည်အချင်းနဲ့ ဖြတ်ကျော်ပြီး ဂိုးသွင်းယူ ဖို့ ကြိုးစားခဲ့ပေမယ့် ချဲလ်ဆီးအသင်းရဲ့ ဗဟိုနောက်ခံလူ ခရစ္စတန်ဆန်က နောက်ဆုံးအချိန်ရောက်မှ ဟန့်တားနိုင်ခဲ့ခြင်းကြောင့် ဆာလာအတွက် အခွင့်အရေးကောင်းတစ်ခုကို လွဲချော်ခဲ့ရပါတယ်။

(၂) မာနေးနဲ့သူ့ရဲ့အကြား ဆက်ဆံရေး။
ပြီးခဲ့သည့်ဘောလုံးရာသီက လီဗာပူးအသင်းရဲ့ တိုက်စစ်အတွက် အကောင်းဆုံး တွဲဖက်ခြေစွမ်းပြခဲ့ကြသည့် ဆာလာနဲ့မာနေးတို့နှစ်ယောက်က လက်ရှိအချိန်၌ ဆက်ဆံရေးကောင်းများမရှိကြဘဲ ဘန်လေအသင်းကို သုံးဂိုးပြတ်နဲ့ အဝေးကွင်း၌ အနိုင်ရရှိခဲ့သည့်ပွဲတွင် ဆာလာက ဘောလုံးမပေးသည့်ကိစ္စဖြင့် နှစ်ဦးအကြား ဆက်ဆံရေးပြိုကွဲခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းနဲ့ပွဲ၌လည်း ဆာလာရဲဲ့ ပေးပို့မှုများက မာနေးထံ ရောက်တာမျိုးမရှိဘဲ နှစ်ဦးအကြား ချိတ်ဆက်ကစားသည့်နေရာ၌ လိုအပ်ချက်များရှိနေဆဲလည်းဖြစ်ပါတယ်။

(၃) တစ်ပွဲလုံးအနေအထား။
ဆာလာအနေနဲ့ ဒီပွဲ၌ အသင်းဟောင်းဘက်ကို ဂိုးမသွင်းနိုင်ခဲ့သည့်တိုင် လီဗာပူးအသင်းရဲ့ တောင်ပံတစ်လျှောက် ကွင်းလယ်ကနေပြိုင်ဘက်ဧရိယာအတွင်းအထိ အကောင်းဆုံး မွှေနှောက်ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင်းယူနိုင်ဖို့အတွက် လုံလောက်သည့် အပိုင်အခွင့်အရေးများ မရရှိခဲ့ခြင်းကြောင့် ပြိုင်ဘက်နောက်ခံလူများနဲ့ ထိထွက်ခြင်း၊ ဟန့်တားခံရခြင်းများတို့နဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

<Unicode Version>

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...