HomeEntertainmentဆော်ဒီနိုင်ငံမှာ မကြာခင်ပေါ်ပေါက်လာတော့မယ့် ကမ္ဘာ့အရှည်ဆုံး၊ အမြင့်ဆုံး၊ အမြန်ဆုံး Rollercoaster ကြီး။

ဆော်ဒီနိုင်ငံမှာ မကြာခင်ပေါ်ပေါက်လာတော့မယ့် ကမ္ဘာ့အရှည်ဆုံး၊ အမြင့်ဆုံး၊ အမြန်ဆုံး Rollercoaster ကြီး။

- Advertisement -

ဆော်ဒီနိုင်ငံမှာ မကြာခင်တည်ဆောက်တော့မယ့် ကမ္ဘာ့အရှည်ဆုံး၊ အမြင့်ဆုံးနဲ့ အမြန်ဆုံး Rollercoaster ကြီး စတင်အကောင်အထည်ဖော်မယ့်အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။

- Advertisement -

The Falcon Flight လို့အမည်ပေးထားတဲ့ အဆိုပါ Rollercoaster ကြီးကို ဆော်ဒီနိုင်ငံရဲ့ မြို့တော် Riyadh မှ ကီလိုမီတာ ၄၀ အကွာအဝေးရှိ Qiddiya ပန်းခြံမှာ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Six Flags မှ တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်ပါတယ်။

- Advertisement -

- Advertisement -

Six Flags ကုမ္ပဏီအနေနဲ့ ၎င်းတို့တည်ဆောက်မယ့် Rollercoaster အကြမ်းထည်ပုံစံကို Illustrative Video တစ်ခု ဖန်တီးပြီး ချပြခဲ့ပါတယ်။ Daily Mail Magazine ရဲ့ ဖော်ပြချက်အရ အခုတည်ဆောက်နေတဲ့ The Falcon Flight Rollercoaster ဟာ အဘူဒါဘီမှာရှိတဲ့ 150mph မြန်နှုန်းရှိ Formula Rossa ထက် ပိုမြန်တဲ့အရှိန်နဲ့ တည်ဆောက်သွားမယ်လို့ သိရပါတယ်။ အဆိုပါ Rollercoaster စီးနင်းသူတိုင်း ပန်းခြံတစ်ခုလုံးရဲ့အလှကို အပေါ်စီးကနေ တွေ့မြင်ရမှာဖြစ်ပြီး အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့ အပြင်အဆင်တွေနဲ့ ဖန်တီးပြုလုပ်သွားမှာဖြစ်တဲ့အကြောင်း Qiddiya Investment Company ရဲ့ CEO ဖြစ်သူ Michael မှ ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်တို့အနေနဲ့ အခုလိုကမ္ဘာ့အကောင်းဆုံး Rollercoaster ကို ဖန်တီးရတဲ့အဓိကရည်ရွယ်ချက်ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေကို တစ်မူထူးခြားတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်ဖို့ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်. . . ” ဆိုပြီး ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

 

 

ေဆာ္ဒီႏိုင္ငံမွာ မၾကာခင္ေပၚေပါက္လာေတာ့မယ့္ ကမာၻ႕အရွည္ဆုံး၊ အျမင့္ဆုံး၊ အျမန္ဆုံး Rollercoaster ႀကီး။

ေဆာ္ဒီႏိုင္ငံမွာ မၾကာခင္တည္ေဆာက္ေတာ့မယ့္ ကမာၻ႕အရွည္ဆုံး၊ အျမင့္ဆံုးနဲ႕ အျမန္ဆုံး Rollercoaster ႀကီး စတင္အေကာင္အထည္ေဖာ္မယ့္အစီအစဥ္ကို ထုတ္ျပန္ခ့ဲပါတယ္။

The Falcon Flight လို႔အမည္ေပးထားတဲ့ အဆိုပါ Rollercoaster ႀကီးကို ေဆာ္ဒီႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ Riyadh မွ ကီလိုမီတာ ၄၀ အကြာအေဝးရွိ Qiddiya ပန္းၿခံမွာ အေမရိကန္ကုမၸဏီတစ္ခုျဖစ္တဲ့ Six Flags မွ တာဝန္ယူတည္ေဆာက္ေနျခင္း ျဖစ္ပါတယ္။

Six Flags ကုမၸဏီအေနနဲ႔ ၄င္းတို႔တည္ေဆာက္မယ့္ Rollercoaster အၾကမ္းထည္ပုံစံကို Illustrative Video တစ္ခု ဖန္တီးၿပီး ခ်ျပခဲ့ပါတယ္။ Daily Mail Magazine ရဲ႕ ေဖာ္ျပခ်က္အရ အခုတည္ေဆာက္ေနတ့ဲ The Falcon Flight Rollercoaster ဟာ အဘူဒါဘီမွာရွိတဲ့ 150mph ျမန္ႏႈန္းရွိ Formula Rossa ထက္ ပိုျမန္တဲ့အရွိန္နဲ႔ တည္ေဆာက္သြားမယ္လို႔ သိရပါတယ္။ အဆိုပါ Rollercoaster စီးနင္းသူတိုင္း ပန္းၿခံတစ္ခုလုံးရဲ႕အလွကို အေပၚစီးကေန ေတြ႕ျမင္ရမွာျဖစ္ၿပီး အလြန္အ့ံအားသင့္ဖြယ္ေကာင္းတဲ့ အျပင္အဆင္ေတြနဲ႔ ဖန္တီးျပဳလုပ္သြားမွာျဖစ္တဲ့အေၾကာင္း Qiddiya Investment Company ရဲ႕ CEO ျဖစ္သူ Michael မွ ေျပာၾကားခဲ့ပါတယ္။ “ ကြၽန္ေတာ္တို႔အေနနဲ႔ အခုလိုကမာၻ႔အေကာင္းဆုံး Rollercoaster ကို ဖန္တီးရတဲ့အဓိကရည္႐ြယ္ခ်က္ကေတာ့ တစ္ကမာၻလုံးမွာရွိတဲ့ လူေတြကို တစ္မူထူးျခားတဲ့ ခံစားခ်က္မ်ိဳး ေပးစြမ္းႏိုင္ဖို႔ရည္႐ြယ္ၿပီး ျပဳလုပ္ရျခင္းျဖစ္ပါတယ္. . . ” ဆိုၿပီး ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

#SoshweTravel

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read