HomeEntertainmentအသက် ၂၂ပြည့်မွေးနေ့ပွဲ ဗီဒီယိုကို ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ဝေမျှခဲ့တဲ့ Kylie Jenner

အသက် ၂၂ပြည့်မွေးနေ့ပွဲ ဗီဒီယိုကို ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ဝေမျှခဲ့တဲ့ Kylie Jenner

- Advertisement -

Kylie Jenner တစ်ယောက် သူမရဲ့ အသက် ၂၂ ပြည့်မွေးနေ့ပွဲကို ခင်မင်ရင်းနှီးသူတွေ၊ မိသားစုဝင်တွေနဲ့အတူ အပျော်စီးသင်္ဘောပေါ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး Kylie အနေနဲ့ ဒေါ်လာ သန်း ၂၅၀ တန်ကြေးရှိ အပျော်စီးသင်္ဘောပေါ်တွင် ပြုလုပ်ခဲ့တာကိုကြည့်ခြင်းအားဖြင့် သူမရဲ့  မွေးနေ့ပါတီပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့မယ်ဆိုတာ ငြင်းစရာအကြောင်းမရှိပါဘူး။

သိပ်မကြာသေးခင်းကပဲ Kylie တစ်ယောက် သူမမွေးနေ့ပါတီတုန်းကဗီဒီယိုလေးတစ်ခုကို “ ကျွန်မဘဝရဲ့ အကောင်းဆုံးခရီးစဉ်လေးတစ်ခုပါပဲ။ ကျွန်မရဲ့ အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် အရမ်းကောင်းမှာပဲ . . . ” ဆိုပြီး Caption ရေးကာ သူမရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုတွင် Kylie နဲ့ သူငယ်ချင်းများမှ ရေကူးဝတ်စုံတွေနဲ့ ဆော့ကစားနေခြင်း၊ အပျော်စီးသင်္ဘောပေါ်တွင် အပန်းဖြေအနားယူနေခြင်း၊ ပင်လယ်ကမ်းခြေတစ်လျှောက်ရွက်လွှင့်နေခြင်းတို့အပါအဝင် မိသားစုနဲ့  ပျော်ပါးနေပုံတို့ကိုလည်း တွေ့မြင်ရမှာပါ။ အကောင်းဆုံးအပိုင်းကိုပြောရမယ်ဆိုရင် သမီးလေး Stormi နဲ့အတူ ချစ်သူဖြစ်တဲ့ Travis Scott နဲ့ လက်ချင်းချိတ်ပြီးလျှောက်လည်နေပုံကလည်း အလွန်ပဲကြည်နူးဖို့ကောင်းပါတယ်။

https://www.instagram.com/p/B1zElflH-of/?utm_source=ig_embed

အမေဖြစ်သူ Kris Jenner မှလည်း “ ငါ့မှာမင်းလိုသမီးရှိတာ အရမ်းဂုဏ်ယူမိတာပဲ . . .” ဆိုပြီး Kylie ဆီကို message ပေးပို့ခဲ့ပါတယ်။

- Advertisement -

 

Source ~ Cosmopolitan

- Advertisement -

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 − ten =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...