HomeEntertainmentအိန္ဒိယခရီးစဉ်အတွင်း မျောက်တွေရဲ့လုယက်ခြင်းကိုခံရတဲ့ Game of Thrones စတားများ။

အိန္ဒိယခရီးစဉ်အတွင်း မျောက်တွေရဲ့လုယက်ခြင်းကိုခံရတဲ့ Game of Thrones စတားများ။

- Advertisement -

 

Game of Thrones စတားတွေဖြစ်ကြတဲ့ Emilia Clarke နဲ့ Rose Leslie တို့နှစ်ဦးဟာ အိန္ဒိယသို့ အလည်အပတ်သွားရောက်တဲ့ ခရီးစဉ်အတွင်း မျောက်တွေရဲ့လုယက်တာကို ခံခဲ့ရပါတယ်။ အပြင်မှာလည်း သူငယ်ချင်းတွေဖြစ်ကြတဲ့ Daenerys အဖြစ်သရုပ်ဆောင်တဲ့ Emilia နဲ့ Ygritte အဖြစ်သရုပ်ဆောင်တဲ့ Rose Leslie တို့ဟာ အိန္ဒိယကို အတူတူသွားရောက်လည်ပတ်စဉ် အခုလို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပါတယ်။

- Advertisement -

- Advertisement -

 

- Advertisement -

Emilia Clarke ရဲ့ အင်စတာဂရမ်အကောင့်မှာလည်း သူတို့နှစ်ဦးရဲ့ အိန္ဒိယခရီးစဉ်အတွင်း အခုလို ကြုံတွေ့ခဲ့ရပုံကို ဓာတ်ပုံတင်၍ ဝေမျှခဲ့ပါတယ်။ သူတို့ခရီးစဉ်ရဲ့ ဓာတ်ပုံတွေအရ မျောက်လေးကောင်မှာ သူတို့တည်းခိုရာဟိုတယ်ခန်းထဲသို့ဝင်ရောက်ပြီး စားပွဲပေါ်ရှိ အသီးအနှံတွေကိုစားသုံးခြင်းနဲ့ စက္ကူတွေကိုဆုတ်ဖြဲခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

Emilia နဲ့ Rose တို့ဟာ Game of Thrones ရိုက်ကူးနေစဉ်အတွင်း ရင်းနှီးခဲ့ခြင်းမရှိသော်လည်း Rose မှ Jon Snow အဖြစ်သရုပ်ဆောင်တဲ့ Kit Harrington နဲ့ မင်္ဂလာဆောင်ပြီးနောက်ပိုင်းမှသာ ပိုမိုခင်မင် ရင်းနှီးလာကြတာဖြစ်ပါတယ်။

 

Source ~ PEOPLE Magazine

#ST((Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read