HomeEntertainmentAmerica's Got Talent ပြိုင်ပွဲတွင် အနိုင်ရရှိသွားတဲ့ Audism ဝေဒနာရှင်လေး Kodi Lee

America’s Got Talent ပြိုင်ပွဲတွင် အနိုင်ရရှိသွားတဲ့ Audism ဝေဒနာရှင်လေး Kodi Lee

- Advertisement -

America’s Got Talent ပြိုင်ပွဲဟာ အမေရိကန်ပြည်ထောင်စုတွင်သာမက တစ်ကမ္ဘာလုံးက စိတ်ဝင်တစားကြည့်ရှုအားပေးကြတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ America’s Got Talent ပြိုင်ပွဲကို ၂၀၀၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ရာ ယခုဆိုရင်တော့ Season 14 အထိ ရှိလာပြီဖြစ်ပါတယ်။ ယခင်ပြိုင်ပွဲတွေကျင်းပတုန်းကလည်း ထိုက်တန်သူတွေဟာ သက်ဆိုင်တဲ့ ဆုအသီးသီးကို ရရှိခဲ့တာဖြစ်ပြီး ယခု Season 14 ကို အနိုင်ရရှိသူလည်း ပေါ်ပေါက်လာပြီဖြစ်ပါတယ်။

https://www.youtube.com/watch?v=6bwK05Oja2c&feature=youtu.be

Ameica’s Got Talent ပြိုင်ပွဲ Season 14 တွင် အနိုင်ရရှိသွားသူကတော့ Autism ဝေဒနာရှင်လေး Kodi Lee ပဲဖြစ်ပါတယ်။ Kodi တစ်ယောက်ကတော့ ပထမဆုံးအဆင့်ပြိုင်ပွဲမှာပဲ Donny Hathaway ရဲ့ “A Song For  You” ဆိုတဲ့ သီချင်းကို သီဆိုပြီး ကြည့်ရှုသူတွေကိုသာမက ဒိုင်တွေကိုပါ အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Kodi ဟာ ဒိုင်တွေထဲက ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Gabrielle Union ရဲ့ Golden Buzzer ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

- Advertisement -

အသက် ၂၂ ရှိပြီဖြစ်တဲ့ Kodi ဟာ မွေးရာပါ အမြင်အာရုံကြောအားနည်းတဲ့ရောဂါနှင့် မွေးဖွားခဲ့တာဖြစ်ပြီး အသက်၎နှစ်အရွယ် ရောက်တဲ့အခါမှာတော့ Kodi ဟာ Autism ဝေဒနာရှင်ဆိုတာကို မိဘများက စတင်သတိထားမိလာတာပဲ ဖြစ်ပါတယ်။ Autism ဝေဒနာရှင် Kodi  ဟာ သူနှစ်သက်တဲ့ သီချင်းကို ပီယာနိုတီးရင်း သီဆိုနေတဲ့အခါမှာ ထူးချွန်အဆိုတော်တစ်ဦးအသွင်သို့ ပြောင်းသွားတာကို America’s Got Talent ပြိုင်ပွဲကို လာရောက်ကြည့်ရှုသူများသာမက တစ်ကမ္ဘာလုံးက မြင်တွေ့ခဲ့ရတာဖြစ်ပြီး Kodiရဲ့ အရည်အချင်းအပေါ် လက်ခုပ်သြဘာပေးမှုတွေ၊ ချီးမွမ်းထောပနာပြုမှုတွေ၊ အားပေးဂုဏ်ယူမှုတွေ အမြောက်အများရှိခဲ့တာပဲဖြစ်ပါတယ်။

Kodi ဟာ America’s Got Talent ပြိုင်ပွဲရဲ့ နောက်ဆုံးနောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုမှာ Freya Riding ရဲ့ ” Lost Without You” ဆိုတဲ့ သီချင်းကို သီဆိုခဲ့တာဖြစ်ပြီး Calum Scott ရဲ့ “You Are The Reason”ဆိုတဲ့ သီချင်းကို Leona Lewis နဲ့လည်း သီဆိုခဲ့ပါသေးတယ်။ Kodi ရဲ့ မိခင်ဖြစ်သူ Tina က Kodi စင်ပေါ်တက်တဲ့ အချိန်ကနေ စင်ပေါ်ကနေဆင်းတဲ့အချိန်ထိ Kodi အနားမှာ ရှိပေးနေပြီး ဒိုင်တွေနဲ့စကားပြောတဲ့အခါမှာလည်း Tina က သားဖြစ်သူ Kodi အတွက် စကားပြန်တစ်ဦးအနေဖြင့် ရှိပေးခဲ့တာကို တွေ့ရမှာပါ။

Tina က PEOPLE မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ “ကျွန်မသားလေး Kodi မှာ ရှိတဲ့ အနုပညာနဲ့ ပတ်သက်တဲ့ ထူးခြားအရည်အချင်းကို တစ်ကမ္ဘာလုံးကို ပြသခွင့်ရတဲ့အတွက် အရမ်းကို ပီတိဖြစ်ရပါတယ်။” လို့ ဆိုခဲ့ပါတယ်။ Gabrielle Union ကလည်း “Kodi က သူ့လို Autism တစ်ယောက်အနေနဲ့ မလုပ်နိုင်လောက်ဘူးလို့ ထင်ထားတဲ့အရာကို သူလုပ်နိုင်ကြောင်းသက်သေပြသွားတာက တကယ်ကို အံ့သြစရာကောင်းပါတယ်။” လို့ Kodiရဲ့ အရည်အချင်းအပေါ် မှတ်ချက်ပေး ချီးကျူးစကားဆိုခဲ့ပါသေးတယ်။

 

Source ~ PEOPLE Magazine

#SY(Soshwe)

#SoshweEntertainment

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

6 + 9 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...