HomeLifeStyleအသက် (၁၁၀) ပြည့်မွေးနေ့ပွဲကို ကျင်းပခဲ့သည့် ဒုတိယကမ္ဘာစစ်မှ စစ်မှုထမ်းဟောင်းကြီး။

အသက် (၁၁၀) ပြည့်မွေးနေ့ပွဲကို ကျင်းပခဲ့သည့် ဒုတိယကမ္ဘာစစ်မှ စစ်မှုထမ်းဟောင်းကြီး။

- Advertisement -

Lawence Brooks ဟုအမည်ရသည့် ဒုတိယကမ္ဘာစစ်မှ အမေရိကန်စစ်မှုထမ်းဟောင်းကြီးရဲ့ အသက် (၁၁၀) ပြည့်မွေးနေ့ကို ပြီးခဲ့သည့် စက်တင်ဘာလ (၁၂) ရက်နေ့က New Orleans ရှိ ဒုတိယကမ္ဘာစစ်ပြတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Brooks ရဲ့မွေးနေ့ပါတီကို (၂၀၁၄) ခုနှစ်မှစတင်ကာ အဆိုပါပြတိုက်မှ ဦးစီးကျင်းပပေးခဲ့ပြီး ဒီနှစ်မှာလည်း ကိတ်မုန့်နဲ့ Victory Belles တို့ရဲ့ တေးဂီတဖျော်ဖြေမှုများနဲ့ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

Brooks သည် အရာရှိသုံးယောက်ရဲ့ အစေခံကျွန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ပထမတန်းစားလူပုဂ္ဂိုလ်တစ်ယောက်အဖြစ်လည်း သတ်မှတ်ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ အဆိုပါမွေးနေ့ပွဲကို မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနဲ့ ဒုတိယကမ္ဘာစစ်အတွင်း၌ Brooks နဲ့အတူ နိုင်ငံ့တာဝန်ကို အတူထမ်းဆောင်ခဲ့သည့် သက်ရှိထင်ရှားရှိနေဆဲ စစ်မှုထမ်းဟောင်းကြီးများလည်း လာရောက်ခဲ့ပါတယ်။ အဆိုပါပွဲ၌ Brooks က “ကျွန်တော့်အတွက် နောက်ထပ်မွေးနေ့ပွဲတွေ အများကြီး မကျန်တော့ဘူးလို့ စတွေးမိတဲ့အချိန်ပါ။ ဒါပေမယ့် ကျွန်တော် စိုးရိမ်ပူပန်နေမှာ မဟုတ်ပါဘူး။ ဘုရားသခင်က ကျွန်တော့်ကို ဒီလောက်အကြာကြီး အသက်ရှင်ခွင့်ပေးခဲ့ပြီးပါပြီ။ ဒီလိုဖြစ်ရတာကလည်း ကျွန်တော်က လူတွေအပေါ် အရမ်းနှစ်သက်လို့ ဖြစ်ပါလိမ့်မယ်။” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -

အသက် (၁၁၂) နှစ်အရွယ် Richard Overton ဟုခေါ်သည့် ဒုတိယကမ္ဘာစစ်လက်ကျန် အမေရိကန်စစ်မှုထမ်းဟောင်းကြီးသည် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ဒီဇင်ဘာလက ကွယ်လွန်သွားခဲ့ပြီးနောက် Brooks က ဒုတိယကမ္ဘာစစ်လက်ကျန် စစ်မှုထမ်းဟောင်းများအနက် အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် မှတ်တမ်းတင်လျက်ရှိပါတယ်။ သားသမီး (၁၀) ယောက်ရဲ့ ဖခင်တစ်ဦးလည်းဖြစ်သည့် Brooks က ဒုတိယကမ္ဘာစစ်အတွင်း လေတပ်၌ တာဝန်ထမ်းဆောင်စဉ်က အမှတ်တရများနဲ့ ပတ်သက်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

- Advertisement -

Brooks က “အဲ့ဒီအချိန်က လေယာဉ်ရဲ့ အင်ဂျင်တစ်လုံးဟာ အလုပ်မလုပ်တော့တာကြောင့် လေယာဉ်ကို ပေါ့သွားအောင်လို့ ကျွန်တော်က ပါလာတဲ့ကုန်ပစ္စည်းတွေကို သမုဒ္ဒရာထဲ ပစ်ချခဲ့ရပါတယ်။   နောက်ပြီး အဲ့ဒီလေယာဉ်ပေါ်မှာ လေယာဉ်မှူးနဲ့ လက်ထောက်လေယာဉ်မှူးနှစ်ယောက်အတွက် လေထီးနှစ်လုံးပဲ ပါလာပြီး ကျွန်တော်ကတော့ လေယာဉ်မှူးကိုနောက်တာပေါ့။ ခင်ဗျားသာ လေထီးနဲ့ ခုန်ချသွားမယ်ဆိုရင် ကျွန်တော်က ခင်ဗျားကို ဆွဲထားမှာဆိုပြီးတော့ပေါ့။ အဲ့ဒီအချိန်က တကယ်ကို ကြောက်စရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။” ဟု သူ့ရဲ့အဖြစ်အပျက်ကို ပြောပြသွားခဲ့ပါတယ်။

 

Source ~ Unilad

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

thirteen − 5 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...