HomeTechAlibaba ကုမ္ပဏီကြီးကနေ အနားယူတော့မယ့် ပိုင်ရှင်ဘီလျံနာသူဌေးကြီး Jack Ma

Alibaba ကုမ္ပဏီကြီးကနေ အနားယူတော့မယ့် ပိုင်ရှင်ဘီလျံနာသူဌေးကြီး Jack Ma

- Advertisement -

တရုတ်နိုင်ငံသို့ E-Commerce စီးပွားရေးကို ယူဆောင်ပေးခဲ့တဲ့ Alibaba ကုမ္ပဏီရဲ့ပိုင်ရှင်သူဌေးကြီး ဘီလျံနာဂျက်မားဟာ Alibaba ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးကနေ အနားယူတော့မယ်ဆိုပြီး တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂျက်မားမှ သူ့ရဲ့ အနားယူတဲ့အထိမ်းအမှတ်အဖြစ် ဟန်ကျိုးမှာရှိတဲ့ အိုလံပစ်အားကစားကွင်းအရွယ်အစားလောက်ရှိ ကစားကွင်းကြီးထဲမှာ အကြီးအကျယ်ကျင်းပပြုလုပ်ခဲ့ပါတယ်။

Alibaba ကုမ္ပဏီကြီးကို ဒေါ်လာ ၄၆၀ ဘီလျံတန် လုပ်ငန်းကြီးတစ်ခုဖြစ်လာအောင် ဆယ်စုနှစ် နှစ်ခုအကြာ ကြိုးစားခဲ့ပြီးနောက်မှာတော့ သူဌေးကြီးဂျက်မားတစ်ယောက် ပရဟိတလုပ်ငန်းတွေမှာသာ အာရုံစိုက်တော့မယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဂျက်မားဟာ ၂၀၁၄ ခုနှစ်ကနေစတင်ပြီး ဂျက်မားဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့ပြီး အခုလိုတည်ထောင်ရတဲ့ရည်ရွယ်ချက်ကလည်း Bill and Melinda Gates ဖောင်ဒေးရှင်းကို အားကျလေးစားတဲ့အနေနဲ့ တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

Alibaba ကုမ္ပဏီမှကျင်းပတဲ့ အခမ်းအနားတစ်ခုမှာလည်း ဂျက်မားမှ “ ကျွန်တော် အသက် ၇၀ မတိုင်ခင်အထိ ပညာရေးနယ်ပယ်ပိုင်းမှာ တစ်ခုခုလုပ်ကြည့်ချင်သေးတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ ကွန်မြူးနစ်ပါတီအဖွဲ့ဝင် ဂျက်မားဟာ ကျော်ကြားတဲ့ စီးပွားရေးစွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပြီး ဒေါ်လာ ၄၀ ဘီလျံကျော်ကြွယ်ဝကာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီးလည်းဖြစ်ပါတယ်။

- Advertisement -

ဂျက်မားဟာအရင်တုန်းက အင်္ဂလိပ်စာဆရာတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး ပညာရေးနဲ့ပက်သက်တဲ့ သူ့ရဲ့ စိတ်ပြင်းပြမှုအကြောင်းကိုလည်း ပြောကြားခဲ့ဖူးပါတယ်။ ဂျက်မားဟာ သူ့အနေနဲ့ အခုလိုမျိုး အနားယူရတဲ့အကြောင်းနဲ့ပက်သက်ပြီး “ ဆရာတိုင်းလိုလိုဟာ သူတို့တွေ့ရဲ့တပည့်တွေကို သူတို့ထက် သာလွန်ပြီး အောင်မြင်တဲ့သူတွေသာ ဖြစ်စေချင်ကြပါတယ်။ အခု ကျွန်တော်လည်း ဒီလိုပါပဲ။ ငယ်ရွယ်ပြီး အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေကို ကျွန်တော့်ထက်သာလွန်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ နေရာလွှဲပြောင်းပေးတာပဲဖြစ်ပါတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

 

Alibaba ကုမၸဏီႀကီးကေန အနားယူေတာ့မယ့္ ပိုင္ရွင္ဘီလ်ံနာသူေဌးႀကီး Jack Ma

တရုတ္ႏိုင္ငံသို႕ E-Commerce စီးပြားေရးကို ယူေဆာင္ေပးခ့ဲတ့ဲ Alibaba ကုမၸဏီရဲ႕ပုိင္ရွင္သူေဌးႀကီး ဘီလ်ံနာဂ်က္မားဟာ Alibaba ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ရာထူးကေန အနားယူေတာ့မယ္ဆုိၿပီး တရားဝင္ထုတ္ေဖာ္ေျပာၾကားခ့ဲပါတယ္။ ဂ်က္မားမွ သူ႕ရဲ႕ အနားယူတ့ဲအထိမ္းအမွတ္အျဖစ္ ဟန္က်ိဳးမွာရွိတ့ဲ အိုလံပစ္အားကစားကြင္းအရြယ္အစားေလာက္ရွိ ကစားကြင္းႀကီးထဲမွာ အႀကီးအက်ယ္က်င္းပျပဳလုပ္ခ့ဲပါတယ္။

