၁။ တေးသီချင်းတီးခတ်တဲ့ ကိရိယာပစ္စည်းတွေရဲ့ ကြိုးတွေကို မည်သည့်အရာကနေ ပြုလုပ်တာလဲ ? ? ?
တေးသီချင်းတီးခတ်တဲ့ ကိရိယာပစ္စည်းတွေရဲ့ ကြိုးတွေကို သိုးကဲ့သို့သော တိရိစ္ဆာန်လေးတွေရဲ့ အူနံရံကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ပညာရှင်တွေဟာ သတ္ထုကြိုးတွေနဲ့ အစားထိုးပြုလုပ်လာကြခြင်း ဖြစ်ပါတယ်။
၂။ တချို့လက်အမူအရာတွေက အခြားနိုင်ငံတွေမှာ ဘယ်လိုသက်ရောက်မှုရှိလဲ ? ? ?
ကျွန်တော်တို့အနေနဲ့ ရော့ခ်ဂီတပွဲတွေကျရင် အများဆုံးတွေ့မြင်ရလေ့ရှိတဲ့ “ Devel Horns ” ပုံစံ လက်အမူအရာဟာ အချို့ ဥရောပနိုင်ငံတွေနဲ့ တောင်အမေရိကနိုင်ငံတွေမှာ “ အိမ်ထောင်သည် အမျိုးသမီးတွေဟာ သစ္စာမရှိ်ကြဘူး . . . ” ဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်။
၃။ အနာဂတ်မှာ လူတွေရဲ့ အလုပ်အကိုင်အခြေအနေ ? ? ?
နောင်နှစ်ပေါင်း ၂၀ ခန့်အတွင်းမှာ ၄၀ ရာခိုင်နှုန်းသော လုူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှာ လူတွေအလား စွမ်းဆောင်မှုမြင့်တဲ့ စက်ရုပ်တွေနဲ့ အစားထိုးသုံးစွဲလာမှာဖြစ်ပါတယ်။
၄။ Disneyland ရဲ့ ထူးခြားမှု ? ? ?
Disneyland အပန်းဖြေဥယျာဉ်တွေမှာ မြေအောက်လိုဏ်ဂူတွေရှိပါတယ်။ အဆိုပါမြေအောက်လိုဏ်ဂူကနေတစ်ဆင့် Disney ဇာတ်ကောင်တွေ တစ်နေရာမှတစ်နေရာသို့ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။
၅။ လေယာဉ်စီးနင်းနေစဉ်အတွင်း ထူးခြားမှုက ဘာဖြစ်မလဲ ? ? ?
လေယာဉ်စီးနင်းနေစဉ်အတွင်းမှာ သင့်ခန္ဓာကိုယ်အတွင်းရှိ ရေဓာတ်ဟာ ၈ ရာခိုင်နှုန်းလောက်ထိ ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ကြောင့် လေယာဉ်မစီးခင် ရေဓာတ်ဆုံးရှုံးမှုမရှိအောင် နေထိုင်ဖို့ အလွန်အရေးကြီးပါတယ်။
၆။ သစ်ပင်တွေရဲ့ ထူးခြားမှုအခြေအနေ ? ? ?
သစ်ပင်တွေဟာ မြေကြီးထဲရှိ အမြစ်တွေကနေတစ်ဆင့် တစ်ပင်နဲ့တစ်ပင် အဆက်အသွယ်ပြုလုပ်ပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေကို မျှဝေပေးနိုင်ပါတယ်။
၇။ တူနာငါးတွေရဲ့ ထူးခြားမှုက ဘာဖြစ်မလဲ ? ? ?
တူနာငါးတွေဟာ လျှပ်စီးကဲ့သို့ လျှင်မြန်တဲ့အရှိန်အဟုန်နဲ့ ရေကူးနိုင်စွမ်းရှိပါတယ်။ တူနာငါးတစ်ကောင်ဟာ အမြန်ဆုံး တစ်နာရီကို ၄၅ ကီလိုမီတာအကွာအဝေးထိ ကူးခတ်နိုင်စွမ်းရှိပါတယ်။
၈။ ရေအောက်ထဲမှာ အကြာဆုံး ရေငုပ်နိုင်တဲ့အချိန်က ? ? ?
၂၀၁၆ ခုနှစ်တုန်းက Aleix Segura လို့ခေါ်တဲ့ ရေငုပ်ကျွမ်းကျင်သူဟာ ရေအောက်ထဲ၌ အကူပစ္စည်းမပါဘဲ ၂၄:၀၃ မိနစ်ကြာအောင် ငုပ်ပြကာ ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။
<Unicode Version>
လူအများစုမသိကြသေးတဲ့ အံ့အားသင့်ဖွယ်အကြောင်းအရာများ။
ကျွန်တော်တို့အနေနဲ့ ရော့ခ်ဂီတပွဲတွေကျရင် အများဆုံးတွေ့မြင်ရလေ့ရှိတဲ့ “ Devel Horns ” ပုံစံ လက်အမူအရာဟာ အချို့ ဥရောပနိုင်ငံတွေနဲ့ တောင်အမေရိကနိုင်ငံတွေမှာ “ အိမ်ထောင်သည် အမျိုးသမီးတွေဟာ သစ္စာမရှိကြဘူး . . . ” ဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်။
နောင်နှစ်ပေါင်း ၂၀ ခန့်အတွင်းမှာ ၄၀ ရာခိုင်နှုန်းသော လုတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှာ လူတွေအလား စွမ်းဆောင်မှုမြင့်တဲ့ စက်ရုပ်တွေနဲ့ အစားထိုးသုံးစွဲလာမှာဖြစ်ပါတယ်။
<Zawgyi Version>
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share