HomeSportဘာစီလိုနာအသင်းနဲ့ နွေရာသီအပြောင်းအရွှေ့သတင်း။

ဘာစီလိုနာအသင်းနဲ့ နွေရာသီအပြောင်းအရွှေ့သတင်း။

- Advertisement -

စပိန်ထိပ်သီးကလပ်ဖြစ်တဲ့ ဘာစီလိုနာအသင်းမှ သူတို့ရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ခရိုအေးရှားနိုင်ငံသား Ivan Rakitic ကို ရောင်းထုတ်မယ်ဆိုပြီး သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ခရိုအေးရှားကြယ်ပွင့်ဖြစ်သူ Ivan မှာ အပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်အသင်းသို့  ပြောင်းရွှေ့ရန် သတင်းများအခိုင်အမာထွက်ပေါ်လာခဲ့သော်လည်း ပရီးမီးယားလီးဂ် ထိပ်တန်းကလပ်ဖြစ်တဲ့ ယူနိုက်တက်အသင်းမှ တရားဝင်ကမ်းလှမ်းခြင်း မရှိခဲ့ပါဘူး။ ခရိုအေးရှားကြယ်ပွင့် Ivan ရဲ့ Old Trafford သို့ ပြောင်းရွှေ့ကစားချင်တဲ့အိပ်မက်ဟာ လက်တွေ့ဖြစ်မလာခဲ့ဘဲ Nou Camp မှာပဲ ဆက်လက်ကစားဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သို့ပေမယ့်လည်း ဘာစီလိုနာအသင်းမှ ကွင်းလယ်ကစားသမားဖြစ်သူ Ivan ကို ရောင်းထုတ်မယ်ဆိုတဲ့ သတင်းတွေဟာလည်း ထွက်ပေါ်လာခဲ့ပါတယ်။

စပိန်သတင်းစာဖြစ်တဲ့ AS မှ ဘာစီလိုနာနည်းပြ Ernesto Valverde ဟာ လာလီဂါပွဲ နှစ်ပွဲကစားအပြီး ကွင်းလယ်ကစားသမားဖြစ်သူ Ivan ကို ရောင်းထုတ်ဖို့အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အခြားဖြစ်နိုင်တဲ့အကြောင်းအရင်းတစ်ခုကတော့ အသက် ၃၁ နှစ်အရွယ်ရှိ Ivan ကို PSG အသင်းမှ ဘာစီလိုနာကြယ်ပွင့်ဟောင်း နေမာကို ခေါ်ယူဖို့ အလဲအထပ်ပြုလုပ်နိုင်ကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ Ivan ကတော့ လက်ရှိ ဘာစီလိုနာအသင်းနဲ့ စာချူပ်သက်တမ်း (၂) နှစ် ကျန်ရှိလျက်ရှိပြီး စပိန်ထိပ်သီးကလပ်ကြီးကတော့ စာချုပ်သက်တမ်းတိုးဖို့အတွက်ကို တွန့်ဆုတ်လျက်ရှိပါတယ်။

 

- Advertisement -

Source ~ Mirror

#ST(Soshwe)

- Advertisement -

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

sixteen − ten =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...