WorldPopulationHistory.Org ရဲ့ ဖော်ပြချက်အရ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်က တစ်ကမ္ဘာလုံးတွင် လူဦးရေ သန်း (၁၇၀) ကျော်သာ ရှိခဲ့ပြီး လူသားမျိုးနွယ်ဟာ ထိုစဉ်ကတည်းက တစ်ဆနဲ့တစ်ဆ တိုးတက်လာကာ ၂၀၁၉ ခုနှစ်တွင် ၇.၇ ဘီလျံအထိ မြင့်မားလာခဲ့ပါတယ်။ ကျွမ်းကျင်သူများမှလည်း ၂၂ ရာစုကုန်ခါနီးတွင် ၁၀ ဘီလျံထိ မြင့်မားလာနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။ အခုဆက်လက်ပြီး ကမ္ဘာ့လူဦးရေအများဆုံးမြို့ကြီးများအကြောင်းကို Soshwe စာဖတ်ပရိသတ်တွေ သိရှိနိုင်အောင်လို့ ရေးသားဖော်ပြပေးလိုက်ပါတယ်။
၁။ Tokyo, Japan
Population – ၃၇ သန်းကျော်
တိုကျိုမြို့ဟာဆိုရင် ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ လူဦးရေစုစုပေါင်းရဲ့ ၀.၉ ရာခိုင်နှုန်းအထိကို လျှော့ချနိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှလည်း လူဦးရေအထူထပ်ဆုံးမြို့အတွက် လာမည့်နှစ်တွေအတွင်း အဆိုပါနှုန်းအတိုင်း လျှော့ချနိုင်ဖို့ ရည်မှန်းထားပြီး နောက်နှစ်ပေါင်း ၁၆ နှစ်အကြာ ၂၀၃၅ ခုနှစ်တွင် လူဦးရေ ၁ သန်းခွဲကျော်အထိ လျှော့ချဖို့အတွက် ရည်ရွယ်လုပ်ဆောင်လျက်ရှိပါတယ်။
၂။ Delhi, India
Population – ၂၉ သန်းကျော်
ဒေလီမြို့ဟာ အိန္ဒိယနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး အိန္ဒိယအစိုးရဌာနတွေရဲ့ အချက်အချာကျတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ဒုတိယမြောက် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး လေထုညစ်ညမ်းမှု အများဆုံးဖြစ်နေတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ လူဦးရေတိုးတက်မှုနှုန်းကလည်း မြင့်တက်လာပြီး ကျွမ်းကျင်သူများမှ ၂၀၃၅ ခုနှစ်တွင် လူဦးရေ ၄၃ သန်းကျော်အထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
၃။ Shanghai, China
Population – ၂၆ သန်းကျော်
ရှန်ဟိုင်းမြို့ဟာ ကမ္ဘာပေါ်မှာ အကြီိးဆုံးမြို့ဖြစ်ပြီး နှစ်ပေါင်း (၂၀) အတွင်း အများကြီး တိုးတက်ပြောင်းလဲလာတဲ့ မြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။
၄။ Sao Paulo, Brazil
Population – ၂၁ သန်းကျော်
အမေရိကတိုက်တွင် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး Forbes Magazine ရဲ့ ထုတ်ပြန်ချက်အရ Billionaire ၂၆ ယောက် လက်ရှိနေထိုင်လျက်ရှိတဲ့ မြို့တစ်မြို့ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
၅။ Mexico City, Mexico
Population – ၂၁ သန်းကျော်
WorldCapitalCities.Com ရဲ့ ထုတ်ပြန်ကြေငြာချက်အရ စီးပွားရေးတိုးတက်လာတဲ့ မြို့တစ်မြို့ဖြစ်ပြီး လူဦးရေထူထပ်မှုနှုန်းအမြင့်ဆုံးဖြစ်လာတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
၆။ Cairo, Egypt
Population – သန်း ၂၀ ကျော်
အီဂျစ်နိုင်ငံရဲ့မြို့တော်ဖြစ်ပြီး ၄ ရာစုနှစ်ကတည်းက စတင်ဖြစ်ပေါ်လာကာ နိုင်းမြစ်ဝှမ်းပေါ်မှာ တည်ရှိပါတယ်။
၇။ Dhaka, Bangladesh
Population – သန်း ၂၀ ကျော်
