Milry Cyrus တစ်ယောက် Liam Hemsworth နဲ့ ပြတ်စဲပြီးနောက် သူမရဲ့ခံစားချက်တွေကို ဖော်ပြနေတဲ့ သီချင်းအသစ်တစ်ပုဒ်ကို ပရိသတ်တွေဆီ ချပြခဲ့ပါတယ်။
သီချင်းရဲ့အမည်ကိုတော့ “ Slide Away ” လို့ပေးထားပြီး သီချင်းထဲတွင် “ တစ်ချိန်တုန်းကတော့ ဗိမာန်ကြီးတစ်ခုလိုပဲပေါ့။ နိုးထလာတဲ့တစ်ရက်မှာတော့ အရာရာအားလုံးဟာ ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အခုချိန်မှာတော့ အရာရာအားလုံး ဝေဝါးနေပြီိး ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်လို့ပဲ သတ်မှတ်လိုက်ပါတယ် . . . ” အစရှိတဲ့ စာသားတွေကို ထည့်သွင်းရေးသားထားပါတယ်။ Miley နဲ့ Liam တို့ဟာ ၂၀၀၉ ခုနှစ် “ The Last Song ” ဆိုတဲ့အချစ်ကားမှာ စတင်သိကျွမ်းခဲ့ပြီး တစ်ဦးနဲ့တစ်ဦး ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။
Slide Away. https://t.co/ziLo5sF2en pic.twitter.com/ASc8RrW0Xj
— Miley Cyrus (@MileyCyrus) August 16, 2019
Miley နဲ့ Liam တို့ဟာ သြဂုတ်လ ၁၀ ရက်နေ့က နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာပဲဖြစ်ပါတယ်။ Liam မှ Miley အား ၂၀၁၂ ခုနှစ်တုန်းက လက်ထပ်ခွင့်တောင်းခံခဲ့ပြီး ထိုအချိန်မှစတင်ကာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးမှာ အဆင်မပြေမှုတွေရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ ခင်မင်ရင်းနှီးသူ အနည်းအကျဉ်းလောက်ဖြင့် သူတို့ရဲ့နေအိမ်မှာပဲ မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။
Liam မှ သူတို့နှစ်ဦးပြတ်စဲတာနဲ့ ပက်သက်ပြီး “ ကျွန်တော့်အနေနဲ့ Miley ကို ဒီထက်မက ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ အခုလို Miley နဲ့ ပြတ်စဲံတဲ့ကိစ္စကလည်း ကိုယ်ရေးကိုယ်အကြောင်းအရာပဲဖြစ်လို့ ကျွန်တော့်အနေနဲ့ မီဒီယာတွေ၊ သတင်းဌာနတွေရဲ့ မေးခွန်းတွေအပေါ် ပြန်လည်ဖြေကြားသွားမှာ မဟုတ်ပါဘူး . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
Source ~ Entertainment Weekly
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share