HomeLifeStyleနုပျိုမှုရဲ့ လျှို့ဝှက်ချက်အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တဲ့ အသက် ၇၀ အရွယ် အမျိုးသမီး။
နုပျိုမှုရဲ့ လျှို့ဝှက်ချက်အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တဲ့ အသက် ၇၀ အရွယ် အမျိုးသမီး။
- Advertisement -
အခုဖော်ပြပေးမယ့်အကြောင်းအရာကတော့ Norman Williams ဆိုတဲ့ အမျိုးသမီးကြီးတစ်ဦးရဲ့ ငယ်ရွယ်နုပျိုနေရတဲ့လျှို့ဝှက်ချက်အကြောင်းပဲဖြစ်ပါတယ်။ တကယ်လို့ Norman ဟာ အသက် ၇၀ ရှိပြီလို့ ပြောမယ်ဆိုရင် သင်လက်ခံနိုင်ပါ့မလား ? ? ? အမှန်တကယ်ပါပဲ။ Norman ဟာ အသက် ၇၀ အရွယ်ရှိ အဘွားအိုတစ်အိုဖြစ်ပြီး သူမရဲ့ ပုံပန်းသဏ္ဍာန်ဟာ ၂၅ နှစ်အရွယ်သာရှိသေးတဲ့ ကောင်မလေးတစ်ယောက်ကဲ့သို့ အလွန်အ့ံအားသင့်ဖွယ် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Norman ကတော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပဲဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပြီး အခုလိုမျိုး Norman လို နုပျိုအောင် ပြုမူကျင့်ကြံလို့ရတဲ့နည်းလမ်းတွေ အမြောက်အမြားရှိပါတယ်။
- Advertisement -
- Advertisement -
- Advertisement -
“ ကျွန်မအသက် ၂၀ ကျော်အရွယ်က ပုံစံထက် ပိုမိုကောင်းမွန်တဲ့ ပုံစံကို အခုပိုင်ဆိုင်ထားပါတယ် . . . ” ဆိုပြီး ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒီတော့ Norman ရဲ့ အခုလိုနုပျိုနေရတဲ့အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာ ဆက်လက်လေ့လာကြည့်ရအောင်။ The Sun သတင်းစာတာဝန်ရှိသူတစ်ဦးက “ Norman ဟာ အမှန်တကယ်တော့ အသက် ၈၀ ပြည့်တော့မှာဖြစ်ပြီး ခင်ပွန်းဖြစ်သူ Laurie နဲ့ အတူနေထိုင်လျက်ရှိပါတယ်။ Norman ဟာ အမေရိကန် ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ အသက်အရွယ်ကြီးလာတဲ့အခါ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ပက်သက်ပြီး ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူးပါတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
Norman ကို မေးမြန်းတဲ့အခါမှာတော့ “ ကျွန်မဖြစ်ချင်တဲ့ပုံစံအတိုင်း ဖြစ်လာတဲ့အတွက်ကြောင့် ကိုယ့်ကိုကိုယ် အရမ်းကျေနပ်အားရတယ်။ အခုလို ကျန်းကျန်းမာမာနဲ့ နုပျိုနေရတဲ့အကြောင်းကိုပြောရမယ်ဆိုရင် ကျွန်မစားသုံးတဲ့ အစားအစာတွေနဲ့ သက်ဆိုင်မယ်ထင်တာပဲ။ ကျွန်မတော့ ဘီစကစ်၊ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်မီးကင်၊ သီဟိုဠ်စေ့လှော်၊ မြေပဲစေ့လှော်၊ ဘယ်ရီသီးနဲ့ ချော့ကလက်တို့ကို နေ့စဉ်ပုံမှန် စားသုံးပါတယ်။ အဓိကအရေးကြီးတာကတော့ အရမ်းချိုတဲ့အစားအစာတွေ မစားမိဖို့ပါပဲ။ နောက်တစ်ခုကတော့ ကျွန်မက ညတိုင်း ဝိုင်တစ်လုံး သောက်လေ့ရှိပါတယ် . . . ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။
<Unicode Version>
<Zawgyi Version>
#SoshweLifestyle
#SoshweForYourDailyLife
#Like&Share
- Advertisement -
Must Read