HomeSportပေါ့ဘာရဲ့ ရီးယဲမက်ဒရစ်အသင်းသို့ ပြောင်းရွေ့ကစားမယ့် ဆုံးဖြတ်ချက်ကို အပြင်းအထန် ကန့်ကွက်လိုက်တဲ့ Adidas ကုမ္ပဏီ။

ပေါ့ဘာရဲ့ ရီးယဲမက်ဒရစ်အသင်းသို့ ပြောင်းရွေ့ကစားမယ့် ဆုံးဖြတ်ချက်ကို အပြင်းအထန် ကန့်ကွက်လိုက်တဲ့ Adidas ကုမ္ပဏီ။

- Advertisement -

ပေါ့ဘာကို ယူနိုက်တက်အသင်း၌သာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းမှုတွင် Adidas အသင်းမှ အဓိကအခန်းကဏ္ဍကနေ ပါဝင်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာမှာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ရီးရဲယ်မက်ဒရစ်သို့ပြောင်းရွှေ့ကစားရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့ပါတယ်။

- Advertisement -

Daily Star သတင်းစာရဲ့ ဖော်ပြချက်အရ Adidas ကုမ္ပဏီမှ ပေါ့ဘာကို အိုးထရက်ဖို့ဒ်ကွင်း၌သာ အနည်းဆုံး နောက်ထပ်တစ်နှစ် ထပ်မံကစားဖို့အတွက် အလေးအနက် တိုက်တွန်းသွားမှာဖြစ်တယ်ဆိုပြီး သိရှိရပါတယ်။ ဂျာမနီ အားကစား အသုံးအဆာင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Adidas မှာ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာကို ပုဂ္ဂိုလ်ရေးအရ စပွန်ဆာပေးထားပြီး ယူနိုက်တက်အသင်းကိုလည်း ၂၀၂၄ ခုနှစ်အထိ ဒေါ်လာ သန်း ၇၅၀ တန်ကြေးရှိတဲ့ အသင်းရဲ့ ကစားသမားအသုံးအဆောင်ပစ္စည်းတွေကို စပွန်ဆာပေးသွားဖို့ သဘောတူညီချက်လည်း ရှိပြီးသားဖြစ်ပါတယ်။

- Advertisement -

ယူနိုက်တက်အသင်းမှလည်း ပေါ့ဘာကို နှစ်ရှည်စာချုပ်အသစ်ဖြင့် ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

- Advertisement -

 

Source ~ Sportsmole

#ST(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read