HomeEntertainmentယာဉ်မတော်တဆဖြစ်မှုဖြစ်ပွားခဲ့တဲ့ ဟာသမင်းသားကြီး Kevin Hart

ယာဉ်မတော်တဆဖြစ်မှုဖြစ်ပွားခဲ့တဲ့ ဟာသမင်းသားကြီး Kevin Hart

- Advertisement -

ဟာသမင်းသားကြီး Kevin Hart ကို ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ မင်းသားကြီး The Rock နဲ့အတူ Jumanji ၊ Central Intelligence တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုနောက်ဆုံးအနေနဲ့ Night School ဇာတ်ကားထွက်ရှိထားကာ The Secret Life of Pets – II မှာလည်း အသံသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဟာသသရုပ်ဆောင်မင်းသားကြီး Kevin Hart တစ်ယောက် သူ့ကိုယ်ပိုင်ယာဉ်ဖြစ်တဲ့ Plymouth Barracuda ယာဉ်ဖြင့် သွားလာနေစဉ်အတွင်း မတော်တဆဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

ထိုယာဉ်မတော်တဆမှုဖြစ်စဉ်တွင် Kevin မှာ နောက်ကျောရိုးနာကျင်မှုဒဏ်ကို အပြင်းအထန်ခံစားခဲ့ရပြီး နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ပြန်လည်သက်သာလာပြီဖြစ်တဲ့အကြောင်း သိရှိရပါတယ်။ အသက် ၄၀ အရွယ်ရှိ ဟာသမင်းသားကြီးမှာ သူငယ်ချင်း Jared Black နဲ့အတူ ညသန်းခေါင်ကျော် (1209၁) နာရီအချိန်တွင် Malibu အဝေးပြေးလမ်းမပေါ်မှာ အခုလိုမျိုး ယာဉ်မတော်တဆ ဖြစ်ပျက်ခဲ့တာပဲဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ယာဉ်ထိန်းရဲတွေရဲ့ အဆိုအရ အခင်းဖြစ်ပွားချိန်မှာ ယာဉ်မောင်းသူက Jared ဖြစ်ပြီး Kevin မှာ ယာဉ်မောင်းဘေးခုံကနေ စီးနင်းလိုက်ပါလာတာဖြစ်တယ်လို့ သိရှိရပါတယ်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် Kevin စီးနင်းလာတဲ့ကားမှာ လမ်းမပေါ်ကနေ ၁၀ ပေ လောက်အကွာမှာရှိတဲ့ ရေမြောင်းထဲသို့ ထိုးဆင်းသွားခဲ့ပြီး မင်းသားကြီးမှာလည်း နောက်ကျောရိုး နာကျင်မှုဝေဒနာကို အပြင်းအထန်ခံစားခဲ့ရပါတယ်။ တာဝန်ရှိသူတွေမှလည်း အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်မောင်းနှင်သူဖြစ်သူ Jared Black မှာလည်း မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သုံးစွဲထားခြင်းမရှိကြောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။

- Advertisement -

https://www.instagram.com/p/BzqBmpnFamu/?utm_source=ig_embed

The Night School မင်းသားကြီး Kevin ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက် ၄၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် Plymouth Barracuda ကားကို ဝယ်ယူခဲ့တာဖြစ်ပြီး “ Menace ” အဖြစ် အမည်ပေးခဲ့ကာ တစ်လအကျော်မှာ အခုလိုမတော်တဆမျိုး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

 

Source ~ PEOPLE Magazine

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × five =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...