HomeLifeStyleပစိဖိတ်သမုဒ္ဒရာကို ၇၆ ရက်ကြာ တစ်ယောက်တည်းဖြတ်သန်းခဲ့တဲ့ အမျိုးသား။

ပစိဖိတ်သမုဒ္ဒရာကို ၇၆ ရက်ကြာ တစ်ယောက်တည်းဖြတ်သန်းခဲ့တဲ့ အမျိုးသား။

- Advertisement -

Antonio လို့ခေါ်တဲ့ စပိန်အမျိုးသားတစ်ဦးဟာ အမေရိကန်နိုင်ငံရဲ့ အနောက်ဖက်ဆုံးကမ်းရိုးတန်းကနေ မိုင်ပေါင်း ၂၅၀၀ ကျော်ကွာဝေးတဲ့ ဟာဝိုင်အီသို့ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ ၇၆ ရက်ကြာအောင် တစ်ယောက်တည်း ဖြတ်သန်းသွားလာခဲ့ပါတယ်။

Antonio ဟာ ထိုသို့ဖြတ်သန်းသွားနေစဉ်အတောအတွင်း သူ့ရဲ့ အသက် ၅၀ ပြည့်မွေးနေ့ကို ပင်လယ်ထဲမှာပဲ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ညဖက်တွေမှသာ အိပ်စက်အနားယူနိုင်ပြီး ထိုသို့အိပ်စက်ရာတွင်လည်း တစ်နာရီတစ်ခါထ၍ သူ့လှေငယ်လေးရဲ့ အခြေအနေကို ကြည့်ရှုရတဲ့အတွက်ကြောင့် အလွန်ပင်ပန်းခဲ့ရပါတယ်ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Antonio ဟာ ကိုယ်ပိုင်ခရီးသွားလုပ်ငန်းကို လုပ်ဆောင်နေသူတစ်ဦးဖြစ််ပြီး သူ့ရဲ့အားလပ်ရက်တွေမှာ ယခုလို စွန့်စွန့်စားစား ခရီးသွားလာရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။

- Advertisement -

https://www.instagram.com/p/ByfXDQ1BGGC/

- Advertisement -

Antonio တစ်ယောက် San Francisco ကနေ စတင်ထွက်ခွာခဲ့ပြီး ရက်ပေါင်း (၇၀) အကြာမှာ ဟာဝိုင်အီသို့ရောက်ရှိမယ်လို့ ကနဦးခန့်မှန်းထားခဲ့သော်လည်း သူခန့်မှန်းထားတာထက် (၆) ရက်နောက်ကျပြီးမှ ရောက်ရှိခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာအတွင်း လှေလှော်သွားလာနေစဉ် ပထမအပတ်၌ Flossie မုန်တိုင်းနဲ့ တွေ့ကြုံခဲ့ပေမယ့်လည်း ကံအားလျော်စွာ မုန်တိုင်းလမ်းကြောင်းဟာ အပူပိုင်းဒေသတွေဆီသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဟာဝိုင်အီသတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ Antonia ဟာ ယခုခရီးစဉ်အတွက် တစ်ဦးတည်းအစအဆုံး ပြင်ဆင်ခဲ့ပြီး အစားအသောက်တွေကိုလည်း ရက် (၉၀) စာအတွက် ပြင်ဆင်သွားခဲ့တယ်ဆိုပြီး သိရှိရပါတယ်။

- Advertisement -

<Unicode Version>

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read