HomeEntertainmentနာမည်ကျော်မင်းသားကြီး Brad Pitt ကို ခယ်မဖြစ်သူနဲ့ အောင်သွယ်ပေးရန် စီစဉ်နေသည့် Kanye West

နာမည်ကျော်မင်းသားကြီး Brad Pitt ကို ခယ်မဖြစ်သူနဲ့ အောင်သွယ်ပေးရန် စီစဉ်နေသည့် Kanye West

- Advertisement -

Rapper တစ်ဦးဖြစ်သည့် Kanye West သည် သူ့ဇနီးဖြစ်သူ Kim Kardashian ရဲ့ ညီမ Khloe ကို နာမည်ကျော် မင်းသားကြီး Brad Pitt နဲ့ အောင်သွယ်ပေးရန် ဆန္ဒရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ တနင်္ဂနွေနေ့တိုင်း ကျင်းပပြုလုပ်နေကျ Kanye West ရဲ့ Sunday Service အစီအစဉ်၌ Brad Pitt နဲ့ Khloe တို့နှစ်ယောက်တက်ရောက်ခဲ့သလို သူမရဲ့ညီအစ်မတွေဖြစ်တဲ့ Kim၊ Kendall နဲ့ Kourtney တို့လည်း တက်ရောက်ခဲ့ပါတယ်။

အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်သူ Khloe သည် အသက် (၅၅) နှစ်အရွယ် Brad ကို သဘောကျကြောင်း ရေဒီယိုအစီအစဉ်များမှတစ်ဆင့် တရားဝင်ဖွင့်ဟဝန်ခံထားပြီး “Brad Pitt ကိုသာ ခေါ်လာခဲ့စမ်းပါ။ ကျွန်မ သူနဲ့ ရေဒီယို လေလှိုင်းပေါ်မှာတင် လိင်ဆက်ဆံပြမယ်။” ဟု ပြောကြားခဲ့ဖူးပါတယ်။ ဒါ့အပြင် Brad နဲ့ ပတ်သက်၍လည်း “သူက တကယ်ကို ကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး ကျွန်မသူ့ကို ချစ်ပါတယ်။ ဒါပေမယ့် သူအရမ်းကို ငယ်ရွယ်တုန်းကတော့ ကျွန်မသူ့ကို မချစ်ခဲ့ပါဘူး။” ဟုလည်း Khloe က သူမရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ရေးသားခဲ့ပါသေးတယ်။

- Advertisement -

Brad သည် သူ့ရဲ့ဇနီးဖြစ်သူ Angelina Jolie နဲ့လမ်းခွဲထားသလို Khloe ကလည်း ယခုနှစ်အစောပိုင်း၌ Tristan Thompson နဲ့ လမ်းခွဲထားခြင်းကြောင့် Brad နဲ့ Khloe တို့နှစ်ယောက် Kanye West ရဲ့ အလိုတော်အတိုင်း ဖူးစာဆုံဖြစ်ကြမလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

 

- Advertisement -

Source ~ Mirror News

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × two =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...