HomeSportကမ္ဘာ့တန်ဖိုးအကြီးဆုံး အားကစားသမားများစာရင်းတွင် နံပါတ် (၅) နေရာကို ရောက်ရှိလာတဲ့ UFC စတား Conor McGregor

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အားကစားသမားများစာရင်းတွင် နံပါတ် (၅) နေရာကို ရောက်ရှိလာတဲ့ UFC စတား Conor McGregor

- Advertisement -

Conor McGregor အတွက် သတင်းကောင်းတစ်ခုလို့ပဲ ပြောရပါလိမ့်မယ်။ သူဟာ MMA လက်ဝှေ့သမားတွေထဲမှာ အကောင်းဆုံးတစ်ယောက်ဖြစ်ရုံသာမက တစ်ကမ္ဘာလုံးကလည်း ကြိုက်နှစ်သက် အားပေးတဲ့ လက်ဝှေ့သမားတစ်ယောက်လည်ုးဖြစ်ပါတယ်။ Forbes Magazine ရဲ့ ဆိုရှယ်မီဒီယာများမှ  ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ UFC စတား Conor ဟာ တစ်ကမ္ဘာလုံးမှ တန်ဖိုးအရှိဆုံး အားကစားသမားများစာရင်းတွင် နံပါတ် (၅) အဖြစ် ရပ်တည်နေတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Khabib နဲ့ထိုးသတ်ခဲ့တဲ့ပွဲစဉ်အပြီး Conor တစ်ယောက် MMA လက်ဝှေ့လောကမှ အနားယူခဲ့ပါတယ်။

- Advertisement -

UFC ချန်ပီယံဟောင်းဖြစ်သူ Conor မှာ အဆိုပါနေရာကို ကမ္ဘာကျော်ဘောလုံးသမားတွေကို  ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ Gregor တစ်ယောက်ဟာ ကစားသမားဘဝတစ်လျှောက် ကြီးကြီးကျယ်ကျယ် အောင်မြင်မှုရရှိခဲ့ခြင်းမျိုးမရှိဘဲ လူကြိုက်များတဲ့အချက်တစ်ချက်တည်းနဲ့ အဆိုပါနေရာကို ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ နံပါတ်တစ် နေရာမှာ ရပ်တည်နေတာကတော့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုပေါင်း ၈၀၀ မီလီယမ်ကျော်ရရှိခဲ့တဲ့ ဂျူဗင်တပ်စ်စတား Cristiano Ronaldo ဖြစ်ပြီး ဒုတိယနေရာမှာတော့ ဘာစီလိုနာကြယ်ပွင့် မက်ဆီက ရပ်တည်နေပါတယ်။ နံပါတ် (၃) နေရာမှာတော့ ဘရာဇီးကြယ်ပွင့် နေမာက ပရိသတ်တွေရဲ့ ထောက်ခံမှုမဲပေါင်း ၂၈၉ မီလီယမ်ဖြင့် ရပ်တည်နေပြီး နံပါတ် (၄) နေရာမှာတော့ ၁၆၇.၆ မီလီယမ်ဖြင့် Kylian Mbappe မှ စတုတ္ထနေရာကနေ အသီးသီးရပ်တည်လျက်ရှိပါတယ်။ သို့သော်လည်းပဲ McGregor တစ်ယောက် အခုလိုနေရာမျိုးကို  ရောက်ရှိလာတာဟာ သူ့ရဲ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုတွေကြောင့်လည်းဖြစ်ပါတယ်။

- Advertisement -

- Advertisement -

သိပ်မကြာသေးခင်ကပဲ ကျူးဘား – အမေရိကန် လက်ဝှေ့သမား Jorge Masvidal က “ ကျွန်တော် Conor ကို အလိုရှိပါတယ်။ ဘာလို့လဲဆိုတော့ သူ့မျက်နှာကို စုတ်ပြတ်သက်အောင် ထိုးချင်လို့ပဲ . . . ” ဆိုပြီး စိန်ခေါ်ပြောကြားခဲ့ပါတယ်။ အဆိုပါစိန်ခေါ်မှုနဲ့ပက်သက်ပြီး Conor McGregor မှ တစ်စုံတစ်ရာတုံ့ပြန်ခြင်းမျိုး  ပြုလုပ်ခဲ့ခြင်းမရှိဘဲ Gregor တစ်ယောက် ကြိုးဝိုင်းထဲ ပြန်ဝင်မလား၊ မဝင်ဘူးလားဆိုတာကိုတော့  စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

 

Source ~ LADbible

#ST(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read