ပြီးခဲ့တဲ့လက Disney ရုပ်ရှင်ထုတ်လုပ်ရေးမှ ပြန်လည်ရိုက်ကူးမယ့် The Little Mermaid ဇာတ်ကားတွင် Harry Styles အနေနဲ့ Prince Eric အဖြစ် ပါဝင်သရုပ်ဆောင်မယ်ဆိုတဲ့သတင်းဟာ အလွန်ပဲရေပန်းစားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်အချို့က PEOPLE Magazine ရဲ့ အတည်ပြုပြောကြားချက်အရ Harry Styles မှ Prince Eric အဖြစ် ပါဝင်သရုပ်ဆောင်ဖို့အတွက်ကို တရားဝင်ပယ်ချခဲ့တယ်ဆိုပြီး သိရှိရပါတယ်။ “ံHarry ဟာ The Little Mermaid ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် သူ့အနေနဲ့ Prince Eric အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ကို ငြင်းပယ်ခဲ့ရခြင်းဖြစ်ပါတယ် . . . ” ဆိုပြီး နီးစပ်သူတစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Disney ဖက်မှတော့ Prince Eric နေရာမှာ ဘယ်သူပါဝင်သရုပ်ဆောင်မယ်ဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ပြောကြားခြင်းမရှိသေးပါဘူး။ ဇူလိုင်လအစပိုင်းမှာတော့ Harry Styles မှ Prince Eric အဖြစ် ပါဝင်သရုပ်ဆောင်ဖို့အတွက် ကနဦးသတင်းများထွက်ပေါ်လာသော်လည်း မကြာခင်မှာပဲ R&B အဆိုတော်ဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် Halle Bailey မှ The Mermaid အဖြစ် ပါဝင်သရုပ်ဆောင်မယ်ဆိုပြီး အတည်ပြုပြောကြားခဲ့ပါတယ်။
Source ~ PEOPLE Magazine
#ST(Soshwe)
#SoshweCelebrity
#SsohweForYourDailyLife
#Like&Share