HomeEntertainmentကမ္ဘာကျော်စုံတွဲတွေ လမ်းခွဲခဲ့ကြတာကို မှီငြမ်းပြီး ထွက်ရှိလာတဲ့သီချင်းများ။

ကမ္ဘာကျော်စုံတွဲတွေ လမ်းခွဲခဲ့ကြတာကို မှီငြမ်းပြီး ထွက်ရှိလာတဲ့သီချင်းများ။

- Advertisement -

၁။ Miley Cyrus နဲ့ Liam Hemsworth

- Advertisement -

- Advertisement -

Miley Cyrus တစ်ယောက် “ Slide Away ” ဆိုတဲ့သီချင်းကို ပရိသတ်တွေထံ ချပြခဲ့ကာ ထိုသီချင်းကတော့ ခင်ပွန်းဖြစ်သူ Liam Hemsworth နဲ့ ကွာရှင်းပြီး (၆) ရက်အကြာမှာ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

- Advertisement -

 

၂။ Ariana Grande နဲ့ Pete Davidson

စေ့စပ်ပွဲပြုလုပ်ပြီး ၄ လ အကြာ အောက်တိုဘာ၊ ၂၀၁၈ ခုနှစ်မှာတော့ နှစ်ဦးသား ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ အဲ့နောက်ပိုင်း Ariana မှ “ Thank U, Next ” ဆိုတဲ့ အယ်လ်ဘမ်ကို သူ့ရဲ့့ရည်းစားဟောင်းတွေဖြစ်ကြတဲ့ Big Sean ၊ Ricky Alvarez နဲ့ Mac Miller တို့ကို ရည်ညွှန်းရေးဖွဲ့ခဲ့ပါတယ်။

 

၃။ Justin Bieber နဲ့ Selena Gomez

၂၀၁၅ ခုနှစ်က Justin Bieber မှ Ellen Degeneres ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ သူ့ရဲ့သီချင်းတွေဖြစ်တဲ့ “ Sorry ” ၊ “ What Do you Mean ” နဲ့ “ Mark My Worlds ” သီချင်းတို့ဟာ သူနဲ့ Selena တို့ရဲ့ တွဲလိုက်ပြတ်လိုက်ဖြစ်ခဲ့တဲ့ Relationship ကို ရည်ရွယ်ရေးဖွဲ့ထားတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

၄။ Taylor Swift နဲ့ John Mayer

Taylor Swift ရဲ့ “ Dear John ” သီချင်းကတော့ နိုဝင်ဘာ ၂၀၀၉ ကနေ ဖေဖော်ဝါရီ ၂၀၁၀ အထိ တွဲခုတ်ခဲ့တဲ့ John Mayer အကြောင်း ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

 

၅။ Rihanna နဲ့ Chris Brown

၂၀၁၀ ခုနှစ်တုန်းက Rihanna မှ “ Cold Case Love ” ဆိုတဲ့ သီချင်းကို သူ့ရဲ့ရည်းစားဟောင်းဖြစ်တဲ့ Chris Brown နဲ့ ပြင်းထန်တဲ့ဆက်ဆံရေးအကြောင်း ရေးစပ်ထားတာဖြစ်တယ်ဆိုပြီး Vogue Magazine ကို ပြောကြားခဲ့ပါတယ်။ သီချင်းစာသားတွေဟာဆိုရင် ၂၀၀၉ ခုနှစ်တုန်းက Chris မှ သူ့အားနှိပ်စက်တဲ့အတွက်ကြောင့် ဖမ်းဆီးခံရတဲ့အကြောင်း ဖော်ပြနေပါတယ်။

 

၆။ Katy Perry နဲ့ Russell Brand

Katy ဟာ “ Part of Me ” ဆိုတဲ့သီချင်းကို Brand နဲ့ မတွေ့ခင်ကတည်းက ရေးစပ်ထားတာဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ သူတို့နှစ်ဦးကွာရှင်းပြီးနောက်မှာတော့ စာသားတွေပြင်ဆင်ကာ ပရိသတ်တွေဆီ ချပြခဲ့ခြင်းဖြစ်ပါတယ်။

 

၇။ Britney Spears နဲ့ Justin Timberlake

၂၀၀၂ ခုနှစ်က သူတို့နှစ်ဦး လမ်းခွဲကြပြီးနောက် Justin မှ “ Cry Me a River ” ဆိုတဲ့သီချင်း ထွက်ရှိလာခဲ့ပြီး ထိုသီချင်းဟာ Britney အကြောင်းကို ရေးစပ်ထားခြင်းဖြစ်တယ်ဆိုပြီး ပရိသတ်များမှ ထင်ကြေးပေးခဲ့ကြပါတယ်။

 

၈။ Taylor Swift နဲ့ Harry Styles

Taylor မှ သူမရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ Style ” ဟာ ၂၀၁၃ ခုနှစ်တုန်းက တွဲခုတ်ခဲ့ဖူးတဲ့ One Direction အဖွဲ့ဝင်ဟောင်း Harry Styles အကြောင်း ရေးစပ်ထားခြင်းဖြစ်တယ်ဆိုပြီး ဝန်ခံခဲ့ပါတယ်။

<Unicode Version>

#soshwe

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read