မင်းသားကြီး Martin Lawrence နဲ့ Will Smith တို့ ရဲနှစ်ဦးပူးပေါင်းပြီး မူးယစ်ဆေးဂိုဏ်းတွေကို နှိမ်နင်းတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ပစ်ခတ်ခန်းတွေကို ဟာသလေးနှောပြီး ဖန်တီးထားတဲ့ Bad Boys နောက်ဆက်တွဲဇာတ်ကားကို ၁၇ နှစ်ကြာပြီးနောက်မှာတော့ ပရိသတ်တွေအနေနဲ့ တစ်ဖန်ပြန်လည် ခံစားရတော့မှာပဲဖြစ်ပါတယ်။
နှစ်ပေါင်းအတော်ကြာ မသေချာ မရေရာမှုတွေပြီးဆုံးပြီးနောက်မှာတော့ ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး ရုပ်ရှင်ရိုက်ကူးထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ Michael Bay မှ သူအနှစ်သက်ဆုံး ဇာတ်ကားဖြစ်တဲ့ Bad Boys ဇာတ်ကားကို ဆက်လက်ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။
အဆိုပါနောက်ဆက်တွဲဇာတ်ကားကိုတော့ ဘယ်လ်ဂျီယမ်ဒါရိုက်တာတွေဖြစ်ကြတဲ့ Adil El Arbi နဲ့ Bilall Fallah တို့က ရိုက်ကူးပုံဖော်သွားမှာဖြစ်ကာ စုံထောက် Mike Lowrey အဖြစ် Will Smith နဲ့ Marcus Burnett အဖြစ် Martin Lawrence တို့မှပဲ ဆက်လက်ပါဝင်အားဖြည့်သွားမှာပဲဖြစ်ပါတယ်။
Source ~ Unilad
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share