လက်တလော ဟောလီးဝုဒ်မှာ ဟိုးလေးတကျော်ဖြစ်နေတဲ့ ကိစ္စရပ်ကတော့ ဟာသမင်းဟားကြီး Kevin Hart ရဲ့ ယာဉ်မတော်တဆဖြစ်တဲ့ သတင်းပဲဖြစ်ပါတယ်။
အသက် ၄၀ အရွယ် ဟာသမင်းသားကြီး Kevin မှာ အဆိုပါယာဉ်တိုက်မှု၌ ပြင်းထန်တဲ့ ကျောရိုးနာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ဆေးရုံပေါ်၌ ဆေးကုသမှုကို ခံယူနေရပါတယ်။ ရဲဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ အသက် ၂၈ နှစ်အရွယ် ရုပ်ရှင်ထုတ်လုပ်သူဖြစ်တဲ့ Jared Black မှာ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်မောင်းနှင်ခဲ့ပြီး အဆိုပါအချိန်တွင် မူးယစ်ဆေးဝါး သုံးစွဲထားတာမျိုးလည်း မရှိကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
အခုလို ယာဉ်မတော်တဆမှုဖြစ်ပွားပြီး ဆေးရုံပေါ်ရောက်ရှိနေတဲ့ Kevin ကိုလည်း သူ့ရဲ့ အနုပညာလုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ အခြားအနုပညာရှင်များကလည်း Kevin အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့အတွက် ဆုတောင်းမေတ္တာစာတွေ၊ Kevin အတွက် စိုးရိမ်ပူပန်မှုတွေကို ဝေမျှခဲ့ပါတယ်။
၁။ The Rock
“ ငါ့ရဲ့ စိတ်ခံစားချက်တွေနဲ့ မကစားစမ်းပါနဲ့ Kevin ရာ၊ ငါတို့နှစ်ယောက်ပေါင်းပြီး ပျော်ရွှင်စရာကိစ္စရပ်တွေ အများကြီးလုပ်ဖို့ ကျန်ပါသေးတယ်။ အမြန်ဆုံးပြန်ကောင်းလာပါတော့ . . . ” ဆိုပြီး သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ဝေမျှခဲ့ပါတယ်။
၂။ Jamie Foxx
ဟာသသရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ Jamie မှလည်း Kevin ရဲ့ အင်စတာဂရမ်ရှိ နောက်ဆုံးပို့စ်ထဲတွင် အမြန်ဆုံးသက်သာလာစေဖို့ ဆုတောင်းပေးနေကြောင်း Emoji ပေးပို့ခဲ့ပါတယ်။
၃။ David Beckham
“ ဟေး Kevin . . . ငါတို့တွေရဲ့ နေ့စဉ်ဘဝမှာ စိန်ခေါ်မှုတွေဆိုတာ ကြုံတွေ့နေရတာပဲ။ အားတင်းထားပြီး အမြန်ဆုံးပြန်ကောင်းလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် . . . ” ဆိုပြီး အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။
၎။ Nicole Kidman
Big Little Lies ကြယ်ပွင့်ဖြစ်သူ Nicole မှ “ အမြန်ဆုံး ပြန်လည်သက်သာလာစေဖို့ ဆုတောင်းပေးပါတယ် Kelvin ” ဆိုပြီး အင်စတာဂရမ်အကောင့်မှာ ရေးခဲ့ပါတယ်။
၅။ Tati Westbrook
YouTube Blogger တစ်ဦးဖြစ်သူ Tati မှ “ ယာဉ်မတော်တဆမှုဖြစ်တဲ့ထဲမှာပါသွားတဲ့ သူငယ်ချင်းဖြစ်သူ Rebecca ရော၊ သူ့ရဲ့ခင်ပွန်းလောင်းဖြစ်တဲ့ Jared ရော၊ Kevin ရော အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပါစေ . . . ” ဆိုပြီး တွစ်တာစာမျက်နှာမှာ ရေးခဲ့ပါတယ်။
၆။ Terry Crews
“ အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေ ညီအစ်ကို . . . ” ဆိုပြီး America’s Got Talent အစီအစဉ်တင်ဆက်သူ Terry မှ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
၇။ Maxwell
“ မြန်မြန်ပြန်ကောင်းလာဖို့ ဆုတောင်းပေးနေပါ့မယ် . . . ” ဆိုပြီး R&B အဆိုတော် Maxwell မှ Kevin ရဲ့ အင်စတာဂရမ်ပို့စ်မှာ Comment ရေးသားခဲ့ပါတယ်။
Source ~ USMagazine
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share