HomeEntertainmentကမ္ဘာ့ကြောက်စရာအကောင်းဆုံး Roller Coaster (၅) ခု။

ကမ္ဘာ့ကြောက်စရာအကောင်းဆုံး Roller Coaster (၅) ခု။

- Advertisement -

Roller Coaster စီးနင်းဖူးသူတွေအနေနဲ့ စက္ကန့်တိုင်းလိုလို စိတ်လှုပ်ရှားမှုတွေကို တွေ့ကြုံခံစားရမှာ ကျိန်းသေပေါက်ပဲ ဖြစ်ပါတယ်။ နည်းပညာအသစ်တွေ၊ ဒီဇိုင်းပိုင်းတွေ၊ အင်ဂျင်နီယာတွေအကူအညီနဲ့ အခုလက်ရှိအချိန်မှာတော့ အလွန်မြင့်မားပြီး အလွန်မြန်ဆန်တဲ့၊ အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Roller Coaster တွေကို ကမ္ဘာတစ်ဝှမ်း စိတ်အပန်းဖြေစရာတစ်ခုအနေနဲ့ အပန်းဖြေဥယျာဉ်တွေမှာ ထည့်သွင်းတည်ဆောက်လာပါတယ်။ အခုလိုမျိုး အပြိုင်အဆိုင်နဲ့ ဖန်တီးပြုလုပ်ခဲ့တဲ့ Roller Coaster တွေဟာလည်း ကမ္ဘာတစ်ဝှမ်း တဖြည်းဖြည်း များပြားလာပြီပဲ ဖြစ်ပါတယ်။

Roller Coaster စီးနင်းရတာကို ကြိုက်နှစ်သက်သူတွေကလည်း မိုင်ပေါင်းထောင်ချီဝေးကွာတဲ့ နေရာဒေသကနေတောင် လာရောက်စီးနင်းကြတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ အချို့တွေကလည်း အမှတ်တရတစ်ခု ဖန်တီးဖို့အတွက် သူငယ်ချင်းတွေအဖွဲ့လိုက် လာရောက်စီးနင်းကြတာမျိုးတွေလည်း ရှိပါတယ်။ Roller Coaster စီးနင်းရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်တဲ့ Patrick Lindich ကတော့ “ ကျွန်တော့်အနေနဲ့ Roller Coaster စီးနင်းရတာကို ကြိုက်နှစ်သက်တဲ့ အဓိကအကြောင်းအရာကတော့ အမြင့်ကြီးကနေ အရှိန်နဲ့ ပြုတ်ကျလာလို့ ဖြစ်ပေါ်လာတဲ့ ခံစားချက်မျိုးနဲ့ အရှိန်အပြည့် နိမ့်ချည် မြင့်ချည်ဖြစ်သွားတဲ့ ခံစားချက်တွေကြောင့်ပဲဖြစ်ပါတယ် . . . ” ဆိုပြီး သူ့ရဲ့ခံစားချက်ကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

- Advertisement -

အခုဆက်လက်ပြီးတော့ စီးနင်းဖူးသူတိုင်း ဝန်ခံခဲ့ကြတဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး Roller Coaster (၅) ခုကို သူငယ်ချင်းတို့အနေနဲ့လည်း မိမိရဲ့ အခင်ဆုံးသူငယ်ချင်းတွေနဲ့ အမှတ်တရကောင်းကောင်းလေးတွေ ဖန်တီးနိုင်ကြဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

- Advertisement -

 

- Advertisement -

၁။ Takabisha

တည်နေရာ – Fuji-Q Highland park; Fujiyoshida, Japan

စတင်ဖွင့်လှစ်ခဲ့သည့်နှစ် – ၂၀၁၁ ခုနှစ်

အမြင့်ပေ – ၄၃ မီတာ (၁၄၁ ပေ)

အမြန်နှုန်း – 100 km/hr (62 mph)

Roller Coaster တစ်ခုလုံးရဲ့အရှည် – ၁၀၀၄ မီတာ (၃၂၉၄ ပေ)

 

၂။ Millennium Force

တည်နေရာ – Cedar Point; Sandusky, Ohio

စတင်ဖွင့်လှစ်ခဲ့သည့်နှစ် – ၂၀၀၀ ခုနှစ်

အမြင့်ပေ – ၉၅ မီတာ (၃၁၀ ပေ)

အမြန်နှုန်း – 93 mph (150kph)

Roller Coaster တစ်ခုလုံးရဲ့အရှည် – ၂၀၁၀ မီတာ (၆၅၉၅ ပေ)

 

၃။ SheiKra

တည်နေရာ – Busch Gardens Tampa Bay; Tampa, Florida

စတင်ဖွင့်လှစ်ခဲ့သည့်နှစ် – ၂၀၀၅ ခုနှစ်

အမြင့်ပေ – ၆၁ မီတာ (၂၀၀ ပေ)

အမြန်နှုန်း – Up to 70 mph (113 kph)

Roller Coaster တစ်ခုလုံးရဲ့အရှည် – ၉၇၂ မီတာ (၃၁၈၈ ပေ)

 

၄။ Wildfire

တည်နေရာ – Kolmården Wildlife Park; Kolmården, Sweden

စတင်ဖွင့်လှစ်ခဲ့သည့်နှစ် – ၂၀၁၆ ခုနှစ်

အမြင့်ပေ – ၅၁ မီတာ (၁၈၇ ပေ)

အမြန်နှုန်း – 115 kph (71 mph)

Roller Coaster တစ်ခုလုံးရဲ့အရှည် – ၁၂၆၅ မီတာ (၄၁၅၀ ပေ)

 

၅။ Yukon Striker

တည်နေရာ – Canada’s Wonderland; Vaughan, Ontario

စတင်ဖွင့်လှစ်ခဲ့သည့်နှစ် – ၂၀၁၉ ခုနှစ်

အမြင့်ပေ – ၆၈ မီတာ (၂၂၃ ပေ)

အမြန်နှုန်း – 129 kph (80 mph)

Roller Coaster တစ်ခုလုံးရဲ့အရှည် – ၁၁၀၅ မီတာ (၃၆၂၅ ပေ)

<Unicode Version>

 

#soshwe

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read