ယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်မှ လီဗာပူးအသင်းခေါင်း Virgil Van Dijk မှာ ဥရောပအကောင်းဆုံးကစားသမားဆုနဲ့ ထိုက်တန်မှုမရှိတဲ့အကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။ Van Dijk မှာ လီဗာပူးအသင်းရဲ့နောက်တန်းနေရာတွင် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလီးဂ်ပွဲစဉ်တွေမှာလည်း အဓိကခံစစ်နေရာကနေသာမက တောင်ပံနေရာကနေလည်း ထိုးဖောက်ကစားနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံသား Van Dijk မှာ မက်ဆီနဲ့ ခရစ်စတီယာနို ရိုနယ်ဒိုတို့ကို ကျော်ဖြတ်ကာ ၂၀၁၉ ခုနှစ် ဥရောပအကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ Van Dijk ကို ဥရောပအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခဲ့ခြင်းအပေါ် ယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်မှ “ လက်ရှိအချိန်မှာ Van Dijk ဟာ ကမ္ဘာ့အကောင်းဆုံး ခံစစ်ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို ငြင်းပယ်လို့မရပါဘူး။ ဒါပေမယ့် မက်ဆီလိုမျိုး တစ်ရာသီအတွင်း သွင်းဂိုး ၅၀ ကျော် သွင်းနိုင်တဲ့သူ၊ ရိုနယ်ဒိုလိုမျိုး သူစွမ်းဆောင်နိုင်ခဲ့တဲ့ ကိစ္စရပ်တွေကြောင့် ဆုတံဆိပ်တွေ အများကြီးလက်ခံရရှိသူတွေကို ကျော်ဖြတ်ပြီး Van တစ်ယောက် ဥရောပ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တယ်ဆိုတာကတော့ လုံးဝထိုက်တန်မှုမရှိပါဘူး . . . ”
နယ်သာလန်အသင်းခေါင်ဆောင်ဖြစ်သူ Van မှာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပြိုင်ပွဲပေါင်း ၅၀ တွင် ဝင်ရောက်ကစားခဲ့ပြီး ခြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းမှ Van Dijk အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလတုန်းက ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေးအများဆုံး ခံစစ်ကစားသမားတစ်ယောက်ဖြစ်လာပါတယ်။
Source ~ Sportsmole
#ST(Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share