HomeSportယူနိုက်တက်အသင်း ခံစစ်မှူး Harry Maguire အပေါ် နည်းပြကြီးဆိုးလ်ရှားရဲ့ သဘောထား။

ယူနိုက်တက်အသင်း ခံစစ်မှူး Harry Maguire အပေါ် နည်းပြကြီးဆိုးလ်ရှားရဲ့ သဘောထား။

- Advertisement -

ယူနို်က်တက်အသင်းရဲ့ နည်းပြကြီးဖြစ်သူ ဆိုးလ်ရှားမှ Maguire ဟာ ယူနို်က်တက်အသင်းရဲ့ အမြဲတမ်း အသင်းခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်ချေရှိတယ်ဆိုပြီး သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယူနို်က်တက်အသင်းမှ Maguire အား ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက လက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) နဲ့ခေါ်ယူနိုင်ခဲ့ပြီး အဆိုပါဗဟိုခံစစ်မှူးဟာ ယူနို်က်တက်အသင်းရဲ့ အမြဲတမ်းကစားသမားတစ်ဦးအဖြစ် ရာသီအစကတည်းက ပါဝင်ကစားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အက်ရှလေယန်းဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားကာ နည်းပြကြီးဆိုးလ်ရှားမှ သူ့အနေနဲ့ Maguire ကို အသင်းခေါင်းဆောင်အသစ်အဖြစ် တာဝန်ပေးအပ်မယ်ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ “ ကျွန်တော်ကတော့ Maguire ကို အနာဂတ် ယူနို်က်တက်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် စဉ်းစားထားပြီးသားပါ။ သူဟာ ခံစစ်ပိုင်းမှာ အကောင်းဆုံး ကစားနိုင်သလို ဘောလုံးအထားအသို၊ အပေးအယူတွေကလည်း သေသပ်မှုရှိပါတယ်။ အားလုံးခြုံငုံပြီး ပြောရမယ်ဆိုရင် သူဟာကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အခုလိုမျိုး ဆုံးဖြတ်ရခြင်းဖြစ်ပါတယ် . . . ” ဆိုပြီး ဆိုးလ်ရှားမှ Sky Sports သတင်းဌာနသို့ ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

- Advertisement -

“ Maguire ဟာ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာလည်း အကောင်းဆုံး လုပ်ဆောင်နိုင်သလို အဝတ်လဲခန်းမှာဆိုရင်လည်း အသင်းသားတွေကို လွှမ်းမိုးနိုင်ခြင်းရှိပါတယ်။ Maguire ကို ငွေကြေးအမြောက်အမြားသုံးစွဲပြီး အိုးထရက်ဖို့ဒ်ကွင်းကို ခေါ်ယူနိုင်ခဲ့တာကိုလည်း အရမ်းဝမ်းသာပါတယ်။ Maguire က အသင်းခေါင်းဆောင်ဖြစ်ချင်တယ်ဆိုပြီး အခုချိန်ထိ ပြောဆိုတာမျိုးမရှိသေးပါဘူး။ ကျွန်တော့်အနေနဲ့ သူနဲ့ထိုက်တန်တဲ့ နေရာတစ်နေရာကို စဉ်းစားပေးခြင်းပဲဖြစ်ပါတယ် . . . ” ဆိုပြီး နည်းပြကြီးဆိုးလ်ရှားမှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

ယူႏိုက္တက္အသင္း ခံစစ္မွဴး Harry Maguire အေပၚ နည္းျပႀကီးဆိုးလ္ရွားရဲ႕ သေဘာထား။

ယူႏို္က္တက္အသင္းရဲ႕ နည္းျပႀကီးျဖစ္သူ ဆိုးလ္ရွားမွ Maguire ဟာ ယူႏို္က္တက္အသင္းရဲ႕  အၿမဲတမ္း အသင္းေခါင္းေဆာင္တစ္ဦးျဖစ္လာႏိုင္ေခ်ရွိတယ္ဆိုၿပီး သူ႕ရဲ႕သေဘာထားကို ထုတ္ေဖာ္ေျပာၾကားခ့ဲပါတယ္။