၂၀၁၈ ခုနှစ်တုန်းက လူဦးရေထူထပ်မှုအများဆုံးဖြစ်ခဲ့ပြီး တစ်ကီလိုမီတာပတ်လည်တွင် လူဦးရေ ၂၃၀၀၀ ကျော်နှုန်း နေထိုင်လျက်ရှိကာ နေ့စဉ် လူဦးရေ ၂၀၀၀ နှုန်း အ့ံအားသင့်ဖွယ်တိုးတက်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
၈။ Mumbai, India
Population – သန်း ၂၀ ကျော်
အိန္ဒိယနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး National Geographic ရဲ့ ဖော်ပြချက်အရ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၁၃ သန်းကျော်သာ ရှိပါသေးတယ်။ မွန်ဘိုင်းမြို့ရဲ့ ရထားတွေဟာ တစ်နေ့ကို လူဦးရေ ၇ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးနေရပြီး လူတိုင်းလိုလို အလုပ်တွေရှုပ်နေတတ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
၉။ Beijing, China
Population – သန်း ၂၀ ကျော်
တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး သြစတြေးလျတစ်နိုင်ငံစာ အကျယ်အဝန်းရှိတဲ့ လူတွေနေထိုင်ဖို့အဆောက်အဦးတွေရှိပါတယ်။ ၁၉၇၅ ခုနှစ်က စတင်ကာ လူဦးရေထူထပ်မှုနှုန်း မြင့်မားလာပြီး ၂၀၃၅ ခုနှစ်အထိ ဆက်လက်တိုးတက်ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ စက်ရုံတွေများပြားခြင်း၊ ကားပိတ်ဆို့မှုများပြားခြင်းတို့ကြောင့် ဘေဂျင်းဟာလည်း လေထုညစ်ညမ်းမှုအများဆုံးဖြစ်တဲ့ မြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။
၁၀။ Osaka, Japan
Population – ၁၉ သန်းကျော်
ဂျပန်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေထူထပ်မှုနှုန်းကလည်း ၂၀၁၈ ခုနှစ်အတွင်း ၀.၃ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။
<Unicode Version>
ကမာၻေပၚရွိ လူဦးေရအထူထပ္ဆုံးၿမိဳ႕ႀကီးမ်ား။
WorldPopulationHistory.Org ရဲ႕ ေဖာ္ျပခ်က္အရ လြန္ခ့ဲတ့ဲႏွစ္ေပါင္း ၂၀၀၀ ခန္႕က တစ္ကမာၻလုံးတြင္ လူဦးေရ သန္း (၁၇၀) ေက်ာ္သာ ရွိခ့ဲၿပီး လူသားမ်ိဳးႏြယ္ဟာ ထိုစဥ္ကတည္းက တစ္ဆနဲ႕တစ္ဆ တိုးတက္လာကာ ၂၀၁၉ ခုႏွစ္တြင္ ၇.၇ ဘီလ်ံအထိ ျမင့္မားလာခ့ဲပါတယ္။ ကၽြမ္းက်င္သူမ်ားမွလည္း ၂၂ ရာစုကုန္ခါနီးတြင္ ၁၀ ဘီလ်ံထိ ျမင့္မားလာႏိုင္ေၾကာင္း ခန္႕မွန္းထားၾကပါတယ္။ အခုဆက္လက္ၿပီး ကမာၻ႕လူဦးေရအမ်ားဆုံးၿမိဳ႕ႀကီးမ်ားအေၾကာင္းကို Soshwe စာဖတ္ပရိသတ္ေတြ သိရွိႏိုင္ေအာင္လို႕ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။
၁။ Tokyo, Japan
Population – ၃၇ သန္းေက်ာ္
တိုက်ိဳၿမိဳ႕ဟာဆိုရင္ ကမာၻေပၚမွာ လူဦးေရအထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာေတာ့ လူဦးေရစုစုေပါင္းရဲ႕ ၀.၉ ရာခိုင္ႏႈန္းအထိကို ေလွ်ာ႕ခ်ႏိုင္ခ့ဲပါတယ္။ ဂ်ပန္ႏိုင္ငံမွလည္း လူဦးေရအထူထပ္ဆုံးၿမိဳ႕အတြက္ လာမည့္ႏွစ္ေတြအတြင္း အဆိုပါႏႈန္းအတိုင္း ေလွ်ာ႕ခ်ႏိုင္ဖို႕ ရည္မွန္းထားၿပီး ေနာက္ႏွစ္ေပါင္း ၁၆ ႏွစ္အၾကာ ၂၀၃၅ ခုႏွစ္တြင္ လူဦးေရ ၁ သန္းခြဲေက်ာ္အထိ ေလွ်ာ႕ခ်ဖို႕အတြက္ ရည္ရြယ္လုပ္ေဆာင္လ်က္ရွိပါတယ္။
၂။ Delhi, India
Population – ၂၉ သန္းေက်ာ္
