HomeSportလီဗာပူးအသင်းရဲ့အဓိကနောက်ခံလူ ဗန်ဒိုက်ခ်ျကို စိတ်ဝင်စားနေသည့် အသင်းကြီးများ။

လီဗာပူးအသင်းရဲ့အဓိကနောက်ခံလူ ဗန်ဒိုက်ခ်ျကို စိတ်ဝင်စားနေသည့် အသင်းကြီးများ။

- Advertisement -

စပိန်ထိပ်သီးနှစ်သင်းဖြစ်သည့် ဘာစီလိုနာအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့သည် လီဗာပူးအသင်းရဲ့နောက်ခံလူ ဗန်ဒိုက်ခ်ျကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း သိရှိရပါတယ်။ အဆိုပါနယ်သာလန်လက်ရွေးစင်နောက်ခံလူသည် (၂၀၁၈) ခုနှစ်  ဆောင်းရာသီအပြောင်းအရွှေ့မှာ  ဆောက်သမ်တန်အသင်းမှ လီဗာပူးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်၌မူ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ကစားသမားလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုအတွက် အသက် (၂၈) နှစ်အရွယ် ဗန်ဒိုက်ခ်ျက အဓိကနေရာမှ ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ AS သတင်းစာရဲ့ ဖော်ပြချက်အရ စပိန်ထိပ်သီးအသင်း နှစ်သင်းက လာမယ့်နွေရာသီအပြောင်းအရွှေ့၌ ဗန်ဒိုက်ခ်ျကို ခေါ်ယူနိုင်ရန် အခုချိန်မှစပြီး စောင့်ကြည့်နေပြီဟု သိရှိရပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းက သူတို့ရဲ့ လာလီဂါပွဲစဉ် (၄) ပွဲ၌ (၆) ဂိုးအထိ ပေးခဲ့ရသလို ဘာစီလိုနာအသင်းကလည်း (၇) ဂိုးအထိ ပေးခဲ့ရတာကြောင့် အသင်းရဲ့ ခံစစ်ပိုင်းကို ဗန်ဒိုက်ခ်ျကဲ့သို့ ဦးဆောင်နိုင်စွမ်းရှိသည့် နောက်ခံလူတစ်ယောက်နဲ့ အင်အားဖြည့်တင်းရန် ဆန္ဒရှိနေပါတယ်။

- Advertisement -

ဗန်ဒိုက်ခ်ျကလည်း လက်ရှိအချိန်မှာ (၂၀၁၉) ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ အပြိုင် ရေပန်းစားလျက်ရှိနေသည့်အပြင် လီဗာပူးအသင်းနဲ့လည်း စာချုပ်သက်တမ်း (၄) နှစ် ကျန်ရှိနေသေးသည့် ကစားသမားတစ်ဦးဖြစ်ပေမယ့် ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့ကသာ ဗန်ဒိုက်ခ်ျအတွက် ငွေကြေးအင်အားစိုက်ထုတ်ပြီး အမှန်တကယ်ကြိုးစားလာမယ်ဆိုပါက လီဗာပူးအသင်းအနေနဲ့လည်း အခက်အခဲများနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

- Advertisement -

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read