ယူႏို္က္တက္အသင္းမွ Maguire အား ၿပီးခ့ဲတ့ဲ ေႏြရာသီအေျပာင္းအေရႊ႕ကာလတုန္းက လက္စတာစီးတီးအသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၈၀) နဲ႕ေခၚယူႏိုင္ခ့ဲၿပီး အဆိုပါဗဟိုခံစစ္မွဴးဟာ ယူႏို္က္တက္အသင္းရဲ႕ အၿမဲတမ္းကစားသမားတစ္ဦးအျဖစ္ ရာသီအစကတည္းက ပါဝင္ကစားခ့ဲပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အက္ရွေလယန္းဟာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူထားကာ နည္းျပႀကီးဆိုးလ္ရွားမွ သူ႕အေနနဲ႕ Maguire ကို အသင္းေခါင္းေဆာင္အသစ္အျဖစ္ တာဝန္ေပးအပ္မယ္ဆိုၿပီး ထုတ္ေဖာ္ေျပာၾကားခ့ဲတာလည္း ျဖစ္ပါတယ္။ “ ကၽြန္ေတာ္ကေတာ့ Maguire ကို အနာဂတ္ ယူႏို္က္တက္အသင္းရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ စဥ္းစားထားၿပီးသားပါ။ သူဟာ ခံစစ္ပိုင္းမွာ အေကာင္းဆုံး ကစားႏိုင္သလို ေဘာလုံးအထားအသို၊ အေပးအယူေတြကလည္း ေသသပ္မႈရွိပါတယ္။ အားလုံးၿခံဳငုံၿပီး  ေျပာရမယ္ဆိုရင္ သူဟာကၽြမ္းက်င္သူတစ္ေယာက္ျဖစ္တ့ဲအတြက္ ကၽြန္ေတာ့္အေနနဲ႕ အခုလိုမ်ိဳး ဆုံးျဖတ္ရျခင္းျဖစ္ပါတယ္ . . . ” ဆိုၿပီး ဆိုးလ္ရွားမွ Sky Sports သတင္းဌာနသို႕ ရွင္းလင္းေျပာၾကားခ့ဲတာျဖစ္ပါတယ္။

“ Maguire ဟာ ေလ့က်င့္ခန္းလုပ္တ့ဲအခ်ိန္မွာလည္း အေကာင္းဆုံး လုပ္ေဆာင္ႏိုင္သလို အဝတ္လဲခန္းမွာဆိုရင္လည္း အသင္းသားေတြကို လႊမ္းမိုးႏိုင္ျခင္းရွိပါတယ္။ Maguire ကို  ေငြေၾကးအေျမာက္အျမားသုံးစြဲၿပီး အိုးထရက္ဖို႕ဒ္ကြင္းကို ေခၚယူႏိုင္ခ့ဲတာကိုလည္း အရမ္းဝမ္းသာပါတယ္။ Maguire က အသင္းေခါင္းေဆာင္ျဖစ္ခ်င္တယ္ဆိုၿပီး အခုခ်ိန္ထိ ေျပာဆိုတာမ်ိဳးမရွိေသးပါဘူး။ ကၽြန္ေတာ့္အေနနဲ႕ သူနဲ႕ထိုက္တန္တ့ဲ ေနရာတစ္ေနရာကို စဥ္းစားေပးျခင္းပဲျဖစ္ပါတယ္ . . . ” ဆိုၿပီး နည္းျပႀကီးဆိုးလ္ရွားမွ ထပ္ေလာင္း ေျပာၾကားခ့ဲပါတယ္။

<Zawgyi Version>

- Advertisement -

 

Source ~ Sportsmole

#ST(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two + 12 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...