HomeHealth & Beautyအမေရိကန်နိုင်ငံ၌ Vape သောက်သုံးခြင်းကို ပိတ်ပင်တော့မယ့် သမ္မတဒေါ်နယ်ထရမ့်။

အမေရိကန်နိုင်ငံ၌ Vape သောက်သုံးခြင်းကို ပိတ်ပင်တော့မယ့် သမ္မတဒေါ်နယ်ထရမ့်။

- Advertisement -

အမေရိကန်နိုင်ငံရဲ့သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်သည် စက်တင်ဘာလ (၁၁) ရက်နေ့က အိမ်ဖြူတော်၌ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီး၌ Vape  သောက်သုံးခြင်းဟာ  ပြဿနာတစ်ရပ်ဖြစ်နေကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ဆေးလိပ်အစားထိုး E- Cigarettes အဖြစ် လူသိများသည့် Vape ကို သောက်သုံးပြီး လူသေဆုံးမှုများဖြစ်ပွါးခဲ့သည့်နောက် ဒေါ်နယ်ထရမ့်က “ဒါက အားလုံးအတွက် ပြဿနာတစ်ရပ်ဖြစ်နေပြီး အထူးသဖြင့် ကလေးသူငယ်တွေအပေါ် ကျွန်တော်တို့  လေးစားမှုထားရှိဖို့လိုအပ်ပါတယ်။” ဟု ဆိုပါတယ်။

အမေရိကန်နိုင်ငံတစ်ဝှမ်း၌ အဆိုပါ Vape သောက်သုံးပြီး လူသေဆုံးမှု (၆) ကြိမ်အထိ ဖြစ်ပွါးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ကျန်းမာရေးနဲ့ လူထုထောက်ပံ့ရေးအတွင်းရေးမှူး Alex Azar နဲ့ အစားအသောက်နဲ့  ဆေးဝါးကွပ်ကဲရေး (FDA) ရဲ့ အကြီးအကဲဖြစ်သူ Norman Sharpless တို့နဲ့အတူ အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးအပြီးမှာ “ကျွန်တော်တို့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။” ဟု ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

- Advertisement -

 

- Advertisement -

နိုင်ငံအတွင်းရှိ ကလေးသူငယ်ပေါင်း (၅) သန်းကလည်း ကျန်းမာရေးအတွက် အန္တရာယ်များသည့် Vape ကို သုံးစွဲနေကြောင်း စစ်တမ်းများက ဖော်ပြနေပြီး FDA အနေနဲ့ မကြာခင်မှာပဲ Vape သုံးစွဲခြင်းကို တားမြစ်သည့် ဥပဒေတစ်ရပ်အခိုင်အမာ ထုတ်ပြန်တော့မယ်လို့ သိရပါတယ်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကွယ်လွန်ခဲ့သည့် Kanvas ဒေသမှ အသက် (၅၀) အရွယ် အမျိုးသားသည်လည်း Vape ကို စွဲမြဲစွာ သောက်သုံးတတ်သည့် အမျိုးသားတစ်ဦးဖြစ်ပြီး သူမသေဆုံးခင်၌ Vape ကြောင့်ဖြစ်ပွါးသည့် ရောဂါလက္ခဏာနဲ့ ပုံစံတူ  ရောဂါလက္ခဏာကို ခံစားခဲ့ရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ (၇) ရက်နေ့က လော့စ်အိန်ဂျယ်လိစ်မြို့၌ ကွယ်လွန်ခဲ့သည့် အမျိုးသားသည်လည်း Vape သောက်ခြင်းကြောင့်ဖြစ်ပွါးသည့် နာတာရှည်ရောဂါလက္ခဏာဖြင့် ကွယ်လွန်ခဲ့ပြီး Indiana၊ Minnesota၊ Illinois နဲ့ Oregon ဒေသတို့၌လည်း Vape ကြောင့် လူသေဆုံးမှုများရှိခဲ့ပါတယ်။

လော့စ်အိန်ဂျယ်လိစ်သတင်းစာရဲ့ ဖော်ပြချက်အရ Vape သောက်သုံးခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ပျို့အန်ခြင်းတို့အပြင် အဆိုပါလက္ခဏာများနဲ့ ပုံစံဆင်တူသည့် ရောဂါလက္ခဏာများကို ခံစားရပြီး လက်ရှိအချိန်၌ လူ (၁၂) ယောက်အထိ ဆေးရုံတင်ခဲ့ရကြောင်း သိရှိရပါတယ်။ The Guardians သတင်းစာမှလည်း အမေရိကန်နိုင်ငံ၌ အရွယ်ရောက်ပြီးသူ (၉) သန်းခန့်နဲ့ ဆယ်ကျော်သက်အရွယ် (၃.၆) သန်းသည် Vape ကိုစွဲမြဲစွာ အသုံးပြုနေကြပြီး ထိုအထဲမှ (၂၀) ရာခိုင်နှုန်းက အထက်တန်းကျောင်းသားအရွယ်သာ ရှိသေးကြောင်းလည်း သိရှိရပါတယ်။

 

Source ~ Unilad

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

- Advertisement -

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × 5 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...