HomeEntertainmentမွေးနေ့ပွဲအကြီးအကျယ်ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ Kylie Jenner

မွေးနေ့ပွဲအကြီးအကျယ်ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ Kylie Jenner

- Advertisement -

အသက်အငယ်ဆုံး ဘီလျံနာအဖြစ် သတ်မှတ်ခံထားရတဲ့ Kylie Jenner ဟာ သြဂုတ်လ ၁၀ ရက်နေ့ဆိုရင် အသက် ၂၂ နှစ်ပြည့်တော့မှာဖြစ်တဲ့အတွက်ကြောင့် သူမရဲ့မွေးနေ့ပွဲကို အကြီးအကျယ်ကျင်းပဖို့ စတင်ပြင်ဆင်နေပါတယ်။

Kylie ဟာ သူမရဲ့ ၂၂ နှစ်ပြည့်မွေးနေ့ကို ပေါင်သန်း ၂၀၀ ကျော်တန်ဖိုးရှိ ဇိမ်ခံရွက်လှေပေါ်မှာ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ Kylie မှ သူမရဲ့မွေးနေ့ကို နီးစပ်တဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေနဲ့အတူ အဆိုပါဇိမ်ခံရွက်လှေပေါ်မှာ ရွက်လွှင့်ရင်းကျင်းပပြုလုပ်ဖို့အတွက် စီစဉ်လျက်ရှိပါတယ်။ အဆိုပါ ၉၂ မီတာရှည်လျားတဲ့ ရွက်လှေကြီးပေါ်မှာတွင် ဟက်လီကော်ပတာရပ်နားရန်နေရာ၊ ရုပ်ရှင်ရုံ၊ ရေနွေးရေချိုးကန်၊ ရေကူးကန်၊ အလှပြင်ခန်းမနဲ့ အခြားဇိမ်ခံပစ္စည်းအစုံအလင် ပါဝင်ပါတယ်။

အဆိုပါ ဇိမ်ခံရွက်လှေကြီးတွင် လူ ၂၂ ဦး အိပ်စက်အနားယူနိုင်တဲ့ အခန်း ၁၀ ခန်း ပါဝင်ပါတယ်။ ဆက်လက်ပြီး အဆိုပါဇိမ်ခံရွက်လှေကြီးရဲ့ ဓာတ်ပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

- Advertisement -

၁။       ၂၂ နှစ်ပြည့်မွေးနေ့ကို အခမ်းနားဆုံးကျင်းပနိုင်ဖို့ ပြင်ဆင်နေတဲ့ Kylie Jenner

- Advertisement -

 

၂။       ၉၂ မီတာရှည်လျားတဲ့ ရွက်လှေကြီးကို အပေါ်စီးမှ တွေ့မြင်ရပုံ။

 

၃။       ရေအောက်ထဲကနေ မီးရောင်စုံတို့ဖြင့် ပြုလုပ်ထားတဲ့ ဇိမ်ခံ ရေကူးကန်။

 

၎။       အဆိုပါရေကူးကန်ကို သန့်ရှင်းရေးပြုလုပ်ဖို့အတွက် တစ်ပတ်ကို ဒေါ်လာ ၁ သန်းကျော် ကုန်ကျပါတယ်။

- Advertisement -

 

၅။       အပြင်ဖက်မှာ စကားစမြည်ပြောရင်း အေးအေးလူလူ ထိုင်သောက်လို့ရတဲ့ Bar Counter

 

၆။       ဇိမ်ခံရွက်လှေအတွင်းပါရှိတဲ့ အိပ်ခန်းတစ်ခန်းထဲမှ မြင်ကွင်း။

 

၇။       VIP အခန်းတစ်ခန်းမြင်ကွင်း။

 

Source ~ Mirror

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

16 + 20 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...