လီဗာပူးအသင်းအနေနဲ့ Van Dijk ရဲ့ စာချုပ်ကိစ္စနဲ့ပက်သက်ပြီိး ညှိနှိုင်းဆွေးနွေးသွားမှာမဟုတ်သလို ၊ ရောင်းချသွားဖို့မရှိသေးကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နယ်သာလန် ခံစစ်ကစားသမားဖြစ်သူ Van Dijk မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက ဆောက်တမ်သန်အသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းနဲ့ ၄ နှစ် စာချုပ် ကျန်ရှိနေသေးတာပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က ထွက်ရှိလာတဲ့ သတင်းတွေအရ Van Dijk မှာ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ နဲ့ စာချုပ်အသစ်ချုပ်ဆိုသွားမယ်ဆိုပြီး သိရှိရပါတယ်။ သို့ပေမယ့်လည်း အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ လီဗာပူးအနေနဲ့ အသက် ၂၈ နှစ်အရွယ် နောက်တန်းခံစစ်မှူး Van Dijk ကို ရောင်းထုတ်ဖို့အစီအစဉ်မရှိကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
Van Dijk မှာ ကမ္ဘာ့အကောင်းဆုံး ခံစစ်ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့တစ်နှစ်လုံး ကစားခဲ့တဲ့ပွဲစဉ်တွေနဲ့ သက်သေပြနိုင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ၂၀၁၉ – ၂၀၂၀ ရာသီစစချင်းမှာပဲ လီဗာပူးအသင်းဟာ ၄ ပွဲဆက် အနိုင်ရရှိထားပြီး အကောင်းဆုံးခြေစွမ်းပြသနေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။
Source ~ Sportsmole
#ST(Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share