HomeOtherအသက် ၈၀ အရွယ် အဘိုးကြီးအယောင်ဆောင်၍ အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ကြိုးစားခဲ့တဲ့အမျိုးသား။

အသက် ၈၀ အရွယ် အဘိုးကြီးအယောင်ဆောင်၍ အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ကြိုးစားခဲ့တဲ့အမျိုးသား။

- Advertisement -

အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အဘိုးကြီးအယောင်ဆောင်၍ အိန္ဒိယနိုင်ငံ Indira Gandhi အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အမေရိကန်နိုင်ငံသို့ သွားရောက်ရန်ကြိုးပမ်းခဲ့ကြောင်း သိရှိရပါတယ်။

CNN သတင်းဌာနရဲ့ ထုတ်ပြန်ကြေငြာချက်အရ Jayesh Patel လို့ခေါ်တဲ့အမျိုးသားဟာ အိန္ဒိယအမျိုးသားတွေဆောင်းလေ့ရှိတဲ့ ခေါင်းပေါင်း၊ အိန္ဒိယအမျိုးသားတွေရဲ့ အဖြူရောင်ဝမ်းဆက် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး၊ အဖြူရောင်မုတ်ဆိတ်မွှေးအတုတို့ဖြင့် အသက် ၈၀ အရွယ်အဘိုးကြီး အယောင်ဆောင်ကာ အမေရိကန်နိုင်ငံသို့သွားရောက်ရန်ကြိုးစားခဲ့တယ်ဆိုပြီး သိရှိရပါတယ်။

- Advertisement -

 

- Advertisement -

ဗဟိုလုံခြုံရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Kishore မှ “Jayesh ဟာ သူ့ကိုယ်သူ အဘိုးကြီးတစ်ယောက်ကဲ့သို့ အယောင်ဆောင်ရုံသာမက မသန်မစွမ်းဖြစ်နေသူတစ်ယောက်ကဲ့သို့ပါ ဟန်ဆောင်နေခဲ့တာပါ။ စစ်ဆေးရေးဂိတ်ကို ဖြတ်တဲ့အချိန်မှာတော့ စစ်ဆေးရေးမှူးက Wheel Chair ပေါ်ကနေ မတ်တတ်ရပ်ပြဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Jayesh က သူ့အနေနဲ့မထနိုင်တဲ့အကြောင်းနဲ့ စစ်ဆေးရေးမှူးကလည်း အခြားလူတစ်ယောက်အကူအညီနဲ့ မတ်တတ်ရပ်ပြနိုင်ရင် မတ်တတ်ရပ်ပြဖို့လိုအပ်ကြောင်း ရှင်းပြခဲ့ပါတယ် . . . ” ဆိုပြီး CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ တကယ်တော့ Jayesh မှ စစ်ဆေးရေးဂိတ်ကို အလွယ်တကူဖြတ်သန်းချင်တဲ့အတွက်ကြောင့် ယခုကဲ့သို့ အယောင်ဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။

Jayesh ရဲ့ ဆံပင်တွေဟာ မဲနက်နေပြီး သူ့ရဲ့မုတ်ဆိတ်မွှေးတွေက ဖြူဖွေးနေတာကို စစ်ဆေးရေးမှူးတစ်ယောက်က ရိပ်မိခဲ့ခြင်းဖြစ်ကာ Jayesh ကို စစ်ဆေးမေးမြန်းမှုအချို့  ပြုလုပ်ခဲ့ပါတယ်။  Amrick singh ဆိုတဲ့ အသက် ၈၀ အရွယ် အဘိုးကြီးအဖြစ် ဟန်ဆောင်ပြုလုပ်ထားတဲ့ပတ်စ်ပို့ကို ကိုင်ဆောင်ထားသူ Jayesh ဟာ အမှန်တော့ အသက် ၃၂ နှစ်အရွယ်သာရှိသေးတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်ပိုင်း လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ဖို့အတွက် တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးခဲ့ပါတယ်။

 

Source ~ PEOPLE Magazine

#ST(Soshwe)

#SoshweNews

- Advertisement -

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

eight + two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...