Breaking News

အရက်အလွန်အကျွံမူးပြီး ရဲကားအနောက်ခန်းမှာ ချစ်တင်းနှောခဲ့တဲ့ စုံတွဲရဲ့အဖြစ်။

အသက် ၃၁နှစ် အရွယ် Aaron Thomas နဲ့ အသက် ၃၅နှစ် အရွယ် Megan Mondanaro တို့နှစ်ဦးဟာ အရက်မူးရင်း လမ်းမပေါ်မှာ ဆိုင်ကယ်မောင်းပြီး လမ်းသလား နေခဲ့ပါတယ်။ ဒါကို ညပိုင်းလှည့်လည်စစ်ဆေးနေတဲ့ လက်ထောက်ရဲအရာရှိတစ်ဦးက သူတို့နှစ်ဦးရဲ့မူမမှန်တာကို သတိထားမိပြီး နှစ်ဦးလုံးကို စစ်ဆေးရာ အရက်မူးနေသည်ကို သိရှိသွားသည့်အတွက် ကားအနောက်ခန်းထဲထည့်ပြီး ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ထိုသို့ ခေါ်ဆောင်သွားရာလမ်းမှာ ရဲအရာရှိက ကားအပြင်ဘက်မှာရပ်နေတုန်း သူတို့နှစ်ဦးက ထိုကားအနောက်ခန်းမှာပဲ ချစ်တင်းနှောဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ ဒီအဖြစ်အပျက်ကို ရဲအရာရှိက သတိထားမိသွားတဲ့အခါမှာတော့ ကားတံခါးကိုဆွဲဖွင့်ပြီး သူတို့နှစ်ဦးကိုတားဖို့အတွက် အဝတ်ဗလာဖြစ်နေပြီဖြစ်တဲ့ Aaron ကို အရင်ဆုံးဆွဲထုတ်ခဲ့ရပါတယ်။ ကားအပြင်ဘက်ကို ဆွဲထုတ်ခံရတဲ့ အရက်မူးနေတဲ့ Aaron တစ်ယောက်ကတော့ ထွက်ပြေးတိမ်းရှောင်ဖို့ အကြံရခဲ့တဲ့အတွက် အဝတ်ဗလာနဲ့ပဲထွက်ပြေးကာ ရေခဲမုန့်ဆိုင်ရဲ့အနောက်မှာ သွားပုန်းနေခဲ့ပေမယ့် နောက်ထပ် ရဲအရာရှိတစ်ယောက်ရဲ့ ထိန်းသိမ်းဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

Aaron တစ်ယောက် အဝတ်ဗလာနဲ့လျှောက်ပြေးနေတဲ့ အချိန်မှာပဲ သူ့ရဲ့ချစ်သူ Megan ကတော့ ရဲအရာရှိကို တိုက်ခိုက်တာမို့ ရဲအရာရှိက သူမကို ပြန်လည်ခုခံကာ နောက်ထပ်ရဲကားတစ်စီးနောက်ကို ထည့်ပေးခဲ့ရပါတယ်။ Aaron နှင့် Megan တို့နှစ်ဦးဟာ ယခင်ကလည်း ပြစ်မှုတွေကျူးလွန်ခဲ့တဲ့အတွက် လနှင့်ချီပြီး ထောင်ထဲတွင် နေခဲ့ရဖူးပါတယ်။ သူတို့နှစ်ဦးကိုကြည့်ရတာ “အခုရှုပ်မှနှောင်ရှင်း” ပုံစံမျိုး ဖြစ်နေတာတော့ အသေအချာပါပဲ။ သူတို့နှစ်ဦးကျူးလွန်ခဲ့တဲ့အပြစ်အတွက် Megan က ဒေါ်လာ ၁၂၀၀၀ ကျော် ဒဏ်ကြေးပေးဆောင်ရန် ချမှတ်ခံခဲ့ရပြီး Aaron ကတော့ အာမခံမရှိတဲ့အတွက် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

<Unicode Version>

 

 

အရက္အလြန္အကၽြံမူးၿပီး ရဲကားအေနာက္ခန္းမွာ ခ်စ္တင္းေႏွာခဲ့တဲ့ စုံတြဲရဲ႕အျဖစ္။

အသက္ ၃၁ႏွစ္ အရြယ္ Aaron Thomas နဲ႔ အသက္ ၃၅ႏွစ္ အရြယ္ Megan Mondanaro တို႔ႏွစ္ဦးဟာ အရက္မူးရင္း လမ္းမေပၚမွာ ဆိုင္ကယ္ေမာင္းၿပီး လမ္းသလား ေနခဲ့ပါတယ္။ ဒါကို ညပိုင္းလွည့္လည္စစ္ေဆးေနတ့ဲ လက္ေထာက္ရဲအရာရွိတစ္ဦးက သူတို႔ႏွစ္ဦးရဲ႕မူမမွန္တာကို သတိထားမိၿပီး ႏွစ္ဦးလုံးကို စစ္ေဆးရာ အရက္မူးေနသည္ကို သိရွိသြားသည့္အတြက္ ကားအေနာက္ခန္းထဲထည့္ၿပီး ရဲစခန္းသို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ပါတယ္။

ထိုသို႔ ေခၚေဆာင္သြားရာလမ္းမွာ ရဲအရာရွိက ကားအျပင္ဘက္မွာရပ္ေနတုန္း သူတို႔ႏွစ္ဦးက ထိုကားအေနာက္ခန္းမွာပဲ ခ်စ္တင္းေႏွာဖို႔အတြက္ စတင္ႀကိဳးစားပါေတာ့တယ္။ ဒီအျဖစ္အပ်က္ကို ရဲအရာရွိက သတိထားမိသြားတဲ့အခါမွာေတာ့ ကားတံခါးကိုဆြဲဖြင့္ၿပီး သူတို႔ႏွစ္ဦးကိုတားဖို႔အတြက္ အဝတ္ဗလာျဖစ္ေနၿပီျဖစ္တဲ့ Aaron ကို အရင္ဆံုးဆြဲထုတ္ခဲ့ရပါတယ္။ ကားအျပင္ဘက္ကို ဆြဲထုတ္ခံရတဲ့ အရက္မူးေနတဲ့ Aaron တစ္ေယာက္ကေတာ့ ထြက္ေျပးတိမ္းေရွာင္ဖို႕ အႀကံရခဲ့တဲ့အတြက္ အဝတ္ဗလာနဲ႔ပဲထြက္ေျပးကာ ေရခဲမုန္႔ဆိုင္ရဲ႕အေနာက္မွာ သြားပုန္းေနခဲ့ေပမယ့္ ေနာက္ထပ္ ရဲအရာရွိတစ္ေယာက္ရဲ႕ ထိန္းသိမ္းဖမ္းဆီးျခင္းကို ခံခဲ့ရပါတယ္။

Aaron တစ္ေယာက္ အဝတ္ဗလာနဲ႔ေလွ်ာက္ေျပးေနတဲ့ အခ်ိန္မွာပဲ သူ႔ရဲ႕ခ်စ္သူ Megan ကေတာ့ ရဲအရာရွိကို တိုက္ခိုက္တာမို႔ ရဲအရာရွိက သူမကို ျပန္လည္ခုခံကာ ေနာက္ထပ္ရဲကားတစ္စီးေနာက္ကို ထည့္ေပးခဲ့ရပါတယ္။ Aaron ႏွင့္ Megan တို႔ႏွစ္ဦးဟာ ယခင္ကလည္း ျပစ္မႈေတြက်ဴးလြန္ခဲ့တဲ့အတြက္ လႏွင့္ခ်ီၿပီး ေထာင္ထဲတြင္ ေနခဲ့ရဖူးပါတယ္။ သူတို႔ႏွစ္ဦးကိုၾကည့္ရတာ “အခု႐ႈပ္မွေႏွာင္ရွင္း” ပံုစံမ်ိဳး ျဖစ္ေနတာေတာ့ အေသအခ်ာပါပဲ။ သူတို႔ႏွစ္ဦးက်ဴးလြန္ခဲ့တဲ့အျပစ္အတြက္ Megan က ေဒၚလာ ၁၂၀၀၀ ေက်ာ္ ဒဏ္ေၾကးေပးေဆာင္ရန္ ခ်မွတ္ခံခဲ့ရၿပီး Aaron ကေတာ့ အာမခံမရွိတဲ့အတြက္ ဆက္လက္ထိန္းသိမ္းခံထားရပါတယ္။

<Zawgyi Version>

 

#SoshweFunny

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ထီပေါက်ပြီးရလာတဲ့ငွေတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ သုံးစွဲချင်တယ်ဆိုတာ ပြောပြပြီးနောက် လူတွေကို အံ့အားသင့်စေခဲ့တဲ့အမျိုးသား။

စာဖတ်သူရဲ့အသိမိတ်ဆွေထဲမှာ ထီပေါက်ဖူးတဲ့လူတွေ ရှိပါသလား? ကမ္ဘာတစ်ဝှမ်းမှာ ထီထိုးကြတဲ့သူတွေ အများကြီးရှိတာကတော့ အမှန်တရားတစ်ခုပါ။ ထီထိုးသူတွေရဲ့ ရည်မှန်းချက်ကလည်း ကံကောင်းပြီး ထီပေါက်ရင်ရမယ့်ငွေတွေနဲ့ သူတို့လိုချင်တာလေးတွေဝယ်နိုင်ဖို့ ၊ သူတို့အနာဂါတ်ကို အာမခံပေးမယ့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro