Miley နဲ့ Liam တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက မင်္ဂလာပွဲတိတ်တဆိတ် ပြုလုပ်ခဲ့ကြပြီး အခုချိန်မှာတော့ နှစ်ဦးသားသဘောတူ ကွာရှင်းပြတ်စဲကြတော့မယ်ဆိုပြီး သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။
Miley နဲ့ Liam တို့ ကွဲကွာနေခဲ့တယ်ဆိုတာ လနဲ့ချီကြာနေပြီဖြစ်သော်လည်း အဆိုတော် Miley အနေနဲ့ Liam နဲ့ တရားဝင်ကွားရှင်းပြတ်စဲဖို့ အစီအစဉ်မရှိဘူးဆိုပြီး ခိုင်လုံတဲ့သတင်းတွေအရ သိရှိရပါတယ်။ “ သူတို့နှစ်ဦးစလုံး အခုချိန်မှာတော့ တစ်ကွဲတစ်ပြားစီ နေနကြပြီပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နှစ်ဦးအကြား သဘောထားချင်းမတိုက်ဆိုင်တာတွေ များပြားလာလို့ပဲဖြစ်ပါတယ် . . . ” ဆိုပြီး Miley နဲ့ နီးစပ်သူတစ်ဦးမှ PEOPLE Magazine သို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ အခုလိုခွဲပြီးနေဖို့အတွက် နှစ်ဦးသား သဘောတူခဲ့ကြခြင်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦး အခုလိုခွဲနေတာကိုတော့ ကွာရှင်းပြတ်စဲတယ်လို့ သတ်မှတ်လို့မရပါဘူး။ သူတို့နှစ်ဦးလုံးက အရင်တုန်းကလည်း အခုလိုအခြေအနေတင်းမာတာမျိုးတွေ ရှိခဲ့ဖူးပါတယ် . . . ” ဆိုပြီး အဆိုပါနီးစပ်သူတစ်ဦးမှ ထပ်လောင်းပြောဆိုခဲ့ပါတယ်။
Source ~ PEOPLE Magazine
#ST(Soshwe)
#SoshweCelebrities
#SoshweForyourDailyLife
#Like&Share