HomeEntertainmentတစ်ချိန်က အောင်မြင်မှုတွေရရှိခဲ့တဲ့ “ The Matrix ” ရုပ်ရှင်နောက်ဆက်တွဲ ဆက်လက်ရိုက်ကူးမှာလား ? ? ?

တစ်ချိန်က အောင်မြင်မှုတွေရရှိခဲ့တဲ့ “ The Matrix ” ရုပ်ရှင်နောက်ဆက်တွဲ ဆက်လက်ရိုက်ကူးမှာလား ? ? ?

- Advertisement -

၁၉၉၉ ခုနှစ်တုန်းက တဟုန်ထိုး နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Keanu Reeves နဲ့ မင်းသမီးကြီး Carrie-Anne Moss တို့ ပူးပေါင်းပါဝင်သရုပ်ဆောင်ထားတဲ့ The Matrix သိပ္ပံအက်ရှင်ဇာတ်ကား  နောက်ဆက်တွဲ နံပါတ် (၃)ကို နောက်နှစ်အတွင်း စတင်ရိုက်ကူးသွားမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

“ The Matrix  ” ဇာတ်ကားမှာတော့ မင်းသားကြီး Keanu က “ Leo ” အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး လူသားတွေကို Matrix လို့ခေါ်တဲ့ တကယ့်အစစ်အမှန်တွေကနေ အတုအယောင်အဖြစ် ထောင်ချောက်ဆင်ထားတဲ့ ဖြစ်စဉ်ကြီးကနေ လွတ်မြောက်အောင် ဦးဆောင်ဦးရွက် ကူညီဆောင်ရွက်သူ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Moss ၊ Laurence Fishburne နဲ့ Hugo Weaving တို့က ပါဝင်ကူညီအားဖြည့်ပေးထားကြပါတယ်။

Keanu Reeves ဟာ လက်တလောမှာတော့ John Wick ဇာတ်ကားတွေနဲ့ ပရိသတ် အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ကာ အခုဆက်လက်ရိုက်ကူးမယ့် Matrix ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ ထောက်ခံမှုကို ရရှိဦးမှာ သေချာသလောက်ပဲဖြစ်ပါတယ်။ AMC ရုပ်ရှင်ရုံရဲ့ ထုတ်ပြန်ချက်အရ Matrix ဇာတ်ကား နှစ် (၂၀) ပြည့် အထိမ်းအမှတ်ပွဲတစ်ခုကိုလည်း သြဂုတ်လ ၃၀ ရက်မှာ ပြုလုပ်သွားမယ်ဆိုပြီး သိရှိရပါတယ်။

 

- Advertisement -

Source ~ CNN News

#ST(Soshwe)

- Advertisement -

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × five =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...