HomeSportနည်းပြကြီးဆိုးလ်ရှားကို အခက်တွေ့စေတဲ့ မန်ယူကြယ်ပွင့်။

နည်းပြကြီးဆိုးလ်ရှားကို အခက်တွေ့စေတဲ့ မန်ယူကြယ်ပွင့်။

- Advertisement -

ပြီးခဲ့တဲ့ စနေနေ့က ယူနိုက်တက်အိမ်ကွင်းမှာ ကျင်းပခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ခရစ်စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းမှ နှစ်ဂိုး – တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

Danny Murphy မှ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဖြစ်သူ David De Gea ရဲ့ လက်ရှိအားနည်းတဲ့ပုံစံဟာ နည်းပြကြီး အိုလေးကို အဓိကအခက်တွေ့စေနိုင်တယ်ဆိုပြီး  ပြောကြားသွားပါတယ်။

လက်တလော ယူနိုက်တက်အသင်းနဲ့ စာချုပ်အသစ်ချုပ်ဆိုထားတဲ့ စပိန်လက်ရွေးစင်ဂိုးသမားဖြစ်သူ De Gea မှာ လွန်ခဲ့တဲ့နှစ်အချို့က အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တဲ့ ဂိုးသမားတစ်ဦးလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း အခုလက်ရှိပုံစံနဲ့သာဆိုရင် ယူနိုက်တက်အသင်းအနေနဲ့ ရလဒ်ဆိုးတွေနဲ့သာ ကြုံတွေ့ရလိမ့်မယ်ဆိုပြီး Danny မှ ခန့်မှန်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

ပြီးခဲ့တဲ့သီတင်းပတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲအပြီး ခရစ်စတယ်ပဲလေ့စ်အသင်းကို မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုလို သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ “ ယူနိုက်တက်အသင်းအတွက် စိုးရိမ်စရာတွေကတော့ ရှိနေစမြဲပါပဲ။ ဒီတစ်ခေါက် စိတ်ပူရမှာက De Gea ပဲဖြစ်ပါတယ် . . . ” ဆိုပြီး Danny မှ Talk Sport သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ “ လွန်ခဲ့တဲ့နှစ်အချို့က Dea Gea ဟာ ယူနိုက်တက်အသင်းနဲ့အတူ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ အမှားတွေများလျက်ရှိပြီး ယူနိုက်တက်အသင်းအတွက် စိုးရိမ်စရာကိစ္စရပ်တစ်ခုလို့ပဲ ပြောရမှာပါ . . . ” ဆိုပြီး ထပ်လောင်းပြောကြားခဲ့ပါတယ်။

- Advertisement -

ထို့အပြင် ယူနိုက်တက်အသင်းအနေနဲ့ Michael Carrick လိုမျိုး ကစားပုံတောင့်တင်းတဲ့ အလယ်တန်းကစားကစားသမားတစ်ယောက်ကိုလည်း ခေါ်ယူဖို့လိုအပ်တယ်ဆိုပြီး ကျွမ်းကျင်သူများမှ သုံးသပ်ကြပါတယ်။

 

Source ~ Mirror

#ST(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × 4 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...