Alibaba ကုမၸဏီႀကီးကို ေဒၚလာ ၄၆၀ ဘီလ်ံတန္ လုပ္ငန္းႀကီးတစ္ခုျဖစ္လာေအာင္ ဆယ္စုႏွစ္ ႏွစ္ခုအၾကာ ႀကိဳးစားခ့ဲၿပီးေနာက္မွာေတာ့ သူေဌးႀကီးဂ်က္မားတစ္ေယာက္ ပရဟိတလုပ္ငန္းေတြမွာသာ အာရုံစိုက္ေတာ့မယ္ဆိုၿပီး ေျပာၾကားခ့ဲပါတယ္။ ဂ်က္မားဟာ ၂၀၁၄ ခုႏွစ္ကေနစတင္ၿပီး ဂ်က္မားေဖာင္ေဒးရွင္းကို စတင္တည္ေထာင္ခ့ဲၿပီး အခုလိုတည္ေထာင္ရတ့ဲရည္ရြယ္ခ်က္ကလည္း Bill and Melinda Gates ေဖာင္ေဒးရွင္းကို အားက်ေလးစားတ့ဲအေနနဲ႕ တည္ေထာင္ခ့ဲျခင္းျဖစ္ပါတယ္။

Alibaba ကုမၸဏီမွက်င္းပတ့ဲ အခမ္းအနားတစ္ခုမွာလည္း ဂ်က္မားမွ “ ကၽြန္ေတာ္ အသက္ ၇၀ မတိုင္ခင္အထိ ပညာေရးနယ္ပယ္ပိုင္းမွာ တစ္ခုခုလုပ္ၾကည့္ခ်င္ေသးတယ္ . . . ” ဆိုၿပီး ေျပာၾကားခ့ဲပါတယ္။ ကြန္ျမဴးနစ္ပါတီအဖြဲ႕ဝင္ ဂ်က္မားဟာ ေက်ာ္ၾကားတ့ဲ စီးပြားေရးစြန္႕ဦးတီထြင္သူတစ္ဦးျဖစ္ၿပီး ေဒၚလာ ၄၀ ဘီလ်ံေက်ာ္ၾကြယ္ဝကာ တရုတ္ႏိုင္ငံရဲ႕ အခ်မ္းသာဆုံး သူေဌးႀကီးလည္းျဖစ္ပါတယ္။

ဂ်က္မားဟာအရင္တုန္းက အဂၤလိပ္စာဆရာတစ္ေယာက္အျဖစ္ လုပ္ကိုင္ခ့ဲဖူးၿပီး ပညာေရးနဲ႕ပက္သက္တ့ဲ သူ႕ရဲ႕ စိတ္ျပင္းျပမႈအေၾကာင္းကိုလည္း ေျပာၾကားခ့ဲဖူးပါတယ္။ ဂ်က္မားဟာ သူ႕အေနနဲ႕ အခုလိုမ်ိဳး အနားယူရတ့ဲအေၾကာင္းနဲ႕ပက္သက္ၿပီး “ ဆရာတိုင္းလိုလုိဟာ သူတို႕ေတြ႕ရဲ႕တပည့္ေတြကို သူတို႕ထက္ သာလြန္ၿပီး ေအာင္ျမင္တ့ဲသူေတြသာ ျဖစ္ေစခ်င္ၾကပါတယ္။ အခု ကၽြန္ေတာ္လည္း ဒီလိုပါပဲ။ ငယ္ရြယ္ၿပီး အရည္အခ်င္းျပည့္ဝတ့ဲ လူငယ္ေတြကို ကၽြန္ေတာ့္ထက္သာလြန္ေစခ်င္တ့ဲ ရည္ရြယ္ခ်က္နဲ႕ ေနရာလႊဲေျပာင္းေပးတာပဲျဖစ္ပါတယ္ . . . ” ဆိုၿပီး ေျပာၾကားခ့ဲပါတယ္။

- Advertisement -

<Zawgyi Version>

 

 

Source ~ CNN

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

8 − two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...