HomeEntertainmentLady Gaga ရဲ့ ယခုလက်ရှိပုံစံဟာ အရင်ပုံစံနဲ့ ဘာကြောင့်မတူတော့တာလဲ?

Lady Gaga ရဲ့ ယခုလက်ရှိပုံစံဟာ အရင်ပုံစံနဲ့ ဘာကြောင့်မတူတော့တာလဲ?

- Advertisement -

Hollywood ရဲ့ Pop Star တစ်ဦးဖြစ်တဲ့ Lady Gaga ရဲ့ ယခုလက်ရှိပုံစံဟာ ဟိုးအရင်ကပုံစံနဲ့ မတူတော့တော့ဘဲ ကွဲပြားခြားနားလာတာကို Lady Gaga ရဲ့ ပရိသတ်တွေသာမက Hollywood အနုပညာအသိုင်းအဝိုင်းကို မျက်စိဒေါက်ထောက် ကြည့်နေတဲ့ ဝေဖန်ရေးအားသန်သူတွေကပါ သတိထားမိလာခဲ့ကြတာ ဖြစ်ပါတယ်။

- Advertisement -

ဂီတကဏ္ဍမှာ Pop Star အဖြစ် နာမည်ကြီးတဲ့ Lady Gaga ဟာ ရုပ်ရှင်လောကကို “A Star Is Born” ဆိုတဲ့ ဇာတ်ကားမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ရင်း သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို ပရိသတ်တွေကို ပြသခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအအချိန်မှာတော့ Lady Gaga ဟာ အနုပညာရှင်တစ်ယောက်ဖြစ်ရုံသာမက “Haus Laboratories” လို့ အမည်ရတဲ့ အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့  ကိုယ်ပိုင်လုပ်ငန်းနဲ့လည်း ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ Gaga ရဲ့ Haus Laboratories က အလှကုန်ပစ္စည်းတွေကို ပြည်တွင်းသာမက ကမ္ဘာအနှံ့က ဝယ်ယူသူများကိုပါ ပို့ဆောင်ပေးမှာဖြစ်လို့ hauslabs.com နှင့် amazon.com တို့မှာ တိုက်ရိုက်ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

- Advertisement -

- Advertisement -

PEOPLE မဂ္ဂဇင်းက ပြုလုပ်တဲ့ အင်တာဗျူးမှာ Lady Gaga က “ပရိသတ်တွေက ကျွန်မကို ဘယ်လိုပုံစံမျိုးမြင်ချင်တယ်ဆိုတာမျိုး အာရုံမထားတော့ဘူး။ လူတွေကြိုက်သည်ရှိ၊ မကြိုက်သည်ရှိ ကျွန်မဟာ ကျွန်မရဲ့ စိတ်ကြိုက်ပုံစံအတိုင်းပဲ နေသွားတော့မှာပါ။ ဒီလိုမျိုးနေတာက ကျွန်မကို ပိုပျော်ရွှင်စေပြီး ကျွန်မကိုယ်ကျွန်မ ပိုပြီးနှစ်သက်လာတယ်။ ကျွန်မက အလှကုန်ပစ္စည်းတွေကို ရောင်းတာမှန်ပေမယ့် အမှန်တိုင်းဝန်ခံရရင်တော့ ရှင်တို့မိတ်ကပ်လိမ်းခြင်း၊ မလိမ်းခြင်းကို ကျွန်မအနေနဲ့ ဂရုမစိုက်ပါဘူး။ ကျွန်မတို့အားလုံးအတွက် အရေးကြီးတာက ကျွန်မတို့ကိုယ် ကျွန်မတို့ ချစ်နေဖို့ပါပဲ . . .” ဆိုပြီး အလှအပရေးရာနဲ့ ဆိုင်တဲ့ သူမရဲ့ယုံကြည်ချက်တွေကို မျှဝေပြောပြပေးခဲ့ပါတယ်။

ဒါ့အပြင် Lady Gaga ဟာ ဆယ်စုနှစ်တစ်ခုအထိ ပရိသတ်အကြိုက်၊ ထုတ်လုပ်သူအကြိုက် ဝတ်စားဆင်ယင်ပေးခဲ့ပြီး သူမကြိုက်နှစ်သက်တဲ့ သူမရဲ့မူလပုံစံကို မေ့ပြီးနေထိုင်ခဲ့ကာ  စိတ်ကျဝေဒနာ ခံစားရသည်အထိ ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် နောက်ပိုင်းမှာ သူမသဘောကျတဲ့အတိုင်း၊ စိတ်ထဲရှိတဲ့အတိုင်း ဝတ်စားဆင်ယင်နေထိုင်လာရာမှ သူမဟာ ပိုမိုပျော်ရွှင်လာပြီး အသစ်အဆန်းတွေကိုလည်း  ပိုမိုတီထွင်နိုင်လာကြောင်း အင်တာဗျူးတော်တော်များများမှာ ပြောပြခဲ့ဖူးပါတယ်။

 

Source ~ PEOPLE Magazine

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read