ေဒလီၿမိဳ႕ဟာ အိႏၵိယႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ျဖစ္ၿပီး အိႏၵိယအစိုးရဌာနေတြရဲ႕ အခ်က္အခ်ာက်တ့ဲ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ပါတယ္။ ဒုတိယေျမာက္ လူဦးေရအထူထပ္ဆုံးၿမိဳ႕ျဖစ္ၿပီး ေလထုညစ္ညမ္းမႈ အမ်ားဆုံးျဖစ္ေနတ့ဲ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ပါတယ္။ လူဦးေရတိုးတက္မႈႏႈန္းကလည္း ျမင့္တက္လာၿပီး ကၽြမ္းက်င္သူမ်ားမွ ၂၀၃၅ ခုႏွစ္တြင္ လူဦးေရ ၄၃ သန္းေက်ာ္အထိ ျဖစ္လာႏိုင္တယ္လို႕ ခန္႕မွန္းထားၾကပါတယ္။
၃။ Shanghai, China
Population – ၂၆ သန္းေက်ာ္
ရွန္ဟိုင္းၿမိဳ႕ဟာ ကမာၻေပၚမွာ အႀကီိးဆုံးၿမိဳ႕ျဖစ္ၿပီး ႏွစ္ေပါင္း (၂၀) အတြင္း အမ်ားႀကီး တုိးတက္ေျပာင္းလဲလာတ့ဲ ၿမိဳ႕ႀကီးတစ္ၿမိဳ႕လည္းျဖစ္ပါတယ္။
၄။ Sao Paulo, Brazil
Population – ၂၁ သန္းေက်ာ္
အေမရိကတိုက္တြင္ လူဦးေရအထူထပ္ဆုံးၿမိဳ႕ျဖစ္ၿပီး Forbes Magazine ရဲ႕ ထုတ္ျပန္ခ်က္အရ Billionaire ၂၆ ေယာက္ လက္ရွိေနထိုင္လ်က္ရွိတ့ဲ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တယ္လို႕လည္း သိရွိရပါတယ္။
၅။ Mexico City, Mexico
Population – ၂၁ သန္းေက်ာ္
WorldCapitalCities.Com ရဲ႕ ထုတ္ျပန္ေၾကျငာခ်က္အရ စီးပြားေရးတိုးတက္လာတ့ဲ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး လူဦးေရထူထပ္မႈႏႈန္းအျမင့္ဆုံးျဖစ္လာတ့ဲ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။
၆။ Cairo, Egypt
Population – သန္း ၂၀ ေက်ာ္
အီဂ်စ္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ျဖစ္ၿပီး ၄ ရာစုႏွစ္ကတည္းက စတင္ျဖစ္ေပၚလာကာ ႏိုင္းျမစ္ဝွမ္းေပၚမွာ တည္ရွိပါတယ္။
၇။ Dhaka, Bangladesh
Population – သန္း ၂၀ ေက်ာ္
၂၀၁၈ ခုႏွစ္တုန္းက လူဦးေရထူထပ္မႈအမ်ားဆုံးျဖစ္ခ့ဲၿပီး တစ္ကီလိုမီတာပတ္လည္တြင္ လူဦးေရ ၂၃၀၀၀ ေက်ာ္ႏႈန္း ေနထိုင္လ်က္ရွိကာ ေန႕စဥ္ လူဦးေရ ၂၀၀၀ ႏႈန္း အ့ံအားသင့္ဖြယ္တိုးတက္ေနတ့ဲ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။
၈။ Mumbai, India
Population – သန္း ၂၀ ေက်ာ္
အိႏၵိယႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ၿပီး National Geographic ရဲ႕ ေဖာ္ျပခ်က္အရ ၂၀၁၁ ခုႏွစ္တြင္ လူဦးေရ ၁၃ သန္းေက်ာ္သာ ရွိပါေသးတယ္။ မြန္ဘိုင္းၿမိဳ႕ရဲ႕ ရထားေတြဟာ တစ္ေန႕ကို လူဦးေရ ၇ သန္းေက်ာ္ကို သယ္ယူပို႕ေဆာင္ေပးေနရၿပီး လူတိုင္းလိုလို အလုပ္ေတြရႈပ္ေနတတ္တ့ဲ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။
၉။ Beijing, China
Population – သန္း ၂၀ ေက်ာ္
တရုတ္ႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ၿပီး ၾသစေၾတးလ်တစ္ႏိုင္ငံစာ အက်ယ္အဝန္းရွိတ့ဲ လူေတြေနထိုင္ဖို႕အေဆာက္အဦးေတြရွိပါတယ္။ ၁၉၇၅ ခုႏွစ္က စတင္ကာ လူဦးေရထူထပ္မႈႏႈန္း ျမင့္မားလာၿပီး ၂၀၃၅ ခုႏွစ္အထိ ဆက္လက္တိုးတက္ဦးမယ္လို႕ ခန္႕မွန္းထားၾကပါတယ္။ စက္ရုံေတြမ်ားျပားျခင္း၊ ကားပိတ္ဆို႕မႈမ်ားျပားျခင္းတို႕ေၾကာင့္ ေဘဂ်င္းဟာလည္း ေလထုညစ္ညမ္းမႈအမ်ားဆုံးျဖစ္တ့ဲ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခ့ဲပါတယ္။
၁၀။ Osaka, Japan
Population – ၁၉ သန္းေက်ာ္
ဂ်ပန္ႏိုင္ငံရဲ႕ တတိယအႀကီးဆုံးၿမိဳ႕ျဖစ္ၿပီး လူဦးေရထူထပ္မႈႏႈန္းကလည္း ၂၀၁၈ ခုႏွစ္အတြင္း ၀.၃ ရာခိုင္ႏႈန္းအထိ က်ဆင္းလာခ့ဲပါတယ္။
<Zawgyi Version>
#SoshweTravel
#SoshweForYourDailyLife
#Like&Share