ခရီးထွက်တာကို ကြိုက်နှစ်သက်တွေအနေနဲ့ ဘယ်လိုနေရာမျိုးကို ခရီးထွက်ရမလဲ ? ? ? ဘယ်လိုနေရာမျိုးက စိတ်ဝင်စားဖို့ကောင်းလဲ ? ? ? ဘယ်လိုနေရာမျိုးမှာ ဘယ်လိုအစားအသောက်တွေ ရရှိနိုင်လဲ စသဖြင့် ရွေးချယ်ရခက်နေတတ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း အလွန်တရာမှ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ နေရာပေါင်းမြောက်မြားစွာထဲမှ ခရီးသည်အမြောက်အမြား သွားရောက်လည်ပတ်ဖို့ ထောက်ခံပေးထားတဲ့ နေရာကောင်းများကို Soshwe ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
၁။ Alesund, Norway
Alesund မှာရှိတဲ့လူတွေဟာ အလွန်တရာမှ ဖော်ရွေဖို့ကောင်းပြီး တွေ့မြင်ရတဲ့မြင်ကွင်းတွေဟာလည်း အလွန်ပဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။
၂။ Bruges, Belgium
ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးနဲ့ ထူးခြားဆန်းပြားတဲ့မြို့လေးတစ်မြို့လို့ ပြောလို့ရပါတယ်။
၃။ Bilbao, Spain
စပိန်မြောက််ဖက်စွန်းမှာ အလှဆုံးမြို့တစ်မြို့ဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဗိသုကာလက်ရာတွေကိုလည်း တွေ့မြင်ခံစားရမှာပါ။
၄။ Luthuania
အလွန်သေးငယ်တဲ့ နိုင်ငံလေးတစ်နိုင်ငံဖြစ်ပြီး သွားရောက်လည်ပတ်သူတိုင်းကို ခံစားမှုရသတစ်မျိုး ပေးစွမ်းနိုင်ပါတယ်။ ဘီယာကောင်းကောင်း ကြိုက်နှစ်သက်သူတွေနဲ့ ပွဲလမ်းသဘင်တွေ၊ ဖျော်ဖြေရေးပွဲတွေ ကြိုက်နှစ်သက်သူတွေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်နေရာဖြစ်ပါတယ်။
၅။ Alentejo, Portugal
တကယ်လို့သင်ဟာ တိတ်ဆိတ်ငြိမ်သက်တာကို ကြိုက်နှစ်သက်သူဆိုရင်တော့ Alentejo ကို သွားရောက်လည်ပတ်သင့်ပါတယ်။ ရောမလူမျိုးတွေရဲ့ အပျက်အစီးတွေလက်ရာတွေ၊ ဘုရားရှိခိုးကျောင်းအဟောင်းတွေ၊ အာဖရိကလူမျိုးတွေရဲ့ ဗိသုကာလက်ရာတွေကို တွေ့မြင်ခံစားရမှာပါ။
၆။ Belgrade, Serbia
တကယ်လို့သင်ဟာ အကုန်အကျနည်းနည်းနည်းနဲ့ အတွေ့အကြုံအသစ်တွေကို တွေ့ကြုံ ခံစားချင်တယ်ဆိုရင်တော့ ဆားဘီးယားနိုင်ငံကတော့ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနေတစ်ခု ဖြစ်မှာပါ။ အသီးအနှံတွေ ပေါကြွယ်ဝခြင်း၊ အစားအသောက်ကောင်းတွေကို စျေးသက်သက်သာသာနဲ့ ရရှိနိုင်ခြင်း၊ ညဖက်တွေမှာလည်း ပွဲလမ်းသဘင်တွေ များပြားခြင်း စတဲ့အချက်တွေကလည်း သွားရောက်လည်ပတ်သူတွေကို ဆွဲဆောင်လျက်ရှိပါတယ်။
၇။ Alaska
တကယ်လို့ သင့်အနေနဲ့ အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ သဘာဝရှုခင်းတွေကို ခံစားချင်တယ်ဆိုရင်တော့ Alaska ကို သွာေးရာက်လည်ပတ်သင့်ပါတယ်။
၈။ Tromso, Norway
တကယ်လို့သင့်အနေနဲ့ ကမ္ဘာ့မြောက်ဖက်စွန်းက အလိုအလျောက်ဖြစ်ပေါ်နေတဲ့ အလင်းတန်းကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ အကုန်အကျနည်းတဲ့ Tromso မြို့လေးကို သွားရောက်လည်ပတ်ဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။
၉။ Guatemala
အလွှန်လှပတဲ့ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေပြီး တောတောင် သဘာဝရှုခင်းတွေကို အပြည့်အဝခံစားချင်သူတွေအနေနဲ့ သွားရောက်လည်ပတ်သင့်တဲ့ နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။
၁၀။ Rugove, Kosovo
အပျော်တမ်းတောင်တက်ရတာကို ကြိုက်နှစ်သက်သူတွေအနေနဲ့ သွားရောက်လည်ပတ်သင့်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သဘာဝအလှတရားကြီးကို တောင်ပေါ်ကနေ တဝကြီး ခံစားနိုင်မှာပါ။ နောက်ပြီိး တောင်ကျရေတွေဟာလည်း အလွန်ကို သန့်ရှင်းပြီး အေးစက်ကာ တောင်တက်ဝါသနာပါသူတွေကို အပြည့်အဝဆွဲဆောင်လျက် ရှိပါတယ်။
<Unicode Version>
ကမ္ဘာအနှံ့ ခရီးလှည့်လည်သွားလာနေသူများမှ ထောက်ခံပေးထားတဲ့ သွားရောက်လည်ပတ်သင့်သော နေရာကောင်းများ။
၁။ Alesund, Norway
၂။ Bruges, Belgium
၃။ Bilbao, Spain
စပိန်မြောက်ဖက်စွန်းမှာ အလှဆုံးမြို့တစ်မြို့ဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဗိသုကာလက်ရာတွေကိုလည်း တွေ့မြင်ခံစားရမှာပါ။
၎။ Luthuania
၅။ Alentejo, Portugal
၆။ Belgrade, Serbia
၇။ Alaska
၈။ Tromso, Norway
၉။ Guatemala
၁၀။ Rugove, Kosovo
<Zawgyi Version>
#SoshweTravel
#SoshweForYourDailyLife
#Like&Share