HomeOtherAnimalsငါးမန်းတွေဟာ သွေးနံ့ကို အမှန်တကယ် အနံ့ခံနိုင်စွမ်းရှိ/မရှိ လက်တွေ့စမ်းသပ်ပြခဲ့တဲ့ Blogger (ဗီဒီယိုနဲ့တကွ)

ငါးမန်းတွေဟာ သွေးနံ့ကို အမှန်တကယ် အနံ့ခံနိုင်စွမ်းရှိ/မရှိ လက်တွေ့စမ်းသပ်ပြခဲ့တဲ့ Blogger (ဗီဒီယိုနဲ့တကွ)

- Advertisement -

ငါးမန်းတွေဟာ သွေးအနံ့ကို တစ်မိုင်အကွာအဝေးကနေတောင် အနံ့ခံနိုင်ပြီး လူတွေကို တိုက်ခိုက်တာမျိုး ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ တွေ့မြင်ဖူးကြမှာပါ။ တကယ့်လက်တွေ့မှာကော အဲ့လိုပဲလား ? ? ? ဒါကို ဘယ်လိုသက်သေပြမလဲ ? ? ?

ဒီတစ်ခါမှာတော့ YouTube မှာ Video Blog လေးတွေတင်လေးရှိတဲ့ YouTuber တစ်ယောက်မှ လက်တွေ့စမ်းသပ်လုပ်ဆောင်ခဲ့ပြီး ရရှိလာတဲ့အဖြေဟာလည်း အလွန်ပင်အ့ံအားသင့်ဖွယ်ကောင်းပါတယ်။ Mark Rober လို့ခေါ်တဲ့ YouTuber ဟာ ယခုလိုအငြင်းပွားဖွယ်ရာကိစ္စရပ်ကို ဘဟားမား သမုဒ္ဒရာအလယ်တည့်တည့်မှာ ကိုယ်တိုင်စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။

- Advertisement -

သူတို့အနေနဲ့ ပထမဦးဆုံးစမ်းသပ်တာကတော့ အခြား အနံ့အရသာတွေ ရောထွေးပါဝင်နေတဲ့သွေးကို ငါးမန်းတွေအနေနဲ့ ကြိုက်နှစ်သက်မှုရှိ၊ မရှိကို စတင်စမ်းသပ်ခဲ့ပါတယ်။ Mark နဲ့အဖွဲ့ဟာ ငါးအဆီ၊ နွားသွေး၊ ပင်လယ်ရေနဲ့ ကျင်ငယ်ရည်တို့ကို သပ်သပ်တစ်အိတ်စီထည့်ကာ ရေလွှာလျှောစီးတဲ့ဘုတ်တွေကိုယ်စီနဲ့ အဆိုပါ အိတ်လေးအိတ်ကို မတူညီတဲ့လမ်းကြောင်းတွေကိုသွားရင်း သမုဒ္ဒရာထဲသို့တဖြည်းဖြည်းစီးဝင်စေကာ ဘယ်အရာက ဘယ်လိုရေသတ္တဝါတွေကို ဆွဲဆောင်မှုရှိလဲဆိုတာ သိရှိဖို့အတွက် စမ်းသပ်ခဲ့ကြပါတယ်။ အစပိုင်း မိနစ် (၄၀) လောက်အထိ နွားသွေးဟာ ငါးမန်းတွေကို ဆွဲဆောင်မှုမရှိတဲ့အကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကျန်တဲ့ ငါးအဆီ၊ ပင်လယ်ရေနဲ့ ကျင်ငယ်ရည်တို့ကိုတော့ အနည်းငယ်တုံ့ပြန်တာမျိုး တွေ့ရှိခဲ့ရပါတယ်။

- Advertisement -

- Advertisement -


ဆက်လက်ပြီး စမ်းသပ်မှုနောက်တစ်ဆင့်အနေနဲ့ ငါးမန်းတွေဟာ လူသွေးကိုကော ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာသိရှိနိုုင်ဖို့ စတင်စမ်းသပ်ပါတယ်။ ရေလွှာလျှောစီးဘုတ် (၃) စီးကို အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်ပြီး ပထမတစ်စီးတွင် တစ်မိနစ်လျှင် သွေးတစ်စက်နှုန်း၊ နောက်တစ်စီးကို ၄ စက္ကန့်ကြာတိုင်း သွေးတစ်စက်နှုန်းနဲ့ နောက်ဆုံးတစ်စီးကို ဗလာသက်သက် မတူညီတဲ့လမ်းကြောင်းတွေကို မောင်းနှင်စေခဲ့ပါတယ်။ စိတ်ဝင်စားဖွယ် တွေ့ရှိရတာကတော့ ငါးမန်းတွေအနေနဲ့ ဘုတ် (၃)စီးကို အန္တရာယ်ပြုလုပ်ခဲ့ခြင်း လုံးဝမရှိပါဘူး။ “ ကျွန်တော့်အထင်ပြောရမယ်ဆိုရင် ငါးမန်းတွေပေါများလွန်းလှတဲ့ သမုဒ္ဒရာထဲမှာတောင် တစ်မိနစ်အတွင်း လူသွေး ၁၅ စက်လောက်ကျခဲ့တာတောင်မှ မည်သည့်တုံပြန်မှုမျိုးမျှ မတွေ့ရတဲ့အတွက် အန္တရာယ်ကင်းတယ်လို့ ယူဆလို့ရပါတယ်။ သွေးစက်တွေတိုင်းက တစ်မိုင်အတွင်းမှာရှိတဲ့ ငါးမန်းတွေဆီကနေ ခက်ထန်ကြမ်းတမ်းတဲ့ အပြုအမူမျိုး မတွေ့ရပါဘူး။ နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ သွေးအနည်းငယ်လောက်က ငါးမန်းတွေကို အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ သတ္တဝါဆိုးကြီးတွေအဖြစ် မပြောင်းလဲစေနိုင်ပါဘူး။ တကယ်လို့ သွေးအများကြီးဆိုရင်တော့ ဖြစ်နိုင်ပါတယ် . . . ” ဆိုပြီး သူ့ရဲ့လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက်ပိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

<Unicode Version>

 

 

ငါးမန္းေတြဟာ ေသြးနံ႕ကို အမွန္တကယ္ အနံ႕ခံႏိုင္စြမ္းရွိ/မရွိ လက္ေတြ႕စမ္းသပ္ျပခ့ဲတ့ဲ Blogger (ဗီဒီယိုနဲ႕တကြ)

ငါးမန္းေတြဟာ ေသြးအနံ႕ကို တစ္မိုင္အကြာအေဝးကေနေတာင္ အနံ႕ခံႏိုင္ၿပီး လူေတြကို တိုက္ခိုက္တာမ်ိဳး ရုပ္ရွင္ဇာတ္လမ္းေတြထဲမွာ ေတြ႕ျမင္ဖူးၾကမွာပါ။ တကယ့္လက္ေတြ႕မွာေကာ အ့ဲလိုပဲလား ? ? ? ဒါကို ဘယ္လိုသက္ေသျပမလဲ ? ? ?

ဒီတစ္ခါမွာေတာ့ YouTube မွာ Video Blog ေလးေတြတင္ေလးရွိတ့ဲ YouTuber တစ္ေယာက္မွ လက္ေတြ႕စမ္းသပ္လုပ္ေဆာင္ခ့ဲၿပီး ရရွိလာတ့ဲအေျဖဟာလည္း အလြန္ပင္အ့ံအားသင့္ဖြယ္ေကာင္းပါတယ္။ Mark Rober လို႔ေခၚတ့ဲ YouTuber ဟာ ယခုလိုအျငင္းပြားဖြယ္ရာကိစၥရပ္ကို ဘဟားမား သမုဒၵရာအလယ္တည့္တည့္မွာ ကိုယ္တိုင္စမ္းသပ္ျပဳလုပ္ခ့ဲပါတယ္။

သူတို႕အေနနဲ႕ ပထမဦးဆုံးစမ္းသပ္တာကေတာ့ အျခား အနံ႕အရသာေတြ  ေရာေထြးပါဝင္ေနတ့ဲေသြးကို ငါးမန္းေတြအေနနဲ႕ ႀကိဳက္ႏွစ္သက္မႈရွိ၊ မရွိကို စတင္စမ္းသပ္ခ့ဲပါတယ္။ Mark နဲ႕အဖြဲ႕ဟာ ငါးအဆီ၊ ႏြားေသြး၊ ပင္လယ္ေရနဲ႕ က်င္ငယ္ရည္တို႕ကို သပ္သပ္တစ္အိတ္စီထည့္ကာ ေရလႊာေလွ်ာစီးတ့ဲ ဘုတ္ေတြကိုယ္စီနဲ႕ အဆိုပါ အိတ္ေလးအိတ္ကို မတူညီတ့ဲလမ္းေၾကာင္းေတြကိုသြားရင္း သမုဒၵရာထဲသို႕တျဖည္းျဖည္းစီးဝင္ေစကာ ဘယ္အရာက ဘယ္လိုေရသတၱဝါေတြကို ဆြဲေဆာင္မႈရွိလဲဆိုတာ သိရွိဖို႕အတြက္ စမ္းသပ္ခ့ဲၾကပါတယ္။ အစပိုင္း မိနစ္ (၄၀) ေလာက္အထိ ႏြားေသြးဟာ ငါးမန္းေတြကို ဆြဲေဆာင္မႈမရွိတ့ဲအေၾကာင္း ေတြ႕ရွိခ့ဲရပါတယ္။ က်န္တ့ဲ ငါးအဆီ၊ ပင္လယ္ေရနဲ႕ က်င္ငယ္ရည္တို႕ကိုေတာ့ အနည္းငယ္တုံ႕ျပန္တာမ်ိဳး ေတြ႕ရွိခ့ဲရပါတယ္။

 

ဆက္လက္ၿပီး စမ္းသပ္မႈေနာက္တစ္ဆင့္အေနနဲ႕ ငါးမန္းေတြဟာ လူေသြးကိုေကာ ဘယ္လိုမ်ိဳးတုံ႕ျပန္မလဲဆိုတာသိရွိႏုိုင္ဖို႕ စတင္စမ္းသပ္ပါတယ္။ ေရလႊာေလွ်ာစီးဘုတ္ (၃) စီးကို အေဝးထိန္းခလုတ္နဲ႕ ထိန္းခ်ဳပ္ၿပီး ပထမတစ္စီးတြင္ တစ္မိနစ္လွ်င္ ေသြးတစ္စက္ႏႈန္း၊ ေနာက္တစ္စီးကို ၄ စကၠန္႕ၾကာတိုင္း ေသြးတစ္စက္ႏႈန္းနဲ႕ ေနာက္ဆုံးတစ္စီးကို ဗလာသက္သက္ မတူညီတ့ဲလမ္းေၾကာင္းေတြကို  ေမာင္းႏွင္ေစခ့ဲပါတယ္။ စိတ္ဝင္စားဖြယ္ ေတြ႕ရွိရတာကေတာ့ ငါးမန္းေတြအေနနဲ႕ ဘုတ္ (၃)စီးကို အႏၱရာယ္ျပဳလုပ္ခ့ဲျခင္း လုံးဝမရွိပါဘူး။ “ ကၽြန္ေတာ့္အထင္ေျပာရမယ္ဆိုရင္ ငါးမန္းေတြေပါမ်ားလြန္းလွတ့ဲ သမုဒၵရာထဲမွာေတာင္ တစ္မိနစ္အတြင္း လူေသြး ၁၅ စက္ေလာက္က်ခ့ဲတာေတာင္မွ မည္သည့္တုံျပန္မႈမ်ိဳးမွ် မေတြ႕ရတ့ဲအတြက္ အႏၱရာယ္ကင္းတယ္လို႕ ယူဆလို႕ရပါတယ္။ ေသြးစက္ေတြတိုင္းက တစ္မိုင္အတြင္းမွာရွိတ့ဲ ငါးမန္းေတြဆီကေန ခက္ထန္ၾကမ္းတမ္းတ့ဲ အျပဳအမူမ်ိဳး မေတြ႕ရပါဘူး။ ေနာက္ဆုံးအေနနဲ႕  ေျပာရမယ္ဆိုရင္ေတာ့ ေသြးအနည္းငယ္ေလာက္က ငါးမန္းေတြကို အႏၱရာယ္ျဖစ္ေစႏိုင္ေလာက္တ့ဲ သတၱဝါဆိုးႀကီးေတြအျဖစ္ မေျပာင္းလဲေစႏိုင္ပါဘူး။ တကယ္လို႕ ေသြးအမ်ားႀကီးဆိုရင္ေတာ့ ျဖစ္ႏိုင္ပါတယ္ . . . ” ဆိုၿပီး သူ႕ရဲ႕ေလ့လာစမ္းသပ္မႈေတြ ျပဳလုပ္ၿပီးေနာက္ပိုင္း ထုတ္ေဖာ္ေျပာၾကားခ့ဲျခင္းျဖစ္ပါတယ္။

<Zawgyi Version>

 

#SoshweAnimals

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read