HomeEntertainmentအသစ်ထွက်ရှိလာမယ့် Spider Man ဇာတ်ကားများတွင် အသစ်ပါဝင်လာမယ့် ဇာတ်ကောင်တွေက ဘယ်သူတွေဖြစ်မလဲ ? ? ?

အသစ်ထွက်ရှိလာမယ့် Spider Man ဇာတ်ကားများတွင် အသစ်ပါဝင်လာမယ့် ဇာတ်ကောင်တွေက ဘယ်သူတွေဖြစ်မလဲ ? ? ?

- Advertisement -

Marvel ရုပ်ရှင်ထုတ်လုပ်ရေးမှ နောက်ပိုင်းအသစ်ထွက်ရှိလာမယ့် Spider Man ရုပ်ရှင်ဇာတ်ကားတွေမှာ Spider Man နဲ့အတူ Wolverine နဲ့ Deadpool တို့ကိုပါ ထည့်သွင်းချင်တဲ့အကြောင်း အရိပ်အမြွက်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စူပါဟီးရိုး ၃ ယောက်ကို ပူးတွဲရိုက်ကူးမယ့် အစီအစဉ်ဟာ သေချာသလောက်ရှိတယ်ဆိုပြီး We Got This Website ရဲ့ ခိုင်လုံတဲ့သတင်းများအရ သိရှိရပါတယ်။ လက်တလောထွက်ရှိထားတဲ့ သတင်းတွေအရ Tom Holland ဟာ Spider Man ဇာတ်ကား (၉) ကားအထိ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရှိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Spider Man ဇာတ်ကားတွေမှာ အခြားစူပါဟီးရိုးတွေကိုပါ ထည့်သွင်းရိုက်ကူးသွားမယ်ဆိုတဲ့ ကောလဟာလသတင်းတွေဟာ အခြေအမြစ်ရှိတယ်ဆိုတာ သုံးသပ်လို့ရပါတယ်။ သို့ပေမယ့်လည်း အဆိုပါပူးပေါင်းမှုဟာ ဘယ်လိုအချိန်မှာဖြစ်လာနိုင်တယ်ဆိုပြီးတော့ အရိပ်အမြွက်ပြောဆိုထားခြင်းမရှိသေးပါဘူး။

Spider Man ဇာတ်ကောင်ဟာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေပြီး Wolverine ဇာတ်ကောင်ကတော့ နာကျင်မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်ကောင်ပဲဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ မင်းသားကြီး Hugh Jackman ဟာ Wolverine ဇာတ်ကောင်အဖြစ်ကနေ အနားယူသွားပြီဖြစ်သော်လည်း Wolverine ဇာတ်ကောင်အဖြစ် မည်သည့်သရုပ်ဆောင် ဝင်ရောက်သရုပ်ဆောင်သည်ပဲဖြစ်စေ Spider Man ဇာတ်ကားတွေဟာ မဖြစ်မနေ ကြည့်ရှုရမယ့် ဇာတ်ကားတွေဖြစ်လာမယ်ဆိုတာ ကျိန်းသေပေါက်ပြောရဲပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 





<Zawgyi Version>

 

Source ~ LADbible

- Advertisement -

#ST(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

12 − nine =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...