Breaking News

Tinder Dating Appမှတဆင့် ချစ်သူတွေဖြစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးဖွယ်ရာ အဖြစ်အပျက်။

ချစ်သူနှစ်ဦးဟာ အမှတ်တရနေ့ကို အတူတူကျော်ဖြတ်ချင်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ နှစ်ဦးသား အပန်းဖြေချင်လို့ ပတ်ဝန်းကျင် အေးဆေးငြိမ်သက်တဲ့ စားသောက်ဆိုင်မှာ ညစာအတူတူထွက်စားတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် ချစ်သူကောင်လေးဖြစ်သူက သူ့ရဲ့ကောင်မလေးအတွက် အများနဲ့မတူပဲ ကောင်မလေးကို အံ့အားသင့်သွားစေမယ့် ထူးခြားတဲ့ဖြစ်ရပ်လေးတစ်ခုကို ဖန်တီးပေးလိုကြပါတယ်။

ယခုဖော်ပြပေးမှာကတော့ အသက်၂၄ နှစ်အရွယ် Wyattက သူ့ရဲ့ကောင်မလေးဖြစ်သူ အသက် ၂၀ အရွယ် Annika ကို ပြုလုပ်ပေးခဲ့တဲ့ ရယ်ဖို့လည်းကောင်း ချစ်စရာလည်းကောင်းတဲ့ ဗယုတ်သုတ်ခနိုင်တဲ့ လုပ်ရပ်လေးပဲဖြစ်ပါတယ်။ Wyatt နဲ့ Annika တို့ဟာ တစ်ဦးနှင့်တစ်ဦး စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့အတွက် တခြားသောချစ်သူစုံတွဲတွေလိုပဲ ပျော်စရာကောင်းတဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်ထားကြတာပဲဖြစ်ပါတယ်။

Los Angeles မှာ ကျင်းပတဲ့ ဖျော်ဖြေပွဲတစ်ခုကို Crocs ဖိနပ်ဆင်တူဝတ်ပြီး သွားတာကို ကြည့်ခြင်းအားဖြင့် နှစ်ဦးလုံးဟာ ဘေးလူတွေရဲ့ အမြင်ကို ဂရုမစိုက်ဘဲ ပျော်ပျော်နေတတ်တာကို မြင်ရမှာပဲဖြစ်ပါတယ်။

Annika က “ကျွန်မတို့ တွဲလာတာက ၂ နှစ်နီးပါးလောက်ရှိနေပြီ။ နှစ်ဦးလုံးကလည်း ကယ်လီဖိုးနီးယားပြည်နယ် Clovis ကဆိုတော့ Tinder Dating App မှာ ဆုံတွေ့ပြီး ချစ်သူတွေဖြစ်လာတာပေါ့။ ကျွန်မတို့ Belmont အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို သွားတဲ့အချိန်မှာ Tinder ရုံးချုပ်ကြီးကို တွေ့တာနဲ့ Wyatt က ကျွန်မကို ဓာတ်ပုံအတူတူရိုက်ဖို့ ပြောတာပါ။” လို့ ဆိုခဲ့ပါတယ်။ ဓာတ်ပုံထဲမှာပါတဲ့ သူတို့နှစ်ဦးလုံးရဲ့ အပြုံးလေးတွေကို ကြည့်ရတာက သူတို့နှစ်ဦးလုံးဟာ ၂ နှစ်နီးပါး တွဲလာကြပြီဖြစ်ပေမယ့်လည်း တစ်ယောက်အနားမှာ တစ်ယောက်ရှိနေရတာကို မငြီးငွေ့ပဲ ပျော်ရွှင်နေတဲ့ပုံပါပဲ။

<Unicode Version>

 

 

Tinder Dating Appမွတဆင့္ ခ်စ္သူေတြျဖစ္ခဲ့ၾကတဲ့ ခ်စ္သူႏွစ္ဦးရဲ႕ ၾကည္ႏူးဖြယ္ရာ အျဖစ္အပ်က္။

ခ်စ္သူႏွစ္ဦးဟာ အမွတ္တရေန႔ကို အတူတူေက်ာ္ျဖတ္ခ်င္တဲ့ အခါမွာပဲျဖစ္ျဖစ္၊ ႏွစ္ဦးသား အပန္းေျဖခ်င္လို႔ ပတ္ဝန္းက်င္ ေအးေဆးၿငိမ္သက္တဲ့ စားေသာက္ဆိုင္မွာ ညစာအတူတူထြက္စားတဲ့ အခါမ်ိဳးမွာပဲျဖစ္ျဖစ္ ခ်စ္သူေကာင္ေလးျဖစ္သူက သူ႔ရဲ႕ေကာင္မေလးအတြက္ အမ်ားနဲ႔မတူပဲ ေကာင္မေလးကို အံ့အားသင့္သြားေစမယ့္ ထူးျခားတဲ့ျဖစ္ရပ္ေလးတစ္ခုကို ဖန္တီးေပးလိုၾကပါတယ္။

ယခုေဖာ္ျပေပးမွာကေတာ့ အသက္၂၄ ႏွစ္အရြယ္ Wyattက သူ႔ရဲ႕ေကာင္မေလးျဖစ္သူ အသက္ ၂၀ အရြယ္ Annika ကို ျပဳလုပ္ေပးခဲ့တဲ့ ရယ္ဖို႔လည္းေကာင္း ၊ခ်စ္စရာလည္းေကာင္းတဲ့ ဗယုတ္သုတ္ခႏိုင္တဲ့ လုပ္ရပ္ေလးပဲျဖစ္ပါတယ္။ Wyatt နဲ႔ Annika တို႔ဟာ တစ္ဦးႏွင့္တစ္ဦး စိတ္သေဘာထားခ်င္း တိုက္ဆိုင္တဲ့အတြက္ တျခားေသာခ်စ္သူစံုတြဲေတြလိုပဲ ေပ်ာ္စရာေကာင္းတဲ့ ခ်စ္သူဘဝေလးကို ပိုင္ဆိုင္ထားၾကတာပဲျဖစ္ပါတယ္။

Los Angeles မွာ က်င္းပတဲ့ ေဖ်ာ္ေျဖပြဲတစ္ခုကို Crocs ဖိနပ္ဆင္တူဝတ္ၿပီး သြားတာကို ၾကည့္ျခင္းအားျဖင့္ ႏွစ္ဦးလံုးဟာ ေဘးလူေတြရဲ႕ အျမင္ကို ဂ႐ုမစိုက္ဘဲ ေပ်ာ္ေပ်ာ္ေနတတ္တာကို ျမင္ရမွာပဲျဖစ္ပါတယ္။

Annika က “ကၽြန္မတို႔ တြဲလာတာက  ၂ ႏွစ္နီးပါးေလာက္ရွိေနၿပီ။  ႏွစ္ဦးလံုးကလည္း ကယ္လီဖိုးနီးယားျပည္နယ္ Clovis ကဆိုေတာ့ Tinder Dating App မွာ ဆံုေတြ႔ၿပီး ခ်စ္သူေတြျဖစ္လာတာေပါ့။ ကၽြန္မတို႔ Belmont အဖြဲ႔ရဲ႕ ေဖ်ာ္ေျဖပြဲကို သြားတဲ့အခ်ိန္မွာ Tinder ႐ံုးခ်ဳပ္ႀကီးကို ေတြ႕တာနဲ႕ Wyatt က ကၽြန္မကို ဓာတ္ပံုအတူတူ႐ိုက္ဖို႔ ေျပာတာပါ။” လို႔ ဆိုခဲ့ပါတယ္။ ဓာတ္ပံုထဲမွာပါတဲ့ သူတို႔ႏွစ္ဦးလံုးရဲ႕ အၿပံဳးေလးေတြကို ၾကည့္ရတာက သူတို႔ႏွစ္ဦးလံုးဟာ ၂ ႏွစ္နီးပါး တြဲလာၾကၿပီျဖစ္ေပမယ့္လည္း တစ္ေယာက္အနားမွာ တစ္ေယာက္ရွိေနရတာကို မၿငီးေငြ႔ပဲ ေပ်ာ္ရႊင္ေနတဲ့ပံုပါပဲ။

<Zawgyi Version>

 

#SoshweLifeStyle

#SoshweForYpurDailyLife

#Like&Share

About admin

Check Also

ကြင်ယာဖက်ရဲ့ ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ ဆွေမျိုး ၂၃ ယောက်ကို စားသောက်ဆိုင် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်။

တရုတ်နိုင်ငံ Zhejiang ဒေသမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးဟာ “Blind Date” လို့ခေါ်တဲ့ တစ်ခါမှမတွေ့ဖူးတဲ့ ကြင်ယာဖက်နဲ့ တွေ့ဆုံမယ့် စားသောက်ဆိုင်သို့ ဆွေမျိုး ၂၃ ယောက်လုံးကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro