လွန်ခဲ့တဲ့အပတ်တုန်းက Kylie Jenner တစ်ယောက် သူမရဲ့ခင်မင်သူတစ်ချို့နဲ့ အီတလီမှာမွေးနေ့ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
https://www.instagram.com/p/B1COjbtHxKu/?utm_source=ig_embed
ဒေါ်လာ သန်း ၂၅၀ ကျော် အသုံးပြုပြီး အပျော်စီးသဘောင်္ငှားရမ်းကာ အမာလ်ဖီကမ်းရိုးတန်းတစ်လျှောက် ရွက်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ မွေးနေ့လက်ဆောင်အနေနဲ့ သူမရဲ့ချစ်သူဆီက စိန်လည်ဆွဲကို ရရှိခဲ့ပြီး ငါးရက်တိတိ သူမရဲ့ သာယာကြည်နူးဖွယ် မွေးနေ့ပွဲကို ဆင်နွှဲရင်း အကောင်းဆုံး ဖြတ်သန်းခဲ့ပါတယ်။
Kylie Jenner မှ သူမရဲ့မွေးနေ့ပွဲမကျင်းပမီ ၂၂ နှစ်ပြည့် မွေ့နေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်ထားတဲ့ ပန်းတွေနဲ့အလှဆင်ထားတဲ့ပုံကို အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။ Kylie Jenner ဟာ အောင်မြင်ကျော်ကြားတဲ့ ဘီလျံနာ စူပါမော်ဒယ်ဖြစ်တာနဲ့အညီ မိသားစုဝင်တွေ၊ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဆီကနေ မွေးနေ့ဆုတောင်းပို့စ်တွေကို ရရှိခဲ့ပါတယ်။
https://www.instagram.com/p/B1AlM5rhS8S/?utm_source=ig_embed
https://www.instagram.com/p/B0_hdlxgswX/?utm_source=ig_embed
အမေဖြစ်သူ Kris Jenner မှလည်း သူမရဲ့ အမေအနေနဲ့ အလွန်ပဲ ဝမ်းသာပီတိဖြစ်ကာ ပျော်ရွှင်ရပါတယ်ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
https://www.instagram.com/p/B0_BwckpUbF/?utm_source=ig_embed
သို့ပေမယ့် Kaitlyn Jenner ရဲ့ မွေးနေ့ဆုတောင်းပို့စ်ကတော့ လွဲချော်မှုကြီးတစ်ခု ဖြစ်ခဲ့ရပါတယ်။ အဲ့ဒါကတော့ Kylie ရဲ့ မွေးနေ့ကို Kendall ရဲ့ ဓာတ်ပုံတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့လို့ပဲဖြစ်ပါတယ်။
Source ~ Buzzfeed
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share