Conor McGregor တစ်ယောက် လာမယ့်ဒီဇင်ဘာလအတွင်း UFC ကြိုးဝိုင်းသို့ တစ်ကျော့ပြန် ပြန်လာဖွယ်ရှိတယ်ဆိုပြီး သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ Conor ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလက Habib Nurmagomedov နဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ ရှုံးနိမ့်ပြီးနောက် အနားယူခဲ့ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်အချို့မှာတော့ “ Dublin, December 14th ” ဆိုပြီး သူ့ရဲ့တွစ်တာအကောင့်မှာ တင်ခဲ့ကာ ပရိသတ်တွေက Conor အနေနဲ့ သူ့ရဲ့ ကြိုးဝိုင်းထဲပြန်ဝင်မယ့်နေ့ကို ဖော်ပြနေခြင်းပဲဖြစ်တယ်ဆိုပြီး ယူဆခဲ့ကြပါတယ်။ မီဒီယာတွေရဲ့ မေးခွန်းပေါင်းမြောက်မြားစွာကို ရင်ဆိုင်ပြီးနောက်ဆုံးမှာတော့ Conor တစ်ယောက် ကြိုးဝိုင်းထဲပြန်လာမယ်ဆိုတာကို အတည်ပြုပြောကြားခဲ့ပါတယ်။
တကယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့ ဒက်ဘလင်မှာ UFC ပွဲ ကျင်းပဖြစ်ခဲ့မယ်ဆိုရင် ၂၀၁၅ နောက်ပိုင်း ပထမဦီးဆုံးအကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်ကာ Conor အတွက် သူ့ရဲ့ မွေးရပ်မြေမှာ ပထမဦးဆုံး ထိုးသတ်ရမယ့်ပွဲဖြစ်လာမှာပါ။ UFC ရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ James Elliott မှ “ Croke ပန်းခြံ နဲ့ Aviva အားကစားကွင်းတို့ဟာ UFC ပွဲကျင်းပဖို့ အသင့်တော်ဆုံးနေရာတွေပဲဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ မည်သည့်ကိစ္စကိုမှ ဖုံးကွယ်သွားဖို့ အစီအစဉ်မရှိပါဘူး . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
ဒီတစ်ခေါက် McGregor နဲ့ထိုးသတ်မယ့်သူဟာ Justin Gaethje ဖြစ်နိုင်ချေများပြီး Justin ကလည်း မကြာသေးခင်ကာလအတွင်းမှ Conor နဲ့ ထိုးသတ်ချင်တယ်ဆိုပြီး စိန်ခေါ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
Source ~ Unilad
#ST(Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share