အသက် ၂၃ နှစ်အရွယ်ရှိ Dave Cameron လို့အမည်ရတဲ့အမျိုးသမီးတစ်ဦးဟာ အတွင်းခံအင်္ကျီဝတ်ဆင်ထားခြင်းမရှိဘဲ ဓာတ်ပုံတစ်ပုံကို သူမရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့သောကြောင့် လူတွေရဲ့ဝေဖန်ပြောဆိုမှုကို ခံခဲ့ရပါတယ်။
Dave မှလည်း သူမကိုဝေဖန်တိုက်ခိုက်သူတွေနဲ့ သူမကိုမုန်းတီးနေသူတွေကို အရိုးရှင်းဆုံးပုံစံနဲ့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ရောက်နေပြီဖြစ်သော်လည်း လူတွေအနေနဲ့ အမျိုးသမီးတစ်ဦးရဲ့ အတွင်းခံမဝတ်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ဝေဖန်ပြောဆိုနေခြင်းမှာ အလွန်ပဲ စိတ်ပျက်ဖွယ် ကောင်းလှပါတယ်။
အခုလက်ရှိ လူတွေရဲ့ပုတ်ခတ်ပြောဆိုခံနေရတဲ့အမျိုးသမီးမှာ Disney Channel ရဲ့ သရုပ်ဆောင်၊ အဆိုတော်တစ်ဦးဖြစ်ပြီိး သူမအနေနဲ့ အတွင်းခံအင်္ကျီဝတ်ဆင်ထားခြင်းမရှိဘဲ ရိုက်ကူးထားတဲ့ဓာတ်ပုံကို အင်စတာဂရမ်ပေါ်တင်ခဲ့သောကြောင့် ယခုလို လူအများရဲ့ ပုတ်ခတ်ပြောဆိုခြင်း ခံနေရတာပဲဖြစ်ပါတယ်။ သေချာစဉ်းစားကြည့်လေ။ Dave Cameron ဆိုတဲ့အမျိုးသမီးဟာ အသက် ၂၃ နှစ်ရှိနေပြီဖြစ်ပြီး အရွယ်ရောက်ပြီးသား အမျိုးသမီးတိုင်း စိတ်တိုင်းကျ ဝတ်ဆင်ပိုင်ခွင့်ရှိပါတယ်။
အခုကိစ္စနဲ့ပက်သက်ပြီး Dave မှလည်း “ Singing Woman: Voices of the Sacred Feminine ” ဆိုတဲ့ Caption ရေးကာ ပုံထပ်မံတင်၍ သူမကိုပုတ်ခတ်ပြောဆိုနေသူတွေကို အရိုးရှင်းဆုံး ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
Source ~ Cosmopolitan
#ST(1209Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share