HomeSportဘာစီလိုနာတိုက်စစ်မှူး Philippe Coutinho ရဲ့ နောက်ဆုံးရအပြောင်းအရွှေ့သတင်း။

ဘာစီလိုနာတိုက်စစ်မှူး Philippe Coutinho ရဲ့ နောက်ဆုံးရအပြောင်းအရွှေ့သတင်း။

- Advertisement -

Sport သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ဘိုင်ယန်မြူးနစ်အသင်းမှ ဘာစီလိုနာကြယ်ပွင့် Coutinho ကို ရေရှည်အဌားစာချုပ်ဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိပါတယ်။

ဘရာဇီးကြယ်ပွင့် Coutinho တစ်ယောက် နျူကမ့်ကွင်းကြီးမှာ တစ်နှစ်ခွဲကြော်အထိ ခက်ခဲတဲ့နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပြီး အခုချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို  ပြောင်းရွှေ့ကစားဖို့အတွက် အလွန်ပဲ နီးစပ်လာပြီဖြစ်ပါတယ်။

- Advertisement -

ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်မှာ Coutinho အား ရေရှည်အဌားစာချုပ်ဖြင့် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး နောက်နှစ်နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း (၁၂၀) နဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ ဆန္ဒရှိပါတယ်။

- Advertisement -

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းကို အဌားပြောင်းရွှေ့ကြေးအဖြစ် ဒေါ်လာ ၁၈ သန်း  ပေးရမှာဖြစ်ပြီး ဘရာဇီးကြယ်ပွင့် Coutinho မှလည်း ရက်အနည်းငယ်အတွင်း သူ့ရဲ့အပြောင်းအရွှေ့ အဆင်ပြေဖို့ မျှော်လင့်လျက်ရှိပါတယ်။

- Advertisement -

 

Source ~ FourFourTwo

#ST(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read