HomeSportPaul Pogba ကိုခေါ်ယူရန် Real Madrid ရဲ့ ကမ်းလှမ်းမှုကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ယူနိုက်တက်အသင်းနည်းပြကြီး အိုလေး။

Paul Pogba ကိုခေါ်ယူရန် Real Madrid ရဲ့ ကမ်းလှမ်းမှုကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ယူနိုက်တက်အသင်းနည်းပြကြီး အိုလေး။

- Advertisement -

ယူနိုက်တက်အသင်းမှထွက်ခွာချင်တဲ့အကြောင်း Paul Pogba မှ ဒီနှစ်အစောပိုင်းကတည်းက သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ပြီးသားဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့နည်းပြဖြစ်သူ အိုလေးမှ ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းရဲ့ Pogba ကို ယူနိုက်တက်အသင်း၌ အခြေအနေမတည်ငြိမ်အောင် ပြုလုပ်နေတဲ့အပေါ် အလွန် စိတ်ဆိုးဒေါသဖြစ်နေရပါတယ်။

ပေါ့ဘာတစ်ယောက် ယူနိုက်တက်အသင်းမှထွက်ခွာဖို့ စိတ်အားထက်သန်နေတဲ့အကြောင်းကို ဒီနှစ်နွေရာသီအစောပိုင်းတုန်းက ထုတ်ဖော်ပြောကြားထားခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းမှလည်း ဘာနေဗြူးသို့ခေါ်ယူနိုင်ဖို့အတွက် စိတ်ဝင်စားလျက်ရှိပါတယ်။ ဂျူဗင်တပ်စ်အသင်းမှလည်း ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာကိုခေါ်ယူစာချုပ်ချုပ်နိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါတယ်။ ရီးရဲနည်းပြကြီးဇီဒန်းမှာ ပေါ့ဘာကို အလွန်နှစ်သက်သူတစ်ယောက်ဖြစ်ပြီိး “ ပေါ့ဘာက ရီးရဲမက်ဒရစ်ကို ကြိုက်တယ်ဆိုပြီး အမြဲပြောလေ့ရှိသူတစ်ယောက်ပါ . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ အဆိုပါကိစ္စရပ်ဟာ ယူနိုက်တက်နည်းပြကြီးအိုလေးကို အကြီးအကျယ်ဒေါသဖြစ်စေကာ ပေါ့ဘာကို အသင်းထဲမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ခက်ခဲစေခဲ့ပါတယ်။ ပရီးမီးယားလီးဂ် အပြောင်းအရွှေ့ကာလဟာ ပြီးဆုံးသွားပြီဖြစ်သော်လည်း အသင်းတွေအနေနဲ့ ကစားသမားအပြောင်းအရွှေ့ကိုတော့ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ဒီတစ်ခေါက်အပြောင်းအရွှေ့ကာလမှာ ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ပြီး ဟာဇက်၊ လူကာဂျိုဗစ်၊ အီဒါမီလီတို၊ ဖာလန်မန်ဒီနဲ့ ရိုဒရီဂိုတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

- Advertisement -

 

Source ~ Mirror

- Advertisement -

#ST(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

five × one =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...