ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား Fred ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းမှပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းများထွက်ပေါ်လာသော်လည်း အပြောင်းအရွှေ့ကာလများအပြီး ယူနိုက်တက်အသင်း၌သာ ဆက်လက်တည်ရှိနေမှာဖြစ်တဲ့အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
ဘရားဇီးကြယ်ပွင့်ဖြစ်တဲ့ Fred ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့တုန်းက ရှက်ဒါဒိုးနက်စ်အသင်းကနေ ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကြေး (၅၂) သန်းဖြင့် ရောက်ရှိလာခဲ့ကာ အိုးထရက်ဖို့ဒ်၌ ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ တစ်နှစ်ပတ်လုံး ပွဲပေါင်း (၂၅)ပွဲ၌သာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာတော့ Fred ဟာ ယူနိုက်တက်အသင်းမှာပဲ ဆက်လက်ရှိနေဦးမှာဖြစ်ပြီး အချို့ကျွမ်းကျင်သူတွေမှ Fred ဟာ အီတလီစီးရီးအေကလပ်တစ်ခုခုကို ပြောင်းရွှေ့ကစားသင့်ကြောင်း ခန့်မှန်းသုံးသပ်ခဲ့ကြပါတယ်။ စီးရီးအေကလပ်တစ်ခုဖြစ်တဲ့ ဖီအိုရင်းတီးနားအသင်းမှလည်း Fred ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိပြီး The Times Magazine ရဲ့ ဖော်ပြချက်အရ အသက် ၂၆ နှစ်အရွယ်ရှိ ဘရာဇီးကြယ်ပွင့် ကွင်းလယ်ကစားသမား Fred ဟာ နည်းပြကြီးအိုလေးနဲ့ နောက်ဆုံးဆွေးနွေးညှိနှိုင်းပြီးနောက် ယူနိုက်တက်အသင်း၌သာ ဆက်လက်ရှိနေဖို့ မျှော်လင့်လျက်ရှိကြောင်း သိရှိရပါတယ်။
နည်းပြကြီးအိုလေးမှလည်း ဘရာဇီးကြယ်ပွင့် Fred ဟာ ယူနိုက်တက်အသင်း၌သာ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး သူ့အနေနဲ့ Training တွေ အမြောက်အမြားလုပ်ဖို့ လိုအပ်တဲ့အကြောင်းနဲ့ ပုံမှန်ပွဲထွက်ခွင်ရရှိဖို့ကိုလည်း အခွင့်အရေးပေးသွားမှာဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
Source ~ Mirror
#ST(Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share