HomeHealth & Beautyသင်သတိမထားမိတဲ့ ကျောက်ကပ်ကို ဒုက္ခရောက်စေနိုင်တဲ့ အကြောင်းအရာများ။
သင်သတိမထားမိတဲ့ ကျောက်ကပ်ကို ဒုက္ခရောက်စေနိုင်တဲ့ အကြောင်းအရာများ။
- Advertisement -
တကယ်လို့ လူတစ်ယောက်ဟာ ကျောက်ကပ်တွေချို့ယွင်းလာခဲ့ပြီဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်တဲ့ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းရောဂါတို့ကိုလည်း ခံစားနိုင်ချေ မြင့်မားလာနိုင်ပါတယ်။ ဆက်လက်ပြီး ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာအချို့ကို Soshwe က စာဖတ်ပရိသတ်ကြီး သိရှိနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
- Advertisement -
၁။ အသင့်ထုပ်ပိုးထားတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်ခြင်း။
- Advertisement -
- Advertisement -
အချို့အသင့်စားသုံးလို့ရအောင် ထုပ်ပိုးထားတဲ့ အစားအစာတွေဟာ Sodium ဓာတ်တွေ အလွန်အကျွံ ပါဝင်တဲ့အတွက်ကြောင့် နှလုံးကိုထိခိုက်မှုမရှိနိုင်ပေမယ့် သင့်ရဲ့ကျောက်ကပ်ကိုတော့ ထိခိုက်နိုင်ချေမြင့်မားပါတယ်။ တကယ်လို့သင်ဟာ ငန်တဲ့အစားအစာတွေကို အလွန်အကျွံ စားသုံးသူတစ်ယောက်ဆိုရင် မကြာခဏ ဆီးသွားခြင်းကို ဖြစ်စေနိုင်ပြီး ထိုသို့ ဆီးသွားရာမှာလည်း Sodium ဓာတ်တွေဟာ Calcium တွေနဲ့အတူရောပါသွားလေ့ရှိပါတယ်။ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ James Simon မှ ဆီးသွားတဲ့အခါမျိုးတွေမှာ Calcium ဓာတ်တွေ အမြောက်အမြားပါဝင်လာခြင်းက ဆီးကျောက်တည်ခြင်းကိုဖြစ်စေနီုင်တယ်ဆိုပြီး ရှင်းပြခဲ့ပါတယ်။
၂။ သွေးဖိအားကို ထိန်းချုပ်နိုင်မှုမရှိခြင်း။
သွေးဖိအားများခြင်းကလည်း သင့်ရဲဲ့ကျောက်ကပ်အပါအဝင် ခန္ဓာကို်ယ်တစ်ခုလုံးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ “ ကျောက်ကပ်တွေဆိုတာ သွေးမျှင်ကြောလေးတွေနဲ့ ဆီးပြွန်ကို ဆက်စပ်ပေးထားတဲ့ ကို်ယ်တွင်းအင်္ဂါအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ သွေးကြောအကြီးကြီးတွေထဲမှာ သွေးဖိအားများလာပြီဆိုရင် သွေးမျှင်ကြောသေးသေးလေးတွေဟာလည်း တစ်ပြိုင်နက်တည်း သွေးဖိအားများခြင်းကို ခံစားရမှာဖြစ်ပါတယ် . . . ” ဆိုပြီး ဒေါက်တာ Simon က ရှင်းပြပြောဆိုခဲ့ပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း။
ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာတစ်ခုပဲဖြစ်နိုင်တယ်လို့ သင့်အနေနဲ့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ၂၀၁၂ ခုနှစ်က စစ်တမ်းတစ်ခုအရ ဆေးလိပ်ဖြစ်ပြီး ၁၆ နှစ်အကြာမှာတော့ ကျောက်ကပ်ကင်ဆာဖြစ်စေနိုင်တဲ့ ကင်ဆာဆဲလ်အကျိတ်တွေကို ၄၀ ရာခိုင်နှုန်းအထိ ရှင်းပေးနိုင်စွမ်းရှိပါတယ်။ ဆေးလိပ်သောက်ခြင်းဖြင့်လည်း သွေးလွှတ်ကြောတွေပျက်စီးစေနိုင်ပြီး သွေးဖိအား မြင့်မားခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
၄။ ရေဆာနေတဲ့အချိ်န်မျိုးတွေမှာ ရေသောက်မှုမရှိခြင်း။
တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်သောက်မှသာ ကျာက်ကပ်က ကောင်းမွန်စွာ အလုပ်လုပ်နိုင်မယ်ဆိုတဲ့ ရှေးလူကြီးတွေပြောစကားကို သင့်အနေနဲ့ ကြားဖူးမှာပါ။ အမှန်တော့ တစ်နေ့ကို ရေဖန်ခွက် (၄) ခွက်ကနေ (၆) ခွက်အတွင်း သောက်သုံးမယ်ဆိုရင်တောင် သင့်ရဲ့ကျောက်ကပ်က လုပ်စရာရှိတဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ သို့ပေမယ့်လည်း တစ်နေ့ကို ရေတစ်ခွက်၊ နှစ်ခွက်သာ သောက်ဆုံးမယ်ဆိုရင်တော့ သင့်ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
၅။ အကိုက်အခဲပျောက်ဆေးကို ပုံမှန်သုံးစွဲခြင်း။
တကယ်လို့ သင့်အနေနဲ့ နာကျင်ကိုက်ခဲမှုတွေအတွက် အကိုက်အခဲပျောက်ဆေးသုံးစွဲမယ်ဆိုရင် သတိထားပြီး သုံးစွဲသင့်ပါတယ်။ နာကျင်မှုကို သက်သာစေတဲ့ဆေးတွေနဲ့ Aspirin ပါတဲ့ဆေးတွေဟာ ကျောက်ကပ်သို့ သွေးစီးဆင်းမှုကို လျော့ကျစေပြီး နာကျင်မှုကိုဖြစ်ပေါ်စေကာ အဆိပ်တောက်ဖြစ်စေနိုင်တယ်လို့ Dr. Simon မှ ပြောကြားခဲ့ပါတယ်။
၆။ ခန္ဓာကိုယ်အလေးချိန်တက်လာခြင်း။
ခန္ဓာကိုယ်အလေးချိန်တက်လာတာကလည်း သင့်အတွက် ကောင်းမွန်တဲ့ကိစ္စရပ်မဟုတ်ပါဘူး။ အဝလွန်ခြင်းဟာ သင့်ကို ဆီးချိုရောဂါဖြစ်နိုင်ချေမြင့်မားနိုင်ပြီး ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ရောဂါတွေကိုလည်း ဖြစ်နိုင်ချေမြင့်မားပါတယ်။ ဆီးချိုရောဂါကြောင့် အင်ဆူလင်ထိုးခြင်းကလည်း ကျောက်ကပ်ကို ထိခိုက်စေပါတယ်။
<Unicode Version>
၃။       ဆေးလိပ်သောက်ခြင်း။
၎။       ရေဆာနေတဲ့အချိန်မျိုးတွေမှာ ရေသောက်မှုမရှိခြင်း။
<Zawgyi Version>
#SoshweBeauty&Health
#SoshweForYourDailyLife
#Like&share
- Advertisement -
Must Read