၁။ Kate Beckinsale
မင်းသမီးကြီး Kate မှ သူ့ရဲ့ အိပ်ခန်းအတွင်း Yoga လေ့ကျင့်နေပုံကို Selfie ရိုက်ပြီး အင်စတာဂရမ်အကောင့်မှာ ဝေမျှခဲ့ပါတယ်။
၂။ Jana Kramer
ကန်းထရီးအဆိုတော်လေးဖြစ်တဲ့ Jana ဟာ သူမရဲ့နေအိမ်ထဲမှာ အမျိုးသားဖြစ်သူ Mike Caussin နဲ့အတူ အပြင်မသွားခင် Selfie ရိုက်ထားတဲ့ပုံ။
၃။ Emily Ratajkowski
စူပါမော်ဒယ်တစ်ဦးဖြစ်သူ Emily တစ်ယောက် သူမရဲ့ နေအိမ်ထဲမှာ ခွေးလေးနဲ့အတူ ဝိုင်သောက်ရင်း အပန်းဖြေအနားယူနေပုံ။
၎။ Zooey Deschanel
The New Girl ကြယ်ပွင့်ဖြစ်တဲ့ Zooey တစ်ယောက် ရက်ရှည်ပိတ်ရက်မှာ အပန်းဖြေအနားယူဖို့အတွက် ပေါ့ပေါ့ပါးပါးအဝတ်အစားကို ဝတ်ဆင်ပြီး သူမနေအိမ်ရေချိုးခန်း အပြင်ဖက်မှာ ရိုက်ကူးထားတဲ့ဓာတ်ပုံကို “ သူငယ်ချင်းတွေအားလုံး ရက်ရှည်ပိတ်ရက်မှာ ကောင်းကောင်းမွန်မွန် အနားယူနိုင်ကြပါစေနော် . . . ” ဆိုပြီး Caption ရေးကာ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။
၅။ Kevin Hart
ဟာသ သရုပ်ဆောင်ကြီးဖြစ်တဲ့ Kelvin Hart မှာ မတော်တဆယာဉ်တိုက်မှုမဖြစ်ပွားခင်တုန်းက သူ့အိမ်အနောက်ဖက်ရှိ ရေကူးကန်ကြီးမှာ ပျော်ပျော်ပါးပါးအနားယူနေပုံကို ဝေမျှခဲ့ပါတယ်။ “ ကျွန်တော်ကတော့ အားလပ်ရက်တွေမှာ အိမ်မှာအနားယူရတာကိုပဲ ကြိုက်နှစ်သက်ပါတယ်။ ခင်ဗျားတို့ရဲ့ အားလပ်ရက်မှာလည်း ပျော်ပျော်နေကြဗျာ . . . ” ဆိုပြီး Caption ရေးကာ တင်ခဲ့ပါတယ်။
၆။ Kylie Jenner
သူမနေအိမ်ရှိ ရေချိုးခန်းမှန်ကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံနဲ့ ပုရိသအပေါင်းကို ဆွဲဆောင်လိုက်တဲ့ Kylie
၇။ Kourtney Kardashian
ညအိပ်ဝတ်စုံ ဝတ်ဆင်ထားပြီိး မျက်နှာပေါင်းတင်ထားတဲ့ပုံစံနဲ့ ညီမဖြစ်သူ Kendal Jenner နေအိမ်ရှိ ရေချိုးခန်းထဲမှာ ရိုက်ကူးထားပုံ။
Source ~ PEOPLE Magazine
#ST